၁၆ သင်း ရှုံးထွက်အဆင့်ကိုတက်ရောက်လာတဲ့ အသင်းတွေရဲ့ ချန်ပီယံလိဂ် ပါဝါအဆင့်သတ်မှတ်ချက် မှာ ဘာစီလိုနာဟာ အဆင့် ၉ နေရာမှာပဲရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မှော်ဆန်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ အုပ်စုအဆင့်ပွဲစဉ် တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ တစ်အုပ်စုကို ၂ သင်းနဲ့ ၁၆ သင်းအဆင့်ကို စုစုပေါင်း ၁၆ သင်း တက်ရောက်သွားခဲ့ကြပြီး အုပ်စုနောက်ဆုံးပွဲစဉ်ပြီးမှ နောက် တစ်ဆင့်တက်မယ့်အသင်းတွေ အဖြေထွက်ခဲ့တဲ့အုပ်စုတွေရှိသလို တချို့အသင်း တွေကလည်း အုပ်စုနောက်ဆုံးပွဲစဉ်ပြီးမှ အုပ်စုဗိုလ်နေရာရခဲ့တာတွေ ရှိပါတယ်။

၁၆ သင်း ရှုံးထွက်အဆင့်မှာ ဦးစားပေးအဆင့်သတ်မှတ်ခံရတဲ့ အုပ်စုဗိုလ် ၈ သင်း ကတော့ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်၊ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီး၊ ဒေါ့မန်၊ ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့ဖြစ်ပြီး ကျန်တဲ့ ၈ သင်းကတော့ အက်သလက်တီကို၊ ဂလက်ဘတ်၊ ပေါ်တို၊ အတ္တလန္တာ၊ ဆီဗီလာ၊ လာဇီယို၊ ဘာစီလိုနာနဲ့ လိုက်ဇစ်တို့ ပါပဲ။ ဂျာမန်နဲ့ စပိန် ၄ သင်းစလုံး နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး အင်္ဂလန်အသင်းတွေထဲ ကလည်း မန်ယူကလွဲပြီး ၃ သင်းနဲ့ အီတလီကလပ် အသင်းတွေနဲ့အတူ တက်နိုင်ခဲ့တာပါ။ ရှုံးထွက်အဆင့်ကိုရောက်လာတဲ့ ၁၆ သင်း ကို ချန်ပီယံလိဂ်ပါဝါအဆင့်သတ်မှတ်ချက်အနေနဲ့ ဖော်ပြရမယ်ဆိုရင်…

၁၆ ။ အတ္တလန္တာ

မနှစ်ကမှ ချန်ပီယံလိဂ်ကို ပထမဆုံးကစားခဲ့ဖူးပြီး ကွာတားဖိုင်နယ်အထိ ရောက်ခဲ့ တဲ့ အတ္တလန္တာဟာ ဒီနှစ်မှာလည်း အုပ်စုပွဲစဉ်တွေမှာ ဒုတိယအကျော့အဝေးကွင်း ၃ ပွဲစလုံးနိုင်ပြီး တက်ရောက်နိုင်ခဲ့တာပါ။ အဝေးကွင်း ၃ ပွဲစလုံး ဂိုးမပေးခဲ့ရတာ ကတော့ ထူးခြားမှုပါပဲ။

၁၅။ ဂလက်ဘတ်

ဂလက်ဘတ်ဟာ နောက်ဆုံးပွဲမှာ ရီးရဲလ်ကိုရှုံးသွားခဲ့ပေမယ့် တစ်ဖက်မှာ အင်တာ က ရှက်တာဒိုးနက်ကို အနိုင်မရခဲ့လို့ နောက်ဆုံးမိနစ်အထိရင်ခုန်ပြီး နောက်တစ် ဆင့်ကိုတက်နိုင်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။

၁၄။ ပေါ်တို

ချန်ပီယံလိဂ်သမ္ဘာရှိတဲ့ပေါ်တိုဟာ အိုလံပီယာကို့စ်နဲ့ မာဆေးကိုကျော်ဖြတ်ပြီး ဒီ အဆင့်ရောက်ခဲ့ပေမယ့် အုပ်စုဒုတိယပဲရခဲ့တာကြောင့် ကျိန်းသေပွဲကျပ်တွေ့ဖို့ ရှိပါတယ်။

၁၃။ လာဇီယို

အုပ်စုကိုရှုံးပွဲမရှိမှတ်တမ်းနဲ့ ဖြတ်သန်းလာခဲ့တဲ့ လာဇီယိုဟာ အဝေးကွင်း ၃ ပွဲစလုံးမှာ ၁-၁ရလဒ်တွေချည်းဖြစ်ခဲ့တာကတော့ ထူးခြားတိုက်ဆိုင်မှုတစ်ခုပါ။

၁၂။ ဆီဗီလာ

ယူရိုပါလိဂ်ဘုရင် ဆီဗီလာဟာ ၁၆ သင်းအဆင့်ကိုလည်း ရောက်သွားခဲ့ပါပြီ။ ဒါပေမဲ့ ဒီအဆင့်မှပြုတ်ရင် ယူရိုပါလိဂ်ကိုဆင်းကစားလို့မရတော့တာကြောင့် ချန်ပီ ယံလိဂ်မှာ ဘယ်လောက်ခရီးဆက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

၁၁။ လိုက်ဇစ်

နောက်ဆုံးပွဲစဉ်မှာ မန်ယူကိုအနိုင်ယူပြီး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခဲ့တဲ့ လိုက်ဇစ် ဟာ မနှစ်က ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့သလိုမျိုး ထပ်လုပ်ပြနိုင်ဖို့တော့ မ လွယ်ပါဘူး။

၁၀။ အက်သလက်တီကို

တီကိုဟာ ရှုံးထွက်အဆင့်ရောက်ခဲ့ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့တာမျိုးတော့ မရှိပါဘူး။

၉။ ဘာစီလိုနာ

ဘာစီလိုနာလိုအသင်းမျိုးအနေနဲ့ ဒီနှစ်ခြေစွမ်းကြောင့် ချန်ပီယံလိဂ်Rating ပါဝါမှာ အဆင့် ၉ နေရာရောက်နေတာပါ။ အုပ်စုဒုတိယပဲရခဲ့တဲ့အတွက် ရှုံးထွက်အဆင့် မှာ ဘိုင်ယန်၊ လီဗာပူး၊ မန်စီးတီးတို့လိုအသင်းတွေနဲ့ ပွဲကျပ်တွေ့နိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



၁၆ ။ အတ္တလန္တာ


၁၅။ ဂလက်ဘတ်


၁၄။ ပေါ်တို


၁၃။ လာဇီယို


၁၂။ ဆီဗီလာ


၁၁။ လိုက်ဇစ်


၁၀။ အက်သလက်တီကို


၉။ ဘာစီလိုနာ
