၂၀၁၁ခုနှစ်က အနီကတ် ခုထိ မဖြေရှင်းနိုင်သေး

ကျွန်တော်တို့ဟာ ၂၀၂၂ခုနှစ်သို့ တိုးဝင်လာနေပြီဖြစ်ပေမယ့် ၂၀၁၁ခုနှစ်တုန်းက

ဘာစီလိုနာနှင့်ပွဲစဉ်မှရော်ဘင်ဗန်ပါစီကိုအနီကတ်ပြသခဲ့တဲ့ဒိုင်လူကြီးရဲ့

အငြင်းပွားဖွယ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ယခုတိုင် ဘယ်သူမှအဖြေမပေးနိုင်သေးပါဘူး။

ယင်းပွဲမှာအဝါကတ်တစ်ကြိမ်ပြသခံထားရပြီးဖြစ်တဲ့ ဗန်ပါစီဟာပွဲကစားစဉ်

ဂိုးပေါက်ထဲသို့ ဘောလုံးကန်သွင်းခဲ့မှုအတွက် ဒိုင်လူကြီးကဒုတိယအဝါကတ်ပြသပြီး

နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်၅၅မိနစ်မှာဖီယင်နုတိုက်စစ်မှူးဟောင်းဟာလူကျွံအလံထောင်ခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ဗန်ပါစီဟာဒိုင်လူကြီးရဲ့ဝီစီမှုတ်သံကိုမကြားခဲ့ဘဲညာခြေဖြင့်အပြင်းကန်ခဲ့ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ဒိုင်လူကြီးရဲ့ဝီစီမှုတ်မှုနဲ့ဗန်ပါစီရဲ့

ဘောလုံးကိုကန်လိုက်မှုအကြားမှာတစ်စက္ကန့်ဘဲခြားပါတယ်။

ဒါပေမဲ့ဒိုင်လူကြီးဟာမာဆီမိုဘူဆက်ကာဟာဗန်ပါစီကိုအမိန့်မနာခံဘူးဆိုပြီး

ဒုတိယအဝါကတ်ပြကာထုတ်ပယ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်၁၆သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်ကတစ်ဂိုးစီသရေကျနေချိန်မှာ

ဗန်ပါစီအထုတ်ခံခဲ့ရတာဖြစ်ပြီး ဘာစီလိုနာက၃-၁ဖြင့်အနိုင်ရရှိပါတယ်။

အာဆင်နယ်ဟာပထမအကျော့တုန်းကအမ်းမရိတ်မှာ၂-၁ဖြင့်အနိုင်ရရှိခဲ့ပေမယ့်

နှစ်ကျော့ပေါင်းရလဒ်၄-၃ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ယင်းပွဲအပြီးမှာအာစင်ဝင်းဂါးဟာဗန်ပါစီအထုတ်ခံရမှုနဲ့ပတ်သက်ပြီး

ဒိုင်လူကြီးကို ဗန်ပါစီသာအထုတ်မခံရရင်ယင်းပွဲမှ

ာအနိုင်ရနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

ဗန်ပါစီကလည်း “တော်တော်လေးကိုလွှမ်းမိုးခဲ့တာပါ။တကယ့်ကိုဟာသပါပဲ။

ပရိသတ်၉၅၀၀၀ခုန်ပေါက်အော်ဟစ်နေတဲ့အကြားမှာ သူ့ဝီစီသံကို

ကျွန်တော် ဘယ်လိုလုပ်ကြားနိုင်မှာလဲ။ဘယ်လိုကြားရမလဲ။

ရှင်းပြပေးပါဦး။ဒိုင်လူကြီးရဲ့အမြင်ကိုလုံးဝနားမလည်နိုင်အောင်ဖြစ်ရတယ်။

ဝီစီသံနဲ့ကျွန်တော့်ကန်ချက်အကြားမှာတစ်စက္ကန့်ပဲခြားတယ်။

သူက ကျွန်တော်တို့ဘက်ကိုဘက်လိုက်ဆုံးဖြတ်ခဲ့တယ်။သူ့လိုဒိုင်ကိုဘာလို့ခန့်သလဲ

မစဉ်းစားတတ်အောင်ပါပဲ။တကယ့်ကိုဟာသပါပဲ။သစ္စာဖောက်ခံရသလိုခံစားရတယ်။

ကျွန်တော်တို့အရမ်းကြိုးစားခဲ့ကြတယ်။၁-၁ဖြစ်နေတဲ့အချိန်မှာ

အားလုံးဖြစ်နိုင်သေးတယ်။ကျွန်တော့်အမြင်ပြောရရင်ဒိုင်က

ပွဲကိုသတ်လိုက်တာပါ”လို့ပြောကြားသွားပါတယ်။

zawgyi

၂၀၁၁ခုႏွစ္က အနီကတ္ ခုထိ မေျဖရွင္းႏိုင္ေသး

ကြၽန္ေတာ္တို႔ဟာ ၂၀၂၂ခုႏွစ္သို႔ တိုးဝင္လာေနၿပီျဖစ္ေပမယ့္ ၂၀၁၁ခုႏွစ္တုန္းက

ဘာစီလိုနာႏွင့္ပြဲစဥ္မွေရာ္ဘင္ဗန္ပါစီကိုအနီကတ္ျပသခဲ့တဲ့ဒိုင္လူႀကီးရဲ႕

အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ယခုတိုင္ ဘယ္သူမွအေျဖမေပးႏိုင္ေသးပါဘူး။

ယင္းပြဲမွာအဝါကတ္တစ္ႀကိမ္ျပသခံထားရၿပီးျဖစ္တဲ့ ဗန္ပါစီဟာပြဲကစားစဥ္

ဂိုးေပါက္ထဲသို႔ ေဘာလုံးကန္သြင္းခဲ့မႈအတြက္ ဒိုင္လူႀကီးကဒုတိယအဝါကတ္ျပသၿပီး

ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္၅၅မိနစ္မွာဖီယင္ႏုတိုက္စစ္မႉးေဟာင္းဟာလူကြၽံအလံေထာင္ျခင္းခံခဲ့ရပါတယ္။

ဒါေပမဲ့ဗန္ပါစီဟာဒိုင္လူႀကီးရဲ႕ဝီစီမႈတ္သံကိုမၾကားခဲ့ဘဲညာေျချဖင့္အျပင္းကန္ခဲ့ပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ဒိုင္လူႀကီးရဲ႕ဝီစီမႈတ္မႈနဲ႔ဗန္ပါစီရဲ႕

ေဘာလုံးကိုကန္လိုက္မႈအၾကားမွာတစ္စကၠန႔္ဘဲျခားပါတယ္။

ဒါေပမဲ့ဒိုင္လူႀကီးဟာမာဆီမိုဘူဆက္ကာဟာဗန္ပါစီကိုအမိန႔္မနာခံဘူးဆိုၿပီး

ဒုတိယအဝါကတ္ျပကာထုတ္ပယ္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ဒုတိယအေက်ာ့ပြဲစဥ္ကတစ္ဂိုးစီသေရက်ေနခ်ိန္မွာ

ဗန္ပါစီအထုတ္ခံခဲ့ရတာျဖစ္ၿပီး ဘာစီလိုနာက၃-၁ျဖင့္အႏိုင္ရရွိပါတယ္။

အာဆင္နယ္ဟာပထမအေက်ာ့တုန္းကအမ္းမရိတ္မွာ၂-၁ျဖင့္အႏိုင္ရရွိခဲ့ေပမယ့္

ႏွစ္ေက်ာ့ေပါင္းရလဒ္၄-၃ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ယင္းပြဲအၿပီးမွာအာစင္ဝင္းဂါးဟာဗန္ပါစီအထုတ္ခံရမႈနဲ႔ပတ္သက္ၿပီး

ဒိုင္လူႀကီးကို ဗန္ပါစီသာအထုတ္မခံရရင္ယင္းပြဲမွ

ာအႏိုင္ရႏိုင္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဗန္ပါစီကလည္း “ေတာ္ေတာ္ေလးကိုလႊမ္းမိုးခဲ့တာပါ။တကယ့္ကိုဟာသပါပဲ။

ပရိသတ္၉၅၀၀၀ခုန္ေပါက္ေအာ္ဟစ္ေနတဲ့အၾကားမွာ သူ႔ဝီစီသံကို

ကြၽန္ေတာ္ ဘယ္လိုလုပ္ၾကားႏိုင္မွာလဲ။ဘယ္လိုၾကားရမလဲ။

ရွင္းျပေပးပါဦး။ဒိုင္လူႀကီးရဲ႕အျမင္ကိုလုံးဝနားမလည္ႏိုင္ေအာင္ျဖစ္ရတယ္။

ဝီစီသံနဲ႔ကြၽန္ေတာ့္ကန္ခ်က္အၾကားမွာတစ္စကၠန႔္ပဲျခားတယ္။

သူက ကြၽန္ေတာ္တို႔ဘက္ကိုဘက္လိုက္ဆုံးျဖတ္ခဲ့တယ္။သူ႔လိုဒိုင္ကိုဘာလို႔ခန႔္သလဲ

မစဥ္းစားတတ္ေအာင္ပါပဲ။တကယ့္ကိုဟာသပါပဲ။သစၥာေဖာက္ခံရသလိုခံစားရတယ္။

ကြၽန္ေတာ္တို႔အရမ္းႀကိဳးစားခဲ့ၾကတယ္။၁-၁ျဖစ္ေနတဲ့အခ်ိန္မွာ

အားလုံးျဖစ္ႏိုင္ေသးတယ္။ကြၽန္ေတာ့္အျမင္ေျပာရရင္ဒိုင္က

ပြဲကိုသတ္လိုက္တာပါ”လို႔ေျပာၾကားသြားပါတယ္။