
ရီးရဲလ်မက်ဒရစ်အလယ်တန်းကစားသမားအစ္စကိုဟာလာမယ့်နွေရာသီတွင်
ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးပါကမဟာပြိုင်ဘက်ေ
ဘာစီလိုနာသို့ပြောင်းရွှေ့ကစားရန်ဆန္ဒရှိနေကြောင်းသိရပါတယ်။
စပိန်ကွင်းလယ်ဖန်တီးရှင်ဟာယခုရာသီမှာလာလီဂါမှာ၂ပွဲတည်းသာပွဲထွက်ခွင့်
ရရှိထားပြီးမာယော့ကာအား၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာတစ်ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
ကတ်တလန်အခြေစိုက်သတင်းစာ El National ကအစ္စကိုဟာဘာစီလိုနာသို့ပြောင်းရွှေ့
ကစားလိုနေကြောင်းသိရပါတယ်။တကယ်လို့အပြောင်းအရွှေ့ဖြစ်လာခဲ့မယ်ဆိုရင်၁၄နှစ်
အတွင်းကလပ်နှစ်ခုအကြားပထမဆုံးအပြောင်းအရွှေ့ဖြစ်လာပါမယ်။လွန်ခဲ့တဲ့၁၄နှစ်တုန်း
ကဆာဗီယိုလာကဘာကာကနေရီးရဲလ်သို့ပြောင်းပြီးနောက်ပထမဆုံးအပြောင်းအရွှေ့
ဖြစ်လာပါမယ်။
အသက်၂၉နှစ်ရှိအစ္စကိုဟာရီးရဲလ်မက်ဒရစ်အတွက်၃၄၂ပွဲကစားထားရာမှာ၅၂ဂိုးသွင်းယူပြီး
၅၆ကြိမ်ဖန်တီးထားနိုင်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်တွင်ကစားတဲ့ရှစ်ရာသီအတွင်းမှာ
ချန်ပီယံလိဂ်ဖလားလေးကြိမ်၊ဖီဖာကမ္ဘာ့ကလပ်ဖလား၄ကြိမ်၊ဥရောပစူပါဖလား၃ကြိမ်၊
လာလီဂါဖလား၂ကြိမ်၊စပိန်စူပါဖလား၂ကြိမ်နှင့်ကိုပါဒယ်ရေးဖလား၁ကြိမ်ဆွတ်ခူးထား
နိုင်ပါတယ်။
Zawgyi
၁၄ ႏွစ္အတြင္း ပထမဆုံးအျဖစ္ ရီးရဲကေန ဘာကာကို ေျပာင္းေ႐ႊ႕မယ့္ အစၥကို
ရီးရဲလ္မက္ဒရစ္အလယ္တန္းကစားသမားအစၥကိုဟာလာမယ့္ေႏြရာသီတြင္
ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးပါကမဟာၿပိဳင္ဘက္ေ
ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားရန္ဆႏၵရွိေနေၾကာင္းသိရပါတယ္။
စပိန္ကြင္းလယ္ဖန္တီးရွင္ဟာယခုရာသီမွာလာလီဂါမွာ၂ပြဲတည္းသာပြဲထြက္ခြင့္
ရရွိထားၿပီးမာေယာ့ကာအား၆-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာတစ္ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။
ကတ္တလန္အေျခစိုက္သတင္းစာ El National ကအစၥကိုဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕
ကစားလိုေနေၾကာင္းသိရပါတယ္။တကယ္လို႔အေျပာင္းအေ႐ႊ႕ျဖစ္လာခဲ့မယ္ဆိုရင္၁၄ႏွစ္
အတြင္းကလပ္ႏွစ္ခုအၾကားပထမဆုံးအေျပာင္းအေ႐ႊ႕ျဖစ္လာပါမယ္။လြန္ခဲ့တဲ့၁၄ႏွစ္တုန္း
ကဆာဗီယိုလာကဘာကာကေနရီးရဲလ္သို႔ေျပာင္းၿပီးေနာက္ပထမဆုံးအေျပာင္းအေ႐ႊ႕
ျဖစ္လာပါမယ္။
အသက္၂၉ႏွစ္ရွိအစၥကိုဟာရီးရဲလ္မက္ဒရစ္အတြက္၃၄၂ပြဲကစားထားရာမွာ၅၂ဂိုးသြင္းယူၿပီ
း၅၆ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။သူဟာရီးရဲလ္မက္ဒရစ္တြင္ကစားတဲ့ရွစ္ရာသီအတြင္းမွ
ာခ်န္ပီယံလိဂ္ဖလားေလးႀကိမ္၊ဖီဖာကမာၻ႔ကလပ္ဖလား၄ႀကိမ္၊ဥေရာပစူပါဖလား၃ႀကိမ္၊
လာလီဂါဖလား၂ႀကိမ္၊စပိန္စူပါဖလား၂ႀကိမ္ႏွင့္ကိုပါဒယ္ေရးဖလား၁ႀကိမ္ဆြတ္ခူးထား
ႏိုင္ပါတယ္။