၁၀ပွဲထပ်ကစားရင် လီဗာပူးကို ပေါင် ၁၈သန်း ထပ်ပေးရတော့မယ့် ဘာစီလိုနာ ကော်တင်ဟိုကို အသည်းအသန် ရောင်းချလိုနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ ကော်တင်ဟိုကို နောက်ထပ် ၁၀ပွဲ ထပ်အသုံးပြုမယ်ဆိုရင် လီဗာပူးကို နောက်ထပ် ပေါင် ၁၈သန်း ထပ်ပေးရတော့မယ့် အခြေအနေကြောင့် ကစားသမားကို အသည်းအသန် ရောင်းချလိုနေကြောင်း သိရပါတယ်။
ကော်တင်ဟိုဟာ ၂၀၁၈ခုနှစ်က ဘာစီလိုနာကို ပေါင် ၁၄၂သန်းအထိ ရှိစေမယ့် ပြောင်းရွှေ့ကြေး တစ်ခုနဲ့ ရောက်ရှိလာခဲ့ပေမဲ့ အဆိုပါ ပမာဏကို အလုံးစုံ မပေးရခင် ကွင်းလယ်ကို လက်လွှတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။


Sportရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကော်တင်ဟို လာမယ့်ပွဲစဉ်တွေထဲ ၁၀ပွဲ ပါဝင်ကစားမယ်ဆိုရင် ပွဲ၁၀၀ ပြည့်ပြီ ဖြစ်တာကြောင့် စာချုပ်ပါ သဘောတူညီချက်အရ လီဗာပူးကို ပေါင် ၁၈သန်း ပေးချေရတော့မှာ ဖြစ်ပါတယ်။
ဘရာဇီးသားဟာ လက်ရှိမှာ အသင်းအတွက် တရားဝင် ပွဲ၉၀ ကစားပေးထားခဲ့ပြီ ဖြစ်ပြီး နည်းပြသစ် ရော်နယ် ကိုးမန်းရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။


ကွင်းလယ်ဖန်တီးရှင်ဟာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၁၂ပွဲအထိ ပါဝင်ခွင့် ရခဲ့ပေမဲ့ ဒဏ်ရာတွေနဲ့လည်း ရုန်းကန်နေရပါတယ်။
The Athleticရဲ့ ဖော်ပြချက်အရတော့ စီးပွားရေးအရ ထိခိုက်လာတဲ့ ဘာစီလိုနာဟာ ကော်တင်ဟိုကို ပေါင် ၄၅သန်း ဝန်းကျင်နဲ့ ရောင်းချတော့မှာ ဖြစ်သလို ဖာပို၊ အမ်တီတီနဲ့ ရီကွီပုချ်တို့ကိုလည်း အငှားစေလွှတ်သွားဖို့ ရှိနေပါတယ်။


ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအရ ရုန်းကန်နေရပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှု ခံနေရကာ ကြီးမားတဲ့ လစာငွေတွေကို ပေးချေနေရသလို ပရိသတ်တွေထံကနေ ကွင်းဝင်ကြေးလည်း မရတဲ့ အနေအထား ဖြစ်နေခဲ့ပါတယ်။
ကော်တင်ဟိုသာ ဘိုင်ယန်မြူးနစ်ကို မပြောင်းခဲ့ရင် ဘာကာမှာ ပွဲ ၁၀၀ ပြည့်နေမှာ ဖြစ်ပြီး ဘရာဇီးသားဟာ ဂျာမန်ကလပ်အတွက် ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရရှိအောင် ယမန်နှစ်က ကူညီပေးခဲ့ပါတယ်။


ဥက္ကဌသစ်ဟာ ဇန်နဝါရီလကုန်မှ ရွေးကောက်တင်မြောက်နိုင်မှာ ဖြစ်တာကြောင့် အဆိုပါ အချိန်ကျရင် ကော်တင်ဟိုက ပွဲ၁၀၀ ပြည့်တော့မှာ ဖြစ်ပြီး လက်ရှိုဘုတ်အဖွဲ့က လီဗာပူးကို အပိုဆုကြေး ထပ်ပေးရမယ့် အနေအထားကို ကိုင်တွယ်ဖို့ လိုအပ်နေခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ