
လူဇင်ဘတ်အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ရော်နယ်ဒို က
ခြေစွမ်းပြကစားနိုင်ခဲ့သလိုဟက်ထရစ်သွင်းယူပေးခဲ့ပြီး ပေါ်တူဂီအသင်း
အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
လူဇင်ဘတ် အသင်းကို (၅)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပေါ်တူဂီ
အသင်းအတွက် ဂိုးတွေကိုရော်နယ်ဒို က (၃)ဂိုး၊ဘရူနိုဖာနန်ဒတ်စ်နဲ့ ပေါ်လ်
ဟင်ဟာတို့က (၁)ဂိုးစီ သွင်းယူခဲ့ကြတာပါ။
ကြားရက်က ကာတာ အသင်းနဲ့ ခြေစမ်းပွဲမှာလည်း ပေါ်တူဂီအသင်းဟာ
ဧည့်သည် ကာတာအသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ရော်နယ်ဒို က
(၁)ဂိုးသွင်းယူခဲ့ပါသေးတယ်။
လူဇင်ဘတ်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အပြီးမှာ ရော်နယ်ဒိုရဲ့ နိုင်ငံ လက်ရွေ
းစင် ကစားသမားသွင်းဂိုးမှတ်တမ်း (၁၁၅) ဂိုးအထိ ရှိသွားခဲ့ပြီး စံချိန်သစ်
တွေဆက်လက်စိုက်ထူနေပါတယ်။
ပြီးခဲ့တဲ့လကပဲ အီရန်ဂန္ထဝင်အလီဒါယီရဲ့နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးစံချိန်ကို
ချိုးနိုင်ခဲ့သလိုနိုင်ငံတကာပွဲစဉ်တပွဲကစားပြီးတိုင်း ရော်နယ်ဒို ဟာ စံချိန်သစ်
တွေကို တင်နေတဲ့ မှတ်တမ်းကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာပါ။
ရော်နယ်ဒို ဟာ ဒီပွဲမှာ ပွဲချိန်(၈)မိနစ်နဲ့ (၁၃) မိနစ်တို့မှာ ပင်နယ်တီကနေ
(၂)ဂိုးသွင်းယူခဲ့တာဖြစ်ပြီးပွဲချိန်(၈၇)မိနစ်မှာတော့ နာဗတ်စ် ရဲ့ဖြတ်တင်ဘော
ကို ဂိုးဧရိယာထဲမှာ အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့ကာ
ဟတ်ထရစ်ဂိုးသွင်းယူသွားခဲ့ တာလည်းဖြစ်ပါတယ်
ဒီပွဲမှာ ရရှိခဲ့တဲ့ ဟက်ထရစ် ဟာ ရော်နယ်ဒို အတွက် နိုင်ငံတကာပွဲစဉ်တွေမှာ
ရရှိခဲ့တဲ့ (၁၀) ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး
နိုင်ငံတကာ ဘောလုံးသမိုင်းမှာ ဟက်ထရစ် အများဆုံးရတဲ့ ကစားသမား
အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ရော်နယ်ဒို ဟတ်ထရစ် ဂိုးသွင်းယူခဲ့တဲ့ အသင်းတွေကတော့ မြောက်အိုင်ယာ
လန်၊ဆွီဒင်၊အာမေးနီးယား၊အန်ဒိုရာ၊ဖာရိုးကျွန်းစု၊စပိန်၊ဆွစ်ဇာလန်၊ လူဇင်
ဘတ်နဲ့လစ်သူယေးနီးယားကို (၂)ကြိမ် တို့ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့် (၆)ပွဲ
ကစားပြီးမှာထိပ်ဆုံးနေရာက ဆားဘီးယားထက် (၁)ပွဲလျော့ (၁)မှတ်နဲ ရမှတ်
(၁၆)မှတ် နဲ့ အုပ်စုတွင်းမှာ ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။
ပေါ်တူဂီ အသင်းဟာ လာမယ့် နိုဝင်ဘာလ (၁၂) ရက်နဲ့ (၁၅)ရက်တို့မှာ အိုင်ယာ
လန်၊ ဆားဘီးယား တို့နဲ့ လက်ကျန် ခြေစစ်ပွဲတွေကို ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
Zawgyi
(၁၀)ႀကိမ္ေျမာက္ ဟက္ထရစ္ဂိုးနဲ႔ ၿပိဳင္ဘက္ကင္း စံခ်ိန္ရွင္ ေရာ္နယ္ဒို
လူဇင္ဘတ္အသင္းနဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာ ေရာ္နယ္ဒို က
ေျခစြမ္းျပကစားႏိုင္ခဲ့သလို
ဟက္ထရစ္သြင္းယူေပးခဲ့ၿပီး ေပၚတူဂီအသင္း အႏိုင္ရရွိေအာင္ စြမ္းေဆာင္
ေပးခဲ့ပါတယ္။
လူဇင္ဘတ္ အသင္းကို (၅)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ေပၚတူဂီ
အသင္းအတြက္ ဂိုးေတြကို
ေရာ္နယ္ဒို က (၃)ဂိုး၊ဘ႐ူႏိုဖာနန္ဒတ္စ္နဲ႔ ေပၚလ္ဟင္ဟာတို႔က (၁)ဂိုးစီ
သြင္းယူခဲ့ၾကတာပါ။
ၾကားရက္က ကာတာ အသင္းနဲ႔ ေျခစမ္းပြဲမွာလည္း ေပၚတူဂီအသင္းဟာ
ဧည့္သည္ ကာတာအသင္းကို (၃)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ၿပီး ေရာ္နယ္ဒို က
(၁)ဂိုးသြင္းယူခဲ့ပါေသးတယ္။
လူဇင္ဘတ္နဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္အၿပီးမွာ ေရာ္နယ္ဒိုရဲ႕ ႏိုင္ငံ လက္ေ႐ြ
းစင္ ကစားသမားသြင္းဂိုးမွတ္တမ္း (၁၁၅) ဂိုးအထိ ရွိသြားခဲ့ၿပီး စံခ်ိန္သစ္
ေတြဆက္လက္စိုက္ထူေနပါတယ္။
ၿပီးခဲ့တဲ့လကပဲ အီရန္ဂႏၴဝင္အလီဒါယီရဲ႕ႏိုင္ငံတကာသြင္းဂိုး ၁၀၉ ဂိုးစံခ်ိန္ကို
ခ်ိဳးႏိုင္ခဲ့သလိုႏိုင္ငံတကာပြဲစဥ္တပြဲကစားၿပီးတိုင္း ေရာ္နယ္ဒို ဟာ စံခ်ိန္သစ္
ေတြကို တင္ေနတဲ့ မွတ္တမ္းကိုလည္း ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာပါ။
ေရာ္နယ္ဒို ဟာ ဒီပြဲမွာ ပြဲခ်ိန္(၈)မိနစ္နဲ႔ (၁၃) မိနစ္တို႔မွာ ပင္နယ္တီကေန
(၂)ဂိုးသြင္းယူခဲ့တာျဖစ္ၿပီးပြဲခ်ိန္(၈၇)မိနစ္မွာေတာ့ နာဗတ္စ္ ရဲ႕ျဖတ္တင္ေဘာ
ကို ဂိုးဧရိယာထဲမွာ အပိုင္ေခါင္းတိုက္သြင္းယူသြားခဲ့ကာ
ဟတ္ထရစ္ဂိုးသြင္းယူသြားခဲ့ တာလည္းျဖစ္ပါတယ္
ဒီပြဲမွာ ရရွိခဲ့တဲ့ ဟက္ထရစ္ ဟာ ေရာ္နယ္ဒို အတြက္ ႏိုင္ငံတကာပြဲစဥ္ေတြမွာ
ရရွိခဲ့တဲ့ (၁၀) ႀကိမ္ေျမာက္ ဟက္ထရစ္ျဖစ္ခဲ့ၿပီး
ႏိုင္ငံတကာ ေဘာလုံးသမိုင္းမွာ ဟက္ထရစ္ အမ်ားဆုံးရတဲ့ ကစားသမား
အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ေရာ္နယ္ဒို ဟတ္ထရစ္ ဂိုးသြင္းယူခဲ့တဲ့ အသင္းေတြကေတာ့ ေျမာက္အိုင္ယာ
လန္၊ဆြီဒင္၊အာေမးနီးယား၊အန္ဒိုရာ၊ဖာ႐ိုးကြၽန္းစု၊စပိန္၊ဆြစ္ဇာလန္၊ လူဇင္
ဘတ္နဲ႔လစ္သူေယးနီးယားကို (၂)ႀကိမ္ တို႔ျဖစ္ပါတယ္။
ဒီႏိုင္ပြဲေၾကာင့္ ေပၚတူဂီ အသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုအဆင့္ (၆)ပြဲ
ကစားၿပီးမွာထိပ္ဆုံးေနရာက ဆားဘီးယားထက္ (၁)ပြဲေလ်ာ့ (၁)မွတ္နဲ ရမွတ္
(၁၆)မွတ္ နဲ႔ အုပ္စုတြင္းမွာ ဒုတိယေနရာကေန ရပ္တည္ေနပါတယ္။
ေပၚတူဂီ အသင္းဟာ လာမယ့္ ႏိုဝင္ဘာလ (၁၂) ရက္နဲ႔ (၁၅)ရက္တို႔မွာ အိုင္ယာ
လန္၊ ဆားဘီးယား တို႔နဲ႔ လက္က်န္ ေျခစစ္ပြဲေတြကို ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။