
ယူနိုက်တက်အသင်းရဲ့အနေအထားကတော့ အများကြီးပြောစရာမရှိတော့ပါဘူး။
လီဗာပူးလ်ကို ဂိုးပြတ်ရှုံးပြီးကတည်းက နည်းပြထိုင်ခုံပေါ်မှာမရှိသင့်တော့တဲ့
ဆိုးလ်ရှားကို အချိန်ပေးစောင့်ကြည့်ဖို့ တာဝန်ရှိသူတွေ ဆုံးဖြတ်ခဲ့တာက
အခုလို အဖြစ်ဆိုးတွေနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတာပါပဲ။ ဆိုးလ်ရှားဟာ
ဘာမှအရည်အချင်းမရှိသလို၊ ကိုယ့်အသင်းက,ကစားသမားတွေကို
Motivate လုပ်ပေးနိုင်တဲ့နည်းပြတစ်ယောက်လည်းမဟုတ်တဲ့အတွက်
အသင်းစွမ်းဆောင်ရည်ကျဆင်းလာချိန်မှာ သူ့ရဲ့အရည်အသွေးက ရှင်းရှင်း
လင်းလင်းကို ပေါ်လာပါတော့တယ်။
ဒါပေမဲ့ ဒီလိုနည်းပြတစ်ယောက်ကို ယူနိုက်တက်လိုအသင်းမျိုးရဲ့နည်းပြထိုင်ခုံမှာ
ဆက်ထားတာက ဆိုးလ်ရှားရဲ့အပြစ်မဟုတ်တော့ဘဲ သူ့ကိုအမြဲထောက်ခံနေတဲ့
အသင်းပိုင်ရှင်တွေနဲ့တာဝန်ရှိသူတွေကိုပဲ လက်ညိုးထိုးအပြစ်တင်ရမှာပါ။ အိမ်ကွင်းမှာပဲ
လီဗာပူးလ်ကို (၅-၀)ဂိုးပြတ်ရှုံးထားတဲ့အသင်း၊ အခုပွဲမတိုင်ခင် ပရီးမီးယားလိဂ်
နောက်ဆုံးနှစ်ပွဲဆက်ရှုံးပြီး တန်းဆင်းဇုန်နားကပ်နေတဲ့ ဝက်ဖို့ဒ်လိုအသင်းမျိုးကို
(၄-၁)ဂိုးနဲ့ရှုံးခဲ့တာက ဘယ်လိုဆင်ခြေမျိုးမှပေးလို့မရပါဘူး။ ပွဲစကတည်းက
ယူနိုက်တက်ကစားသမားတွေရော၊ ဆိုးလ်ရှားရော Motivate မဖြစ်တဲ့မျက်နှာပေးတွေနဲ့
မြင်တွေ့ခဲ့ရပြီး ဒီနိုင်ပွဲက ဝက်ဖို့ဒ်အသင်းအတွက် ထိုက်တန်တဲ့နိုင်ပွဲလို့ပြောရမှာပါပဲ။
ပွဲစလို့မိနစ်ပိုင်းအကြာမှာပဲ ဘရူနိုဖာနန်ဒက်စ်ရဲ့ရူးကြောင်ကြောင်အမှားကနေ
ပယ်နယ်တီပေးခဲ့ရပြီး ဒီဂီယာနှစ်ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့လို့ ယူနိုက်တက်
စောစောစီးစီးဂိုးမပေးခဲ့ရတာပါ။ ဆိုးလ်ရှားဟာ ကြိုးတန်းပေါ်လျှောက်နေရချိန်မှာ
တောင် အပြောင်းအလဲကို ရဲရဲဝံ့ဝံ့မလုပ်ရဲဘဲ ခေါက်ရိုးကျိုးနေတဲ့ လူစာရင်း၊
ယူနိုက်တက်နည်းပြဘဝအစကတည်းက သုံးနေတဲ့(၄-၂-၃-၁)ကိုပဲ သုံးခဲ့ပြန်ပါတယ်။
ဗန်ဒီဘိခ်လို ကစားသမားမျိုးကို ခေါက်ထားတာက အရမ်းအံ့အားသင့်ဖို့ကောင်းပြီး
အခုပွဲမှာ ဒုတိယပိုင်းမှလူစားဝင်ကစားခဲ့ရပေမယ့် ဗန်ဒီဘိခ် အကောင်းဆုံးကစားနိုင်ခဲ့တယ်။
ဝက်ဖို့ဒ်တိုက်စစ်ကစားသမားအစ္စမိုင်လာဆား ပယ်နယ်တီလွဲခဲ့တဲ့အပြင်
အခွင့်အရေးတွေဖြုန်းတီးနေလို့ ဂိုးမရခဲ့ပေမယ့် (၂၈)မိနစ်မှာ ယူနိုက်တက်
လူငယ်တိုက်စစ်မှူးဟောင်းဂျိုရှုအာကင်းက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဂျိုရှုအာကင်းဟာ
ဘုန်းမောက်မှာကစားခဲ့တုန်းကလည်း ယူနိုက်တက်ဘက်ကို ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာ အစ္စမိုင်လာဆားက ပယ်နယ်တီအကြွေးပြန်ဆပ်တဲ့အနေနဲ့
ဒုတိယဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဗန်ဒီဘိခ်ဝင်လာချိန်မှာ
ယူနိုက်တက်တိုက်စစ်က အသက်ဝင်လာသလို ဗန်ဒီဘိခ်နဲ့ ဆန်ချိုတို့ရဲ့တွဲလုံးတွေနဲ့
အတူ ဝက်ဖို့ဒ်အသင်းဘက်ကို ထိုးဖောက်နိုင်ခဲ့တယ်။ အဲဒါကြောင့် မိနစ်(၅၀)မှာ
စီရော်နယ်လ်ဒိုခေါင်းတိုက်ပြန်ချပေးတာကို ဗန်ဒီဘိခ်ခေါင်းတိုက်အဆုံးသတ်ခဲ့လို့
ယူနိုက်တက်တို့ ချေပဂိုးပြန်ရခဲ့တဲ့အတွက် အားတက်လာသလိုရှိနေတုန်းမှာပဲ
အသင်းခေါင်းဆောင်မက်ဂွိုင်းယားရဲ့ ဦးနှောက်မရှိတဲ့လုပ်ရပ်ကြောင့် နှစ်ဝါတစ်နီနဲ့
အထုတ်ခံခဲ့ရပြီး (၁၀)ယောက်နဲ့ကစားခဲ့ရတယ်။
ဒီပွဲမှာ စီရော်နယ်လ်ဒိုအပိုင်အခွင့်အရေးတွေကို အကြိမ်ကြိမ်ဖြုန်းတီးခဲ့သလို
ဘရူနိုဖာနန်ဒက်စ်ကလည်းဂိုးသွင်းခွင့်တစ်ကြိမ်လွဲချော်ခဲ့လို့ ပေါ်တူဂီသားနှစ်ယောက်
အပြိုင်အစွမ်းပြခဲ့ကြတယ်လို့ပြောရမယ်။ ဝက်ဖို့ဒ်အသင်းအတွက် ဂိုးတွေကို
ဘရာဇီးလ်လူငယ်တိုက်စစ်ကစားသမားယာအိုပတ်ဒရို၊ တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ ဒင်းနစ်တို့က
သွင်းယူခဲ့ပြီး ဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြဘဝကို အဆုံးသတ်စေမယ့်
ဂိုးပြတ်နိုင်ပွဲကို ဖန်တီးနိုင်ခဲ့ကြပါတယ်။
Zawgyi
၀က္ဖို႔ဒ္ေပးတဲ့.. ဆိုးလ္ရွားအတြက္ ထြက္စာလား..
ယူႏိုက္တက္အသင္းရဲ႕အေနအထားကေတာ့ အမ်ားႀကီးေျပာစရာမရွိေတာ့ပါဘူး။
လီဗာပူးလ္ကို ဂိုးျပတ္ရႈံးၿပီးကတည္းက နည္းျပထိုင္ခုံေပၚမွာမရွိသင့္ေတာ့တဲ့
ဆိုးလ္ရွားကို အခ်ိန္ေပးေစာင့္ၾကည့္ဖို႔ တာဝန္ရွိသူေတြ ဆုံးျဖတ္ခဲ့တာက
အခုလို အျဖစ္ဆိုးေတြနဲ႔ရင္ဆိုင္ရဖို႔ျဖစ္လာတာပါပဲ။ ဆိုးလ္ရွားဟာ
ဘာမွအရည္အခ်င္းမရွိသလို၊ ကိုယ့္အသင္းက,ကစားသမားေတြကို
Motivate လုပ္ေပးႏိုင္တဲ့နည္းျပတစ္ေယာက္လည္းမဟုတ္တဲ့အတြက္
အသင္းစြမ္းေဆာင္ရည္က်ဆင္းလာခ်ိန္မွာ သူ႔ရဲ႕အရည္အေသြးက ရွင္းရွင္း
လင္းလင္းကို ေပၚလာပါေတာ့တယ္။
ဒါေပမဲ့ ဒီလိုနည္းျပတစ္ေယာက္ကို ယူႏိုက္တက္လိုအသင္းမ်ိဳးရဲ႕နည္းျပထိုင္ခုံမွာ
ဆက္ထားတာက ဆိုးလ္ရွားရဲ႕အျပစ္မဟုတ္ေတာ့ဘဲ သူ႔ကိုအၿမဲေထာက္ခံေနတဲ့
အသင္းပိုင္ရွင္ေတြနဲ႔တာဝန္ရွိသူေတြကိုပဲ လက္ညိဳးထိုးအျပစ္တင္ရမွာပါ။ အိမ္ကြင္းမွာပဲ
လီဗာပူးလ္ကို (၅-၀)ဂိုးျပတ္ရႈံးထားတဲ့အသင္း၊ အခုပြဲမတိုင္ခင္ ပရီးမီးယားလိဂ္
ေနာက္ဆုံးႏွစ္ပြဲဆက္ရႈံးၿပီး တန္းဆင္းဇုန္နားကပ္ေနတဲ့ ဝက္ဖို႔ဒ္လိုအသင္းမ်ိဳးကို
(၄-၁)ဂိုးနဲ႔ရႈံးခဲ့တာက ဘယ္လိုဆင္ေျခမ်ိဳးမွေပးလို႔မရပါဘူး။ ပြဲစကတည္းက
ယူႏိုက္တက္ကစားသမားေတြေရာ၊ ဆိုးလ္ရွားေရာ Motivate မျဖစ္တဲ့မ်က္ႏွာေပးေတြနဲ႔
ျမင္ေတြ႕ခဲ့ရၿပီး ဒီႏိုင္ပြဲက ဝက္ဖို႔ဒ္အသင္းအတြက္ ထိုက္တန္တဲ့ႏိုင္ပြဲလို႔ေျပာရမွာပါပဲ။
ပြဲစလို႔မိနစ္ပိုင္းအၾကာမွာပဲ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕႐ူးေၾကာင္ေၾကာင္အမွားကေန
ပယ္နယ္တီေပးခဲ့ရၿပီး ဒီဂီယာႏွစ္ႀကိမ္တိုင္တိုင္ ကာကြယ္ႏိုင္ခဲ့လို႔ ယူႏိုက္တက္
ေစာေစာစီးစီးဂိုးမေပးခဲ့ရတာပါ။ ဆိုးလ္ရွားဟာ ႀကိဳးတန္းေပၚေလွ်ာက္ေနရခ်ိန္မွာ
ေတာင္ အေျပာင္းအလဲကို ရဲရဲဝံ့ဝံ့မလုပ္ရဲဘဲ ေခါက္႐ိုးက်ိဳးေနတဲ့ လူစာရင္း၊
ယူႏိုက္တက္နည္းျပဘဝအစကတည္းက သုံးေနတဲ့(၄-၂-၃-၁)ကိုပဲ သုံးခဲ့ျပန္ပါတယ္။
ဗန္ဒီဘိခ္လို ကစားသမားမ်ိဳးကို ေခါက္ထားတာက အရမ္းအံ့အားသင့္ဖို႔ေကာင္းၿပီး
အခုပြဲမွာ ဒုတိယပိုင္းမွလူစားဝင္ကစားခဲ့ရေပမယ့္ ဗန္ဒီဘိခ္ အေကာင္းဆုံးကစားႏိုင္ခဲ့တယ္။
ဝက္ဖို႔ဒ္တိုက္စစ္ကစားသမားအစၥမိုင္လာဆား ပယ္နယ္တီလြဲခဲ့တဲ့အျပင္
အခြင့္အေရးေတြျဖဳန္းတီးေနလို႔ ဂိုးမရခဲ့ေပမယ့္ (၂၈)မိနစ္မွာ ယူႏိုက္တက္
လူငယ္တိုက္စစ္မႉးေဟာင္းဂ်ိဳရႈအာကင္းက အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ဂ်ိဳရႈအာကင္းဟာ
ဘုန္းေမာက္မွာကစားခဲ့တုန္းကလည္း ယူႏိုက္တက္ဘက္ကို ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ပထမပိုင္းၿပီးခါနီးမွာ အစၥမိုင္လာဆားက ပယ္နယ္တီအေႂကြးျပန္ဆပ္တဲ့အေနနဲ႔
ဒုတိယဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဗန္ဒီဘိခ္ဝင္လာခ်ိန္မွာ
ယူႏိုက္တက္တိုက္စစ္က အသက္ဝင္လာသလို ဗန္ဒီဘိခ္နဲ႔ ဆန္ခ်ိဳတို႔ရဲ႕တြဲလုံးေတြနဲ႔
အတူ ဝက္ဖို႔ဒ္အသင္းဘက္ကို ထိုးေဖာက္ႏိုင္ခဲ့တယ္။ အဲဒါေၾကာင့္ မိနစ္(၅၀)မွာ
စီေရာ္နယ္လ္ဒိုေခါင္းတိုက္ျပန္ခ်ေပးတာကို ဗန္ဒီဘိခ္ေခါင္းတိုက္အဆုံးသတ္ခဲ့လို႔
ယူႏိုက္တက္တို႔ ေခ်ပဂိုးျပန္ရခဲ့တဲ့အတြက္ အားတက္လာသလိုရွိေနတုန္းမွာပဲ
အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားရဲ႕ ဦးေႏွာက္မရွိတဲ့လုပ္ရပ္ေၾကာင့္ ႏွစ္ဝါတစ္နီနဲ႔
အထုတ္ခံခဲ့ရၿပီး (၁၀)ေယာက္နဲ႔ကစားခဲ့ရတယ္။ ဒီပြဲမွာ စီေရာ္နယ္လ္ဒို
အပိုင္အခြင့္အေရးေတြကို အႀကိမ္ႀကိမ္ျဖဳန္းတီးခဲ့သလို ဘ႐ူႏိုဖာနန္ဒက္စ္ကလည္း
ဂိုးသြင္းခြင့္တစ္ႀကိမ္လြဲေခ်ာ္ခဲ့လို႔ ေပၚတူဂီသားႏွစ္ေယာက္ အၿပိဳင္အစြမ္းျပခဲ့
ၾကတယ္လို႔ေျပာရမယ္။ ဝက္ဖို႔ဒ္အသင္းအတြက္ ဂိုးေတြကို ဘရာဇီးလ္လူငယ္
တိုက္စစ္ကစားသမားယာအိုပတ္ဒ႐ို၊ တစ္ပြဲလုံးေျခစြမ္းျပေနတဲ့ ဒင္းနစ္တို႔က
သြင္းယူခဲ့ၿပီး ဆိုးလ္ရွားရဲ႕ယူႏိုက္တက္နည္းျပဘဝကို အဆုံးသတ္ေစမယ့္
ဂိုးျပတ္ႏိုင္ပြဲကို ဖန္တီးႏိုင္ခဲ့ၾကပါတယ္။