၁၈ လအကြာမှာပဲ လမ်းပတ်ကို ချဲလ်ဆီးထုတ်ပယ်လိုက်ပြီ

ချဲလ်ဆီးဟာ အသင်းကို ၁၈ လကြာကိုင်တယွ်ခဲ့တဲ့ သူတို့နည်းပြဖရန့်လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

လမ်းပတ်အထုတ်ခံရချိန် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာကိုရောက်ရှိနေပြီး နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့တာပါ။

၄၂ နှစ်အရွယ် လမ်းပတ်ရဲ့ချဲလ်ဆီးနည်းပြဘ၀ နောက်ဆုံးပွဲက ချန်ပီယံရှစ်ကလပ်လူတန်တောင်းကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ် ဖြစ်ခဲ့ပါတယ်။

အသင်းကွင်းလယ်လူဟောင်းလည်းဖြစ်တဲ့လမ်းပတ်ဟာ ၂၀၁၉ ဇူလိုင်က ဆာရီရဲ့နေရာအစားဝင်လာခဲ့သူဖြစ်ပြီး ၃ နှစ်စာချုပ်နဲ့ခန့်အပ်ခံခဲ့ရတာပါ။

ချဲလ်ဆီးက သူ့ရဲ့ပထမဆုံးရာသီမှာ လမ်းပတ်ဟာ အသင်းကို ထိပ်ဆုံး ၄ နေရာအတွင်း ရပ်တည်နိုင်စေခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲဆီလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ချဲလ်ဆီးဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲတစ်ပွဲရဖို့တောင် အနိုင်နိုင်ဖြစ်နေလို့ လမ်းပတ်နဲ့လမ်းခွဲရတဲ့အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

၂၀၀၃ မှာ ချဲလ်ဆီးကို ရုရှားဘီလျံနာရိုမန်အေဘရာမိုဗစ်ချ်ဝယ်ယူပြီးချိန်ကတည်းက လမ်းပတ်ဟာ ချဲလ်ဆီးရဲ့ ၁၀ ဦးမြောက် အမြဲတမ်းနည်းပြဖြစ်လာခဲ့တာပါ။

ဘောလုံးဘဏ္ဍာရေးဂျာနယ်လစ်ကီယာရန်မက်ဂွိုင်းယားရဲ့အဆိုအရ အသင်းပိုင်ရှင်မိုဗစ်ချ်ဟာ လမ်းပတ်ကိုမထုတ်ပယ်ခင်အထိ နည်းပြတွေကိုထုတ်ပယ်ရာမှာ ပေါင်သန်း ၁၁၀ အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

Zawgyi

၁၈ လအၾကာမွာပဲ လမ္းပတ္ကို ခ်ဲလ္ဆီးထုတ္ပယ္လုိက္ၿပီ

ခ်ဲလ္ဆီးဟာ အသင္းကို ၁၈ လၾကာကိုင္တယြ္ခဲ့တဲ့ သူတုိ႔နည္းျပဖရန္႔လမ္းပတ္ကို ရာထူးကေန ထုတ္ပယ္လုိက္ၿပီ ျဖစ္ပါတယ္။

လမ္းပတ္အထုတ္ခံရခ်ိန္ ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၉ ေနရာကိုေရာက္ရွိေနၿပီး ေနာက္ဆုံးပရီးမီးယားလိဂ္ ၅ ပြဲမွာ ၁ ပြဲသာအႏိုင္ရရွိခဲ့တာပါ။

၄၂ ႏွစ္အရြယ္ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးနည္းျပဘ၀ ေနာက္ဆုံးပြဲက ခ်န္ပီယံရွစ္ကလပ္လူတန္ေတာင္းကုိ ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္ ျဖစ္ခဲ့ပါတယ္။

အသင္းကြင္းလယ္လူေဟာင္းလည္းျဖစ္တဲ့လမ္းပတ္ဟာ ၂၀၁၉ ဇူလုိင္က ဆာရီရဲ႕ေနရာအစား၀င္လာခဲ့သူျဖစ္ၿပီး ၃ ႏွစ္စာခ်ဳပ္နဲ႔ခန္႔အပ္ခံခဲ့ရတာပါ။

ခ်ဲလ္ဆီးက သူ႔ရဲ႕ပထမဆုံးရာသီမွာ လမ္းပတ္ဟာ အသင္းကို ထိပ္ဆုံး ၄ ေနရာအတြင္း ရပ္တည္ႏိုင္ေစခဲ့ၿပီး အက္ဖ္ေအဖလားဗုိလ္လုပြဲဆီလည္း ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ အခုခ်ိန္မွာေတာ့ ခ်ဲလ္ဆီးဟာ ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲတစ္ပြဲရဖုိ႔ေတာင္ အႏိုင္ႏိုင္ျဖစ္ေနလို႔ လမ္းပတ္နဲ႔လမ္းခြဲရတဲ့အေျခအေနကို ေရာက္ရွိခဲ့ပါတယ္။

၂၀၀၃ မွာ ခ်ဲလ္ဆီးကို ရုရွားဘီလ်ံနာရိုမန္ေအဘရာမိုဗစ္ခ်္၀ယ္ယူၿပီးခ်ိန္ကတည္းက လမ္းပတ္ဟာ ခ်ဲလ္ဆီးရဲဲ႕ ၁၀ ဦးေျမာက္ အၿမဲတမ္းနည္းျပျဖစ္လာခဲ့တာပါ။

ေဘာလုံးဘ႑ာေရးဂ်ာနယ္လစ္ကီယာရန္မက္ဂြိဳင္းယားရဲ႕အဆိုအရ အသင္းပိုင္ရွင္မိုဗစ္ခ်္ဟာ လမ္းပတ္ကိုမထုတ္ပယ္ခင္အထိ နည္းျပေတြကိုထုတ္ပယ္ရာမွာ ေပါင္သန္း ၁၁၀ အထိ သုံးစြဲခဲ့တယ္လုိ႔ သိရပါတယ္။