၁၅ ပွဲနဲ့ပြီးသွားတဲ့ ပြိုင်ပွဲမဟုတ်လို့ ဆုဖလားကို ဆိုးလ်ရှားမမျှော်လင့်သေးဘူးလို့ ဆိုးလ်ရှားပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ဝုဗ်ကိုအနိုင်ရခဲ့ပေမယ့်လည်း ချန်ပီယံဘွဲ့ရရှိရေးမျှော်လင့်ချက်ကတော့ ပြောဖို့စောလွန်းနေသေးတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားကပြောလိုက်ပါတယ်။ မန်ယူဟာ နာကျင်အချိန်ပိုမှာ ဖာနန်ဒက်စ်ဖန်တီး ပေးရာတစ်ဆင့် ရက်ရှ်ဖို့ဒ်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ဝုဗ်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အနိုင်ဂိုးကို ၉၂ မိနစ်၊ ၅၁ စက္ကန့်မှာသွင်းယူခဲ့တာဖြစ်လို့ ၂၀၀၉ စက်တင်ဘာက မန်စီးတီးဘက်ကို မိုက်ကယ်အိုဝင်သွင်းယူခဲ့တဲ့ ၉၅ မိနစ် ၂၇ စက္ကန့် ကအနိုင်ဂိုးပြီးရင် အိုးလ်ထရက်ဖို့ဒ်မှာ အနောက်ကျဆုံးပရီးမီးယားလိဂ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒီအနိုင်ကြောင့် မန်ယူဟာ ထိပ်ဆုံးကဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၂ မှတ်သာကွာတော့ပြီး အမှတ်ပေးဇယားဒုတိယနေရာအထိ တက်လှမ်းလာနိုင်ခဲ့တာပါ။ ဒါ့အပြင် မန်ယူဟာလည်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိတာ ၉ ပွဲဆက်ရှိနေပါပြီ။ လက်ရှိအခြေအနေကြောင့် မန်ယူဟာ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်စွမ်းရှိလာတော့မယ်လို့ ယူဆနေကြ ပေမယ့် ဆိုးလ်ရှားကတော့ ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်မှန်သမျှကို လက်ရှိမှာချောင်ထိုးထားလိုက်ဖို့သာတိုက်တွန်းခဲ့တာပါ။

ဒါပေမယ့် မန်ယူအသင်းဟာ ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်စွမ်းရှိနေပြီဆိုတာကိုတော့ ဆိုးလ်ရှားကလက်သင့်ခံခဲ့ပါတယ်။ သူက”၁၅ ပွဲပြီးရုံနဲ့ ချန်ပီယံအဖြေပေါ်သွားတယ်ဆိုတာ မရှိသေးပါဘူး။ ဒါပေမယ့် ပထမဆုံး ၁၀ ပွဲနဲ့တင် ချန်ပီယံအခွင့်အရေးနဲ့တော့ လွဲနိုင်ပါတယ်။

နောက်ထပ် ၁၅ ပွဲလောက်ကစားပြီး ပွဲစဉ် ၃၀ လောက်ရောက်တော့မှသာ ချန်ပီယံဖြစ်ရေးအကြောင်း ပြောလို့ရနိုင်တာမျိုးပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဘယ်အသင်းကိုမဆို ဘယ်နေရာမှာဘဲ ဖြစ်ဖြစ်အနိုင်ရအောင် ယူနိုင်စွမ်းရှိနေပြီဆိုတဲ့ ယုံကြည်မှုတော့ ရနေပါပြီ။

အဝေးကွင်းမှာ စွမ်းဆောင်ပြနိုင်ခဲ့ရုံမက အိမ်ကွင်းမှာလည်း တိုးတက်လာပြီဆိုတာ ပြသနိုင်ခဲ့ပါပြီ။ ဝုဗ်ကိုအနိုင်ရရှိခဲ့ခြင်းဟာကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ အာရုံစူးစိုက်မှုတွေအတွက် အရမ်းကိုအရေးပါခဲ့ပါတယ်” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၁၅ ပြဲနဲ႔ၿပီးသြားတဲ့ ၿပိဳင္ပြဲမဟုတ္လို႔ ဆုဖလားကို ဆိုးလ္ရွားမေမွ်ာ္လင့္ေသးဘူးလို႔ ဆိုးလ္ရွားေျပာ

မန္ယူအသင္းဟာ ဝုဗ္ကိုအႏိုင္ရခဲ့ေပမယ့္လည္း ခ်န္ပီယံဘြဲ႕ရရွိေရးေမွ်ာ္လင့္ခ်က္ကေတာ့ ေျပာဖို႔ေစာလြန္းေနေသးတယ္လို႔ မန္ယူနည္းျပ ဆိုးလ္ရွားကေျပာလိုက္ပါတယ္။ မန္ယူဟာ နာက်င္အခ်ိန္ပိုမွာ ဖာနန္ဒက္စ္ဖန္တီး ေပးရာတစ္ဆင့္ ရက္ရွ္ဖို႔ဒ္သြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာ ဂိုးနဲ႔ ဝုဗ္ကိုအႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ အႏိုင္ဂိုးကို ၉၂ မိနစ္၊ ၅၁ စကၠန႔္မွာသြင္းယူခဲ့တာျဖစ္လို႔ ၂၀၀၉ စက္တင္ဘာက မန္စီးတီးဘက္ကို မိုက္ကယ္အိုဝင္သြင္းယူခဲ့တဲ့ ၉၅ မိနစ္ ၂၇ စကၠန႔္ ကအႏိုင္ဂိုးၿပီးရင္ အိုးလ္ထရက္ဖို႔ဒ္မွာ အေနာက္က်ဆုံးပရီးမီးယားလိဂ္ဂိုးလည္း ျဖစ္ခဲ့ပါတယ္။

ဒီအႏိုင္ေၾကာင့္ မန္ယူဟာ ထိပ္ဆုံးကဦးေဆာင္ေနတဲ့ လီဗာပူးနဲ႔ ၂ မွတ္သာကြာေတာ့ၿပီး အမွတ္ေပးဇယားဒုတိယေနရာအထိ တက္လွမ္းလာႏိုင္ခဲ့တာပါ။ ဒါ့အျပင္ မန္ယူဟာလည္း ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိတာ ၉ ပြဲဆက္ရွိေနပါၿပီ။ လက္ရွိအေျခအေနေၾကာင့္ မန္ယူဟာ ခ်န္ပီယံဘြဲ႕ကို စိန္ေခၚႏိုင္စြမ္းရွိလာေတာ့မယ္လို႔ ယူဆေနၾက ေပမယ့္ ဆိုးလ္ရွားကေတာ့ ခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္မွန္သမွ်ကို လက္ရွိမွာေခ်ာင္ထိုးထားလိုက္ဖို႔သာတိုက္တြန္းခဲ့တာပါ။ ဒါေပမယ့္ မန္ယူအသင္းဟာ ဘယ္ၿပိဳင္ဘက္ကိုမဆို အႏိုင္ယူႏိုင္စြမ္းရွိေနၿပီဆိုတာကိုေတာ့ ဆိုးလ္ရွားကလက္သင့္ခံခဲ့ပါတယ္။ သူက”၁၅ ပြဲၿပီး႐ုံနဲ႔ ခ်န္ပီယံအေျဖေပၚသြားတယ္ဆိုတာ မရွိေသးပါဘူး။ ဒါေပမယ့္ ပထမဆုံး ၁၀ ပြဲနဲ႔တင္ ခ်န္ပီယံအခြင့္အေရးနဲ႔ေတာ့ လြဲႏိုင္ပါတယ္။

ေနာက္ထပ္ ၁၅ ပြဲေလာက္ကစားၿပီး ပြဲစဥ္ ၃၀ ေလာက္ေရာက္ေတာ့မွသာ ခ်န္ပီယံျဖစ္ေရးအေၾကာင္း ေျပာလို႔ရႏိုင္တာမ်ိဳးပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ ဘယ္အသင္းကိုမဆို ဘယ္ေနရာမွာဘဲ ျဖစ္ျဖစ္အႏိုင္ရေအာင္ ယူႏိုင္စြမ္းရွိေနၿပီဆိုတဲ့ ယုံၾကည္မႈေတာ့ ရေနပါၿပီ။ အေဝးကြင္းမွာ စြမ္းေဆာင္ျပႏိုင္ခဲ့႐ုံမက အိမ္ကြင္းမွာလည္း တိုးတက္လာၿပီဆိုတာ ျပသႏိုင္ခဲ့ပါၿပီ။ ဝုဗ္ကိုအႏိုင္ရရွိခဲ့ျခင္းဟာကြၽန္ေတာ္တို႔ရဲ႕ ယုံၾကည္မႈနဲ႔ အာ႐ုံစူးစိုက္မႈေတြအတြက္ အရမ္းကိုအေရးပါခဲ့ပါတယ္” လို႔ေျပာသြားပါတယ္။