( ၁၅ ) လအတွင်းမှာ ပထမဆုံးအကြိမ် ဂိုးပေါက်ပြန်တွေ့သွားတဲ့ အီယိုဘီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဲဗာတန်အသင်းရဲ့ အဲလက် အီယိုဘီ ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဝုဗ်အသင်းကို ၂ ဂိုး – ၁ ဂိုး အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ ကာလရှည် ပရီးမီးယားလိဂ် ဂိုးပေါက် ပျောက်နေမှုကို အဆုံးသတ်လိုက်ပါတယ်။ နိုက်ဂျီးရီးယား လက်ရွေးစင်းဟာ အန်ဆလော့တီရဲ့ အသင်းကို Molineux Stadium မှာ နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပြီး အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာကို ပို့ဆောင်ပေးခဲ့ပါတယ်။

ပွဲအစ ခြောက်မိနစ်မှာပဲ ဂျိမ်းစ် ရိုဒရီဂွက်ရဲ့ ဖြတ်တင်ဘောကို Lucas Digne က အီယိုဘီထံ ပြန်လည် ပေးပို့ခဲ့ပြီး အာဆင်နယ် ကစားသမားဟောင်းက ကိုက် ( ၂၀ ) အကွာကနေ သွင်းဂိုးရယူနိုင်ခဲ့တယ်။ အဆိုပါ သွင်းဂိုးဟာ အီယိုဘီရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၃၈ ) ပွဲမှာ ပထမဆုံးသွင်းဂိုးလည်း ဖြစ်ပါတယ်။

ယခု ပွဲစဉ်မတိုင်မီ နောက်ဆုံးသွင်းဂိုးကို ၂၀၁၉ ၊ စက်တင်ဘာ ( ၁ ) ရက်နေ့က ဂွတ်ဒီဆင်ပက်မှာ ဝုဗ်အသင်းကို ( 3 -2 ) အနိုင်ရရှိခဲ့ပွဲစဉ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင် ဝုဗ်အသင်းက ပွဲကစားချိန် ( ၁၄ ) မိနစ်မှာ Ruben Neves ရဲ့ သွင်းဂိုးနဲ့ တစ်ဖက်တစ်ဂိုးစီ အနေအထားရောက်ရှိခဲ့ပေမယ့် အဲဗာတန်အသင်းအတွက် အနိုင်ဂိုးကို ပွဲကစားချိန် ( ၇၇ ) မိနစ်မှာ အင်ဒရီ ဂိုးမက်ရဲ့ ဖြတ်တင်ဘောကနေ မိုက်ကယ် ကိန်းက ခေါင်းတိုက်အဆုံးသတ်သွားခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် အဲဗာတန်အသင်းဟာ ( ၁၇ ) ပွဲ ကစားပြီး ရမှတ် ( ၃၂ ) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာ ရောက်ရှိလာပြီး အဆင့် ( ၁ ) နေရာက ယူနိုက်တက်အောက် ( ၄ ) မှတ်လျော့နည်းလျက် ရှိပါတယ်။ အဲဗာတန်အသင်းအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာအသင်းကို ဗီလာပါ့ခ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ Source : Goal

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဲဗာတန္အသင္းရဲ႕ အဲလက္ အီယိုဘီ ဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က ဝုဗ္အသင္းကို ၂ ဂိုး – ၁ ဂိုး အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ သူ႔ရဲ႕ ကာလရွည္ ပရီးမီးယားလိဂ္ ဂိုးေပါက္ ေပ်ာက္ေနမႈကို အဆုံးသတ္လိုက္ပါတယ္။ ႏိုက္ဂ်ီးရီးယား လက္ေ႐ြးစင္းဟာ အန္ဆေလာ့တီရဲ႕ အသင္းကို Molineux Stadium မွာ ႏိုင္ပြဲရရွိေအာင္ ကူညီေပးခဲ့ၿပီး အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာကို ပို႔ေဆာင္ေပးခဲ့ပါတယ္။ ပြဲအစ ေျခာက္မိနစ္မွာပဲ ဂ်ိမ္းစ္ ႐ိုဒရီဂြက္ရဲ႕ ျဖတ္တင္ေဘာကို Lucas Digne က အီယိုဘီထံ ျပန္လည္ ေပးပို႔ခဲ့ၿပီး အာဆင္နယ္ ကစားသမားေဟာင္းက ကိုက္ ( ၂၀ ) အကြာကေန သြင္းဂိုးရယူႏိုင္ခဲ့တယ္။

အဆိုပါ သြင္းဂိုးဟာ အီယိုဘီရဲ႕ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၃၈ ) ပြဲမွာ ပထမဆုံးသြင္းဂိုးလည္း ျဖစ္ပါတယ္။ယခု ပြဲစဥ္မတိုင္မီ ေနာက္ဆုံးသြင္းဂိုးကို ၂၀၁၉ ၊ စက္တင္ဘာ ( ၁ ) ရက္ေန႔က ဂြတ္ဒီဆင္ပက္မွာ ဝုဗ္အသင္းကို ( 3 -2 ) အႏိုင္ရရွိခဲ့ပြဲစဥ္မွာ ရရွိခဲ့တာ ျဖစ္ပါတယ္။ အိမ္ရွင္ ဝုဗ္အသင္းက ပြဲကစားခ်ိန္ ( ၁၄ ) မိနစ္မွာ Ruben Neves ရဲ႕ သြင္းဂိုးနဲ႔ တစ္ဖက္တစ္ဂိုးစီ အေနအထားေရာက္ရွိခဲ့ေပမယ့္ အဲဗာတန္အသင္းအတြက္ အႏိုင္ဂိုးကို ပြဲကစားခ်ိန္ ( ၇၇ ) မိနစ္မွာ အင္ဒရီ ဂိုးမက္ရဲ႕ ျဖတ္တင္ေဘာကေန မိုက္ကယ္ ကိန္းက ေခါင္းတိုက္အဆုံးသတ္သြားခဲ့ပါတယ္။

ယခုႏိုင္ပြဲေၾကာင့္ အဲဗာတန္အသင္းဟာ ( ၁၇ ) ပြဲ ကစားၿပီး ရမွတ္ ( ၃၂ ) မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ( ၄ ) ေနရာ ေရာက္ရွိလာၿပီး အဆင့္ ( ၁ ) ေနရာက ယူႏိုက္တက္ေအာက္ ( ၄ ) မွတ္ေလ်ာ့နည္းလ်က္ ရွိပါတယ္။ အဲဗာတန္အသင္းအေနနဲ႔ လာမယ့္ တနဂၤေႏြေန႔မွာ အက္စတြန္ဗီလာအသင္းကို ဗီလာပါ့ခ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။ Source : Goal