၁၂ ယောက်နဲ့ ကစားခဲ့လို့ အနိုင်ကို ဖျက်သိမ်းခံရနိုင်သလို အမှတ်လျှော့ချမှုလည်း ခံရနိုင်တဲ့ ဘိုင်ယန်

ဖရိုင်းဘတ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ စနေညဘွန်ဒက်စ်လီဂါပွဲစဉ်မှာ

ဘိုင်ယန်မြူးနစ်ဟာ ကွင်းထဲမှာ စက္ကန့် ၂၀ လောက်ကို

၁၂ ယောက်နဲ့ ကစားသွားခဲ့ပါသေးတယ်။

အဲဒီအမှားအယွင်းဟာ ပွဲချိန်နှောင်းပိုင်းဖြစ်တဲ့ ၈၅ မိနစ်မှာ ဖြစ်သွားခဲ့တာပါ။

အဲဒီအချိန်မှာ ဘိုင်ယန်က ၃-၁ နဲ့ ဦးဆောင်နေတာဖြစ်ပြီး

လူစားလဲမှု ၂ ယောက်လုပ်တော့ ကွင်းထဲကနေ ၁ ယောက်သာ ထွက်သွားတာဖြစ်လို့

ဧည့်သည်အသင်းဟာ ၁၂ ယောက်ဖြစ်သွားပါတယ်။

ဂျာမနီက Bild သတင်းစာကတော့ ဒီအမှားအယွင်းကြောင့်

ဘိုင်ယန်ရဲ့အနိုင်ဟာ ဖျက်သိမ်းခံရနိုင်သလို

အမှတ်လျှော့ချမှုလည်း ခံရနိုင်တယ်လို့ ဖော်ပြပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖရိုင်းဘတ်နောက်ခံလူရှလော့တာဘက်က

”ဆူလီ လူစားဝင်လာပေမယ့် ဘယ်သူမှ ထွက်မသွားဘူးဆိုတာ

ကျွန်တော်သတိထားမိလိုက်ပါတယ်။ အဲဒီနောက် ပွဲကို ပြန်စတော့

ကစားသမားအရေအတွက်ကို ကျွန်တော်စရေလိုက်ပြီး

ဒိုင်လူကြီးကို အကြောင်းကြားခဲ့တာပါ။ ကျွန်တော်သာ သတိမထားမိရင်

ဒိုင်လူကြီးလည်း သိလောက်မှာ မဟုတ်ပါဘူး”လို့ ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ဘိုင်ယန်နည်းပြနာဂယ်စမန်ကတော့ အခုလိုမှားယွင်းသွားတာဟာ

နံပါတ်ပြားထောင်တဲ့ လျှပ်စစ်ဘုတ်ပြားကြောင့်လို့ အပြစ်တင်ပါတယ်။

အဲဒီလျှပ်စစ်ဘုတ်ပြားမှာ လူစားလဲခံရတဲ့ကိုမန်ရဲ့ နံပါတ် ၁၁ အစား

နံပါတ် ၂၉ ကိုသာ ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီနံပါတ်က ဘိုင်ယန်လူစာရင်းမှာ မရှိတဲ့နံပါတ်ပါ။

ဘိုင်ယန်ဘက်က ၁၂ ယောက်ဖြစ်သွားတာဟာ တစ်မိနစ်တောင်

မခံခဲ့ပေမယ့် ဖရိုင်းဘက်ကတော့ ဒေါသထွက်နေပါတယ်။

”ဒါမျိုးကို ကျွန်တော်တစ်ခါမှ မကြုံဖူးပါဘူး။

ဒါက သက်ရောက်မှုရှိနိုင်သလားဆိုတာ ကျွန်တော်လည်း အခုမပြောတတ်ဘူး။

ဒိုင်လူကြီးက အချိန်အတော်ကြာဖြေရှင်းပြီးမှာ ဆက်ကစားစေခဲ့တာပါ။

ဒါကို ဖရိုင်းဘတ်က ကန့်ကွက်မလားဆိုရင်

ကျွန်တော်တု့ိအခု စိတ်အေးအေးနဲ့ စဉ်းစားနေပါတယ်”လို့

ဖရိုင်းဘတ်အားကစားဒါရိုက်တာက ပြောခဲ့တာပါ။

zawgyi

၁၂ ေယာက္နဲ႔ ကစားခဲ့လို႔ အႏိုင္ကို ဖ်က္သိမ္းခံရႏိုင္သလို အမွတ္ေလွ်ာ့ခ်မႈလည္း ခံရႏိုင္တဲ့ ဘိုင္ယန္

ဖ႐ိုင္းဘတ္ကို ၄-၁ နဲ႔အႏိုင္ရခဲ့တဲ့ စေနညဘြန္ဒက္စ္လီဂါပြဲစဥ္မွာ

ဘိုင္ယန္ျမဴးနစ္ဟာ ကြင္းထဲမွာ စကၠန႔္ ၂၀ ေလာက္ကို

၁၂ ေယာက္နဲ႔ ကစားသြားခဲ့ပါေသးတယ္။

အဲဒီအမွားအယြင္းဟာ ပြဲခ်ိန္ေႏွာင္းပိုင္းျဖစ္တဲ့ ၈၅ မိနစ္မွာ ျဖစ္သြားခဲ့တာပါ။

အဲဒီအခ်ိန္မွာ ဘိုင္ယန္က ၃-၁ နဲ႔ ဦးေဆာင္ေနတာျဖစ္ၿပီး

လူစားလဲမႈ ၂ ေယာက္လုပ္ေတာ့ ကြင္းထဲကေန ၁ ေယာက္သာ ထြက္သြားတာျဖစ္လို႔

ဧည့္သည္အသင္းဟာ ၁၂ ေယာက္ျဖစ္သြားပါတယ္။

ဂ်ာမနီက Bild သတင္းစာကေတာ့ ဒီအမွားအယြင္းေၾကာင့္

ဘိုင္ယန္ရဲ႕အႏိုင္ဟာ ဖ်က္သိမ္းခံရႏိုင္သလို

အမွတ္ေလွ်ာ့ခ်မႈလည္း ခံရႏိုင္တယ္လို႔ ေဖာ္ျပပါတယ္။

အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ ဖ႐ိုင္းဘတ္ေနာက္ခံလူရွေလာ့တာဘက္က

”ဆူလီ လူစားဝင္လာေပမယ့္ ဘယ္သူမွ ထြက္မသြားဘူးဆိုတာ

ကြၽန္ေတာ္သတိထားမိလိုက္ပါတယ္။ အဲဒီေနာက္ ပြဲကို ျပန္စေတာ့

ကစားသမားအေရအတြက္ကို ကြၽန္ေတာ္စေရလိုက္ၿပီး

ဒိုင္လူႀကီးကို အေၾကာင္းၾကားခဲ့တာပါ။ ကြၽန္ေတာ္သာ သတိမထားမိရင္

ဒိုင္လူႀကီးလည္း သိေလာက္မွာ မဟုတ္ပါဘူး”လို႔ ပြဲအၿပီးမွာ ေျပာၾကားခဲ့တာပါ။

ဘိုင္ယန္နည္းျပနာဂယ္စမန္ကေတာ့ အခုလိုမွားယြင္းသြားတာဟာ

နံပါတ္ျပားေထာင္တဲ့ လွ်ပ္စစ္ဘုတ္ျပားေၾကာင့္လို႔ အျပစ္တင္ပါတယ္။

အဲဒီလွ်ပ္စစ္ဘုတ္ျပားမွာ လူစားလဲခံရတဲ့ကိုမန္ရဲ႕ နံပါတ္ ၁၁ အစား

နံပါတ္ ၂၉ ကိုသာ ေဖာ္ျပခဲ့တာျဖစ္ၿပီး အဲဒီနံပါတ္က ဘိုင္ယန္လူစာရင္းမွာ မရွိတဲ့နံပါတ္ပါ။

ဘိုင္ယန္ဘက္က ၁၂ ေယာက္ျဖစ္သြားတာဟာ တစ္မိနစ္ေတာင္

မခံခဲ့ေပမယ့္ ဖ႐ိုင္းဘက္ကေတာ့ ေဒါသထြက္ေနပါတယ္။

”ဒါမ်ိဳးကို ကြၽန္ေတာ္တစ္ခါမွ မႀကဳံဖူးပါဘူး။

ဒါက သက္ေရာက္မႈရွိႏိုင္သလားဆိုတာ ကြၽန္ေတာ္လည္း အခုမေျပာတတ္ဘူး။

ဒိုင္လူႀကီးက အခ်ိန္အေတာ္ၾကာေျဖရွင္းၿပီးမွာ ဆက္ကစားေစခဲ့တာပါ။

ဒါကို ဖ႐ိုင္းဘတ္က ကန႔္ကြက္မလားဆိုရင္

ကြၽန္ေတာ္တု႔ိအခု စိတ္ေအးေအးနဲ႔ စဥ္းစားေနပါတယ္”လို႔

ဖ႐ိုင္းဘတ္အားကစားဒါ႐ိုက္တာက ေျပာခဲ့တာပါ။