
အိုးလ်ထရက်ဖို့ဒ်မှာ ဝုဖ်ကို လက်ခံကစားခဲ့တဲ့မန်ယူဟာ ပြိုင်ဘက်ကို
အဘက်ဘက်က မယှဥ္နိုင်ခဲ့ခြင်းနဲ့အတူ ထိုက်ထိုက်တန်တန် အရှုံးပေးလိုက်ရပါတယ်။
ဝုဖ်ဟာ ကိုဗစ်ဖြစ်ခဲ့သူများလို့ လိဂ် ၂ ပွဲရွေ့ဆိုင်းခဲ့ရပြီး ဒီဇင်ဘာ ၁၉ နောက်ပိုင်း
ပထမဆုံးပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်ကိုလာကစားခဲ့တာပါ။
မန်ယူနဲ့တွေ့တိုင်းဂိုးရဖို့ခက်ခဲ့သလို ၁၉၈၀ ဖေဖော်ဝါရီက
အိုးလ်ထရက်ဖို့ဒ်မှာ ၀-၁ နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း ၁၀ ပွဲဆက်တိုက်
နိုင်ပွဲမရခဲ့တဲ့ ဝုဖ်ဟာ ရန်းနစ်ခ်တာဝန်ယူနေတဲ့ မန်ယူကိုတော့
အဘက်ဘက်က အသာစီးရပြီး အနိုင်ရခဲ့တာပါ။
ရန်နစ်ခ်ဟာ ဗဟိုခံစစ်မှာ ဗာရန်းနဲ့ ဖီးလ်ဂျံဒးစ်ကိုတွဲပြီး ပဲွထုတ်ခဲ့ပါတယ်။
ဖီးလ်ဂျုံးစ်ဟာ ၂၀၂၀ ဇန်နဝါရီနောက်ပိုင်း၊ ၇၁၂ ရက်အကြာမှာ
မန်ယူအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲပြန်ကစားခဲ့တာပါ။
ပွဲဆက်ပျက်နေပေမယ့် ဖီးလ်ဂျုံးစ်က ပွဲကြောင်နေမှုမျိုး မရှိဘဲ
အရေးပါတဲ့ ဖျက်ထုတ်မှုတွေပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရန်းနစ်ခ်အသုံးပြုခဲ့တဲ့ ၄-၂-၂-၂ ကစားကွက်မှာ
ကွွင်းလယ်ကနေ တိုက်စစ်ကို အဓိကပံ့ပိုးပေးရတဲ့ ဂရင်းဝုဒ်နဲ့ ဆန်ချိုတို့ဆီက
ဖန်တီးမှုတွေမထွက်လာခဲ့သလို တွမ်မီနေးနဲ့ မာတစ်ကလည်း ဝုဖ်တိုက်စစ်ကိုသာ
လိုက်ဖျက်နေရလို့ ရှေ့တန်းက ကာဗာနီနဲ့ ရော်နယ်ဒိုတို့ရဲ့
တိုက်စစ်ကလည်း အရာမရောက်ခဲ့ပါဘူး။
မန်ယူဟာ ပွဲချိန် မိနစ် ၂၀ ရောက်မှ ဝုဖ်ရဲ့ ၁၈ ကိုက်စည်းထဲကို
ပထမဆုံးအကြိမ်စရောက်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာလည်း
ဂိုးတည့်ကန်ချက်တစ်ကြိမ်သာရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
ဝုဖ်ကတော့ ပထအပိုင်းမှာကတည်းက မန်ယူဘက်ကို ကန်သွင်းချက်
၁၅ ကြိမ်အထိရခဲ့တာပါ။ မန်ယူရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျောက်
အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ဘက်အသင်းတစ်သင်းကို ပထမပိုင်း ၄၅ မိနစ်အတွင်း
ကန်ချက်အများဆုံး ပေးခဲ့ရမှုလည်း ဖြစ်ခဲ့ပါတယ္။
ဒုတိယပိုင်းမှာလည်း မန်ယူရဲ့ကွင်းလယ်နဲ့ တိုက်စစ်က အားရစရာမရှိခဲ့ပါဘူး။
ဘန်လေပွဲတုန်းက ပွဲပယ်ခံရလို့ မပါနိုင်တဲ့ ဘရူနိုကို ဂရင်းဝုဒ်အစားလူစားသွင်းပြီးနောက်
မန်ယူရဲ့ ကွင်းလယ်ကစားပုံတက်လာခဲ့ပါတယ်။ ဆန်ချိုအစား
ရက်ရှ်ဖို့ဒ်ကို ထည့်ပြီး တိုက်စစ်မြှင့်ဖို့ ရန်းနစ်ခ်က ကြိုးစားခဲ့ပေမယ့်
ရက်ရှ်ဖို့ဒ်ဝင်လာပြီး ၅ မိနစ်အကြာ၊ ပွဲချိန် ၈၂ မိနစ်မှာပဲ ဝုဖ်က အနိုင်ဂိုးရသွားတာပါ။
ညာတောင်ပံက ဖြတ်တင်ဘောကို မန်ယူနောက်တန်းက
ရှင်းထုတ်လိုက်လို့ ၁၈ ကိုက်စည်းထိပ်ကျလာတာကို
ဝုဖ်ရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား မော်တင်ဟိုက
သေသေသပ်သပ်ပဲကန်သွင်းပြီး အနိုင်ဂိုးရသွားတာပါ။
ဒုတိယပိုင်းမှာရတဲ့ ၅ ကြိမ်မြောက်ကန်ချက်နဲ့
ဒုတိယမြောက်ဂိုးတည့်ကန်ချက်မှာ ဝုဖ် အနိုင်ဂိုးရခဲ့တာပါ။
ရန်းနစ်ခ်ဟာ ဘစ်ဆာကာအစား အီလန်ဂါကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့်
ဆေးမမီတော့ပါဘူး။ ဒုတိယပိုင်းမှာလည်း မန်ယူက ဂိုးတည့်ကန်ချက်
တစ်ကြိမ်သာရခဲ့ပါတယ်။ ပထမပိုင်းကတည်းက ဒီဂေးကာကွယ်နိုင်လို့
ဂိုးမပေးခဲ့ရသလို ဒုတိယပိုင်းမှာ ဝုဖ် ပင်နယ်တီရနိုင်တဲ့ အခြေအနေလည်း
ရှိခဲ့ပြီး တစ်ဂိုးတည်းနဲ့ ရှုံးခဲ့တာဟာ ကံကောင်းခဲ့ပါတယ်။
ဝုဖ်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ၁၀ ပွဲဆက်မနိုင်ခဲ့ဘဲ ၃ ပွဲသရေ၊
၇ ပွဲရှုံးမှတ်တမ်းကို ချေဖျက်ကာ ၁၉၈၀ နောက်ပိုင်း ပထမဆုံးနိုင်ပွဲရခဲ့တာပါ။
မော်တင်ဟိုကလည်း အသက် ၃၅ နှစ်၊၁၁၇ ရက်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ
အနိုင်ဂိုးသွင်းနိုင်တ့့ဲ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မန်ယူဟာ ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်တဲ့ ၄ ပွဲမြောက်ကို
ရခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီက တစ်ရာသီလုံး ၃ ပွဲထက်တောင်
အိမ်ကွင်းဂိုးမသွင်းနိုင်တဲ့ပွဲများခဲ့ပြီး ဝုဖ်ကို ထိုက်တန်စွာ အရှုံးပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
zawgyi
၁၉၈၀ ေနာက္ပိုင္း ၁၀ ပြဲဆက္တိုက္ ႏိုင္ပြဲမရခဲ့တဲ့ ဝုဖ္ မန္ယူကို အဘက္ဘက္က အသာစီးရၿပီး အႏိုင္ရခဲ့
အိုးလ္ထရက္ဖို႔ဒ္မွာ ဝုဖ္ကို လက္ခံကစားခဲ့တဲ့မန္ယူဟာ ၿပိဳင္ဘက္ကို
အဘက္ဘက္က မယွၪၷိဳင္ခဲ့ျခင္းနဲ႔အတူ ထိုက္ထိုက္တန္တန္ အရႈံးေပးလိုက္ရပါတယ္။
ဝုဖ္ဟာ ကိုဗစ္ျဖစ္ခဲ့သူမ်ားလို႔ လိဂ္ ၂ ပြဲေ႐ြ႕ဆိုင္းခဲ့ရၿပီး ဒီဇင္ဘာ ၁၉ ေနာက္ပိုင္း
ပထမဆုံးပြဲအျဖစ္ အိုးလ္ထရက္ဖို႔ဒ္ကိုလာကစားခဲ့တာပါ။
မန္ယူနဲ႔ေတြ႕တိုင္းဂိုးရဖို႔ခက္ခဲ့သလို ၁၉၈၀ ေဖေဖာ္ဝါရီက
အိုးလ္ထရက္ဖို႔ဒ္မွာ ၀-၁ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ၁၀ ပြဲဆက္တိုက္
ႏိုင္ပြဲမရခဲ့တဲ့ ဝုဖ္ဟာ ရန္းနစ္ခ္တာဝန္ယူေနတဲ့ မန္ယူကိုေတာ့
အဘက္ဘက္က အသာစီးရၿပီး အႏိုင္ရခဲ့တာပါ။
ရန္နစ္ခ္ဟာ ဗဟိုခံစစ္မွာ ဗာရန္းနဲ႔ ဖီးလ္ဂ်ံဒးစ္ကိုတြဲၿပီး ပဲြထုတ္ခဲ့ပါတယ္။
ဖီးလ္ဂ်ဳံးစ္ဟာ ၂၀၂၀ ဇန္နဝါရီေနာက္ပိုင္း၊ ၇၁၂ ရက္အၾကာမွာ
မန္ယူအတြက္ ပထမဆုံးပရီးမီးယားလိဂ္ပြဲျပန္ကစားခဲ့တာပါ။
ပြဲဆက္ပ်က္ေနေပမယ့္ ဖီးလ္ဂ်ဳံးစ္က ပြဲေၾကာင္ေနမႈမ်ိဳး မရွိဘဲ
အေရးပါတဲ့ ဖ်က္ထုတ္မႈေတြျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ရန္းနစ္ခ္အသုံးျပဳခဲ့တဲ့ ၄-၂-၂-၂ ကစားကြက္မွာ
ကြြင္းလယ္ကေန တိုက္စစ္ကို အဓိကပံ့ပိုးေပးရတဲ့ ဂရင္းဝုဒ္နဲ႔ ဆန္ခ်ိဳတို႔ဆီက
ဖန္တီးမႈေတြမထြက္လာခဲ့သလို တြမ္မီေနးနဲ႔ မာတစ္ကလည္း ဝုဖ္တိုက္စစ္ကိုသာ
လိုက္ဖ်က္ေနရလို႔ ေရွ႕တန္းက ကာဗာနီနဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕
တိုက္စစ္ကလည္း အရာမေရာက္ခဲ့ပါဘူး။
မန္ယူဟာ ပြဲခ်ိန္ မိနစ္ ၂၀ ေရာက္မွ ဝုဖ္ရဲ႕ ၁၈ ကိုက္စည္းထဲကို
ပထမဆုံးအႀကိမ္စေရာက္ခဲ့တာျဖစ္ၿပီး ပထမပိုင္းမွာလည္း
ဂိုးတည့္ကန္ခ်က္တစ္ႀကိမ္သာရတဲ့အထိ အေျခအေနဆိုးခဲ့ပါတယ္။
ဝုဖ္ကေတာ့ ပထအပိုင္းမွာကတည္းက မန္ယူဘက္ကို ကန္သြင္းခ်က္
၁၅ ႀကိမ္အထိရခဲ့တာပါ။ မန္ယူရဲ႕ ပရီးမီးယားလိဂ္သမိုင္းတစ္ေလ်ာက္
အိုးလ္ထရက္ဖို႔ဒ္မွာ ၿပိဳင္ဘက္အသင္းတစ္သင္းကို ပထမပိုင္း ၄၅ မိနစ္အတြင္း
ကန္ခ်က္အမ်ားဆုံး ေပးခဲ့ရမႈလည္း ျဖစ္ခဲ့ပါတယ္။
ဒုတိယပိုင္းမွာလည္း မန္ယူရဲ႕ကြင္းလယ္နဲ႔ တိုက္စစ္က အားရစရာမရွိခဲ့ပါဘူး။
ဘန္ေလပြဲတုန္းက ပြဲပယ္ခံရလို႔ မပါႏိုင္တဲ့ ဘ႐ူႏိုကို ဂရင္းဝုဒ္အစားလူစားသြင္းၿပီးေနာက္
မန္ယူရဲ႕ ကြင္းလယ္ကစားပုံတက္လာခဲ့ပါတယ္။ ဆန္ခ်ိဳအစား
ရက္ရွ္ဖို႔ဒ္ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ဖို႔ ရန္းနစ္ခ္က ႀကိဳးစားခဲ့ေပမယ့္
ရက္ရွ္ဖို႔ဒ္ဝင္လာၿပီး ၅ မိနစ္အၾကာ၊ ပြဲခ်ိန္ ၈၂ မိနစ္မွာပဲ ဝုဖ္က အႏိုင္ဂိုးရသြားတာပါ။
ညာေတာင္ပံက ျဖတ္တင္ေဘာကို မန္ယူေနာက္တန္းက
ရွင္းထုတ္လိုက္လို႔ ၁၈ ကိုက္စည္းထိပ္က်လာတာကို
ဝုဖ္ရဲ႕ ေပၚတူဂီကြင္းလယ္ကစားသမား ေမာ္တင္ဟိုက
ေသေသသပ္သပ္ပဲကန္သြင္းၿပီး အႏိုင္ဂိုးရသြားတာပါ။
ဒုတိယပိုင္းမွာရတဲ့ ၅ ႀကိမ္ေျမာက္ကန္ခ်က္နဲ႔
ဒုတိယေျမာက္ဂိုးတည့္ကန္ခ်က္မွာ ဝုဖ္ အႏိုင္ဂိုးရခဲ့တာပါ။
ရန္းနစ္ခ္ဟာ ဘစ္ဆာကာအစား အီလန္ဂါကိုထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္
ေဆးမမီေတာ့ပါဘူး။ ဒုတိယပိုင္းမွာလည္း မန္ယူက ဂိုးတည့္ကန္ခ်က္
တစ္ႀကိမ္သာရခဲ့ပါတယ္။ ပထမပိုင္းကတည္းက ဒီေဂးကာကြယ္ႏိုင္လို႔
ဂိုးမေပးခဲ့ရသလို ဒုတိယပိုင္းမွာ ဝုဖ္ ပင္နယ္တီရႏိုင္တဲ့ အေျခအေနလည္း
ရွိခဲ့ၿပီး တစ္ဂိုးတည္းနဲ႔ ရႈံးခဲ့တာဟာ ကံေကာင္းခဲ့ပါတယ္။
ဝုဖ္ကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ ၁၀ ပြဲဆက္မႏိုင္ခဲ့ဘဲ ၃ ပြဲသေရ၊
၇ ပြဲရႈံးမွတ္တမ္းကို ေခ်ဖ်က္ကာ ၁၉၈၀ ေနာက္ပိုင္း ပထမဆုံးႏိုင္ပြဲရခဲ့တာပါ။
ေမာ္တင္ဟိုကလည္း အသက္ ၃၅ ႏွစ္၊၁၁၇ ရက္နဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ
အႏိုင္ဂိုးသြင္းႏိုင္တ့့ဲ အသက္အႀကီးဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
မန္ယူဟာ ဒီရာသီ ပရီးမီးယားလိဂ္အိမ္ကြင္းမွာ ဂိုးမသြင္းႏိုင္တဲ့ ၄ ပြဲေျမာက္ကို
ရခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီက တစ္ရာသီလုံး ၃ ပြဲထက္ေတာင္
အိမ္ကြင္းဂိုးမသြင္းႏိုင္တဲ့ပြဲမ်ားခဲ့ၿပီး ဝုဖ္ကို ထိုက္တန္စြာ အရႈံးေပးလိုက္ရတာပဲ ျဖစ္ပါတယ္။