
လီယွန်နယ်မက်ဆီဟာတနင်္ဂနွေနေ့ညတုန်းကမာဆေးလ်နှင့်ဂိုးမရှိ
သရေကျတဲ့ပွဲတွင်ဂိုးမသွင်းနိုင်ခဲ့ပြီးနောက်၂၀၀၅-၀၆ရာသီနောက်ပိုင်း
အဆိုးရွားဆုံရာသီအစနှင့်ကြုံဆုံလိုက်ရပြီဖြစ်ပါတယ်။
အသက်၃၄နှစ်ရှိအာဂျင်တီးနားအသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့နွေရာသီမှာ
ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာပြီးနောက်
လီဂူး၁တွင်၃၀၃မိနစ်ကစားထားပြီးဖြစ်ပါတယ်။
သူဟာသုံးပွဲပွဲထွက်ကစားကာတစ်ပွဲကိုအရန်အဖြစ်ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး
မက်ဇ်၊မွန်ပယ်လီယာတို့နှင့်ပွဲစဉ်တို့အားဒဏ်ရာကြောင့်လွဲခဲ့ပါတယ်။
သူဟာအာဂျင်တီးနားအတွက်ကမ္ဘာ့ဖလားခြေစစ်ပွဲသွားကစားမှုကြောင့်
အင်ဂါးကို၂-၁ဖြင့်အနိုင်ရတဲ့ပွဲကိုလွဲခဲ့ပါတယ်။ပီအက်စ်ဂျီဟာလည်း
မက်ဆီမပါဝင်တဲ့လီဂူး၁ပွဲတိုင်းအနိုင်ရထားပါတယ်။
ပိုချက်တီနိုဦးဆောင်တဲ့အသင်းဟာမက်ဆီပါဝင်တဲ့လိဂ်ပွဲများထဲမှ
နှစ်ပွဲအနိုင်မရထားပါဘူး။ရန်နက်စ်ကို၂-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနဲ့မာဆေးလ်နှင့်
ဂိုးမရှိသရေကျတဲ့ပွဲဖြစ်ပါတယ်။ မက်ဆီဟာလီဂူး၁တွင်ဆိုးရွားတဲ့
တာထွက်နှင်ကြုံနေရပေမယ့်လည်းချန်ပီယံလိဂ်မှာသုံးဂိုးသွင်းယူထားနိုင်ပါတယ်။
ပီအက်စ်ဂျီဟာလီဂူး၁မှာမက်ဆီရုန်းကန်နေရပေမယ့်လည်း၁၁ပွဲကစားပြီးချိန်မှာ
ဒုတိယနေရာမှလန်းစ်ကို၇မှတ်ဖြတ်ကာထိပ်ဆုံးမှာသက်တောင့်သက်သာနဲ့ရပ်တည်နေပါတယ်။
zawgyi
၂၀၀၅-၀၆ရာသီေနာက္ပိုင္းအဆိုး႐ြားဆုံရာသီအစႏွင့္ႀကဳံဆုံလိုက္ရၿပီျဖစ္တဲ့ မက္ဆီ
လီယြန္နယ္မက္ဆီဟာတနဂၤေႏြေန႔ညတုန္းကမာေဆးလ္ႏွင့္ဂိုးမရွိ
သေရက်တဲ့ပြဲတြင္ဂိုးမသြင္းႏိုင္ခဲ့ၿပီးေနာက္၂၀၀၅-၀၆ရာသီေနာက္ပိုင္း
အဆိုး႐ြားဆုံရာသီအစႏွင့္ႀကဳံဆုံလိုက္ရၿပီျဖစ္ပါတယ္။
အသက္၃၄ႏွစ္ရွိအာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာၿပီးခဲ့တဲ့ေႏြရာသီမွာ
ပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာၿပီးေနာက္
လီဂူး၁တြင္၃၀၃မိနစ္ကစားထားၿပီးျဖစ္ပါတယ္။
သူဟာသုံးပြဲပြဲထြက္ကစားကာတစ္ပြဲကိုအရန္အျဖစ္ဝင္ေရာက္ကစားခဲ့တာျဖစ္ၿပီး
မက္ဇ္၊မြန္ပယ္လီယာတို႔ႏွင့္ပြဲစဥ္တို႔အားဒဏ္ရာေၾကာင့္လြဲခဲ့ပါတယ္။
သူဟာအာဂ်င္တီးနားအတြက္ကမာၻ႔ဖလားေျခစစ္ပြဲသြားကစားမႈေၾကာင့္
အင္ဂါးကို၂-၁ျဖင့္အႏိုင္ရတဲ့ပြဲကိုလြဲခဲ့ပါတယ္။ပီအက္စ္ဂ်ီဟာလည္း
မက္ဆီမပါဝင္တဲ့လီဂူး၁ပြဲတိုင္းအႏိုင္ရထားပါတယ္။
ပိုခ်က္တီႏိုဦးေဆာင္တဲ့အသင္းဟာမက္ဆီပါဝင္တဲ့လိဂ္ပြဲမ်ားထဲမွ
ႏွစ္ပြဲအႏိုင္မရထားပါဘူး။ရန္နက္စ္ကို၂-ဝဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲနဲ႔မာေဆးလ္ႏွင့္
ဂိုးမရွိသေရက်တဲ့ပြဲျဖစ္ပါတယ္။ မက္ဆီဟာလီဂူး၁တြင္ဆိုး႐ြားတဲ့
တာထြက္ႏွင္ႀကဳံေနရေပမယ့္လည္းခ်န္ပီယံလိဂ္မွာသုံးဂိုးသြင္းယူထားႏိုင္ပါတယ္။
ပီအက္စ္ဂ်ီဟာလီဂူး၁မွာမက္ဆီ႐ုန္းကန္ေနရေပမယ့္လည္း၁၁ပြဲကစားၿပီးခ်ိန္မွာ
ဒုတိယေနရာမွလန္းစ္ကို၇မွတ္ျဖတ္ကာထိပ္ဆုံးမွာသက္ေတာင့္သက္သာနဲ႔ရပ္တည္ေနပါတယ္။