(၂)ပေါင်ရင်းပြီး ပေါင် (၅)သိန်းကျော် ကံကောင်းမှုတွေရှိခဲ့တဲ့ အင်္ဂလန်က ဘောလုံးဆရာတစ်ယောက်

မနေ့ညက အင်္ဂလန်၊ ဂျာမနီ၊ ကာတာနဲ့ နယ်သာလန်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်

နိုင်ပွဲတွေဟာ ကျွန်တော်တို့အတွက် သာမန်ဘောလုံးပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့်

တစ်ယောက်သော ပရိသတ်အတွက်တော့

ပျော်ရွှင်မှုတွေအကြီးအကျယ်ရစေခဲ့ပါတယ်။

သူဟာ Ladbrokes မှာအကောင့်ဖွင့်ပြီး စနေနေ့ပွဲစဉ်တွေထဲက

လိဂ်ဝမ်း၊လိဂ်တူးပွဲတွေကိုစတင်ရွေးချယ်ခဲ့ပြီး

နိုင်ငံတကာပွဲတွေကိုဆက်ပြီး မောင်းလောင်းခဲ့တာပါ။

ပွဲစဉ်တစ်ချို့မှာ ကြေးက ၂၅၂၉၉၁-၁ဆ ဖြစ်နေတဲ့ ပွဲစဉ်တွေကို

ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ရွေးချယ်မှုတွေကလည်း အံသြစရာပါပဲ။

စနေပွဲစဉ်တွေဖြစ်တဲ့ ကိုချက်စတာ၊ မန်းဖီးလ်ပွဲစဉ်(၂)ပွဲလုံး ဟာ

ပွဲပြီးခါနီး (၉၀+၅) မိနစ် မှာအနိုင်ဂိုးကိုသွင်းယူခဲ့ပြီး

သူရွေးချယ်ခဲ့တဲ့မောင်းမကျိုးစေခဲ့သလို

အင်္ဂလန်၊ဂျာမနီ၊ကာတာနှင့်နယ်သာလန်တို့ကိုလည်း

နိုင်ပွဲရမယ်လို့ခန့်မှန်းခဲ့တာမှာ ကွက်တိမှန်ခဲ့တာကြောင့်

သူလောင်းကြေးထပ်တဲ့အသင်းတွေအားလုံးအနိုင်ရခဲ့ပြီး

ပေါင်၅သိန်းအထိအောင်ပွဲဆင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖြစ်နိုင်ချေအရ အလွန်ခက်ခဲခဲ့ပေမယ့် ဒီ အင်္ဂလန်က ဘောဆရာကတော့

အံသြစရာရွေးချယ်မှုတွေကိုလုပ်နိုင်ခဲ့ပြီး

နိုင်ငံတကာရက်သတ္တပတ်မှာ ဒိုင်တွေကိုမျက်ခုံးလှုပ်စေခဲ့ပါတယ်။

သူရွေးချယ်ခဲ့တဲ့ မောင်းထဲမှာ စိတ်လှုပ်ရှားစရာဖြစ်စေခဲ့တဲ့

ပွဲတွေကအများကြီးရှိခဲ့ပါတယ်။

နောက်ဆုံးမိနစ်တွေရောက်မှာ အနိုင်ဂိုးကို သွင်းယူခဲ့ပြီး

ကြေးအောင်သွားခဲ့တဲ့ပွဲတွေထဲမှာ စပိန်နဲ့အယ်ဘေးနီးယား

ပွဲစဉ်ကလည်း တစ်ပွဲအဖြစ်ပါဝင်ခဲ့ပါတယ်။

ပွဲပြီးခါနီးအထိ တစ်ဘက်ကို (၁)ဂိုးစီနဲ့သရေကျနေခဲ့ပြီး

(၁-၁)နဲ့ပွဲပြီးတော့မယ့် အခြေအနေမှာ ဒန်နီအိုလ်မိုက မိနစ်၉၀မှာ

အနိုင်ဂိုးသွင်းယူပေးခဲ့လို့ (၂-၁)နဲ့ စပိန်ကအနိုင်ရခဲ့သလို

အဲ့သည့်ပွဲဟာလည်း သူ့ရဲ့တနင်္ဂနွေညရွေးချယ်မှုတွေထဲမှာ

ပွဲပြီးမှ သက်ပြင်းချနိုင်ခဲ့တဲ့ ပွဲစဉ်တွေထဲက ပွဲတစ်ပွဲဖြစ်ပါလိမ့်မယ်။

ဒါ့အပြင်သူ့မောင်းကမိုဇမ်ဘစ်နှင့်မော်ရီတာနီယာတို့ရဲ့ပွဲမှာမိုဇမ်ဘစ်က

ပွဲချိန် မိနစ် (၉၀)မှာချေပဂိုးသွင်းလာမှုကြောင့် မောင်းရှုံးပြီလို့ထင်မှတ်ရပေမဲ့

(၉၂)မိနစ်မှာ မော်ရီတာနီယာကအနိုင်ဂိုးသွင်းယူခဲ့တာကြောင့် မောင်းမကျိုးခဲ့ပါဘူး။

ကျွန်တော်တို့ ဘောလုံးပွဲတွေကို သဘောကျနှစ်သက်တယ်ဆိုရာမှာ

အသင်းစွဲနဲ့အားပေးမှုတွေရှိသလို ကိုယ်သဘောကျတဲ့ဘောလုံးသမားတွေရဲ့

ကစားဟန်များကိုစောင့်ကြည့်ပြီး ရင်ခုန်ရတာရှိသလို

အခုလို မောင်းရွေးချယ်ပြီး ရင်ခုန်ရတဲ့ဖီလင်ကလ်း တစ်မျိုးတစ်ဘာသာရှိတဲ့ ခံစားမှုမျိုးပါပဲ။

ရွေးချယ်မှုတွေအားလုံးမှန်ကန်နိုင်ဖို့ဆိုတာ အမြဲမဖြစ်နိုင်ပေမယ့်

ဒီလို (၂)ပေါင်ရင်းပြီး ပေါင် (၅)သိန်းကျော် ကံကောင်းမှုတွေရှိခဲ့တဲ့

အင်္ဂလန်က ဘောလုံးဆရာတစ်ယော်အတွက်တော့

ကျွန်တော်တို့တွေ ချီးယားလုပ်ပေးလိုက်ကြရာအောင်ပါ။

zawgyi








































