၂၀၁၇ ခုနှစ်က ဗန်ဒိုက်အစား လင်ဒီလော့ဖ်ကိုသာ ယူနိုက်တက် ခေါ်ယူခဲ့တယ်လို့ အသင်းဖော်ဟောင်း ထုတ်ဖော်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆောက်သမ်တန်တိုက်စစ်မှူးဟောင်း ချာလီအော်စတင်က ယူနိုက်တက်ဟာ ဗန်ဒိုက်ကိုခေါ်ယူနိုင်တဲ့အခွင့်အရေးကို ပယ်ချပြီး လင်ဒီလော့ဖ်ကိုသာ ခေါ်ယူခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဆွီဒင်သားဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းကောင်းတွေပြဖို့ ရုန်းကန်ခဲ့ရပေမယ့် ဗန်ဒိုက်ကတော့ အန်ဖီးလ်မှာ ထိပ်တန်းနောက်ခံလူတစ်ဦးဖြစ်လာခဲ့ပါတယ်။


အော်စတင်ဟာ သူဟာ ဆောက်သမ်တန်မှာတုန်းက ဗန်ဒိုက်နဲ့ အဆက်အသွယ်ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော်နဲ့သူ ဆောက်သမ်တန်ကစားသမားဘ၀ ချဲလ်ဆီးနဲ့အဝေးကွင်းပွဲမှာ အရန်ခုံအတူတူထိုင်တုန်း သူ့ကိုမင်းဘာတွေဖြစ်နေလဲမေးခဲ့ပါတယ်။


အဲ့မှာသူက ယူနိုက်တက်က ငါ့ကိုဆက်သွယ်လာတယ်။ ဒါပေမဲ့ သူတို့ လင်ဒီလော့ဖ်ကိုပဲ ရွေးချယ်ခဲ့တယ်”လို့ အော်စတင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လင်ဒီလော့ဖ်က ယူနိုက်တက်ကို ပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၆ လအကြာမှာပဲ ဗန်ဒိုက်က လီဗာပူးကိုပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။


လီဗာပူးက နောက်တန်းကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ခဲ့ပေမယ့် ယူနိုက်တက်က ၂၀၁၉ မှာ မက်ဂွါရီကို ပေါင်သန်း ၈၀ နဲ့ ဈေးအကြီးဆုံးနောက်ခံလူအဖြစ် စံချိန်တင်ခေါ်ယူခဲ့ပါတယ်။
ချာလီက ဗန်ဒိုက်ဟာ သူ့နှလုံးသားထဲမှာ လီဗာပူးအသင်းက နေရာယူခဲ့သေးတယ်လို့ ဆိုခဲ့ပါတယ်။ “အဲ့အချိန်တုန်းက နည်းပြ ပယ်လီဂရီနိုက အသင်းကိုဦးဆောင်နေတာပါ။
ဗန်ဒိုက်က အသင်းပြောင်းချင်ပေမယ့် အသင်းကခွင့်မပြုခဲ့ပါဘူး။ အဲ့တာကြောင့် သူအသင်းမှာပဲဆက်ကစားခဲ့ပါတယ်။


နောက်ပိုင်းမှာတော့ သူအားလုံးကိုပြန်လည်တောင်းပန်ခဲ့ပြီး အသင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဆက်ကစားခဲ့ပါတယ်”လို့ အော်စတင်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
၂၀၁၇ ခုႏွစ္က ဗန္ဒိုက္အစား လင္ဒီေလာ့ဖ္ကိုသာ ယူႏိုက္တက္ ေခၚယူခဲ့တယ္လို႔ အသင္းေဖာ္ေဟာင္း ထုတ္ေဖာ္
======================
ေဆာက္သမ္တန္တိုက္စစ္မွဴးေဟာင္း ခ်ာလီေအာ္စတင္က ယူႏုိက္တက္ဟာ ဗန္ဒိုက္ကိုေခၚယူႏိုင္တဲ့အခြင့္အေရးကို ပယ္ခ်ျပီး လင္ဒီေလာ့ဖ္ကိုသာ ေခၚယူခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ဆီြဒင္သားဟာ ယူႏုိက္တက္အသင္းမွာ ေျခစြမ္းေကာင္းေတြျပဖို႔ ရုန္းကန္ခဲ့ရေပမယ့္ ဗန္ဒိုက္ကေတာ့ အန္ဖီးလ္မွာ ထိပ္တန္းေနာက္ခံလူတစ္ဦးျဖစ္လာခဲ့ပါတယ္။
ေအာ္စတင္ဟာ သူဟာ ေဆာက္သမ္တန္မွာတုန္းက ဗန္ဒိုက္နဲ႔ အဆက္အသြယ္ရွိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
“ကြ်န္ေတာ္နဲ႔သူ ေဆာက္သမ္တန္ကစားသမားဘ၀ ခ်ဲလ္ဆီးနဲ႔အေ၀းကြင္းပြဲမွာ အရန္ခံုအတူတူထိုင္တုန္း သူ႕ကိုမင္းဘာေတြျဖစ္ေနလဲေမးခဲ့ပါတယ္။
အဲ့မွာသူက ယူႏုိက္တက္က ငါ့ကိုဆက္သြယ္လာတယ္။ ဒါေပမဲ့ သူတို႔ လင္ဒီေလာ့ဖ္ကိုပဲ ေရြးခ်ယ္ခဲ့တယ္”လို႔ ေအာ္စတင္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
လင္ဒီေလာ့ဖ္က ယူႏုိက္တက္ကို ေပါင္ ၃၁ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ျပီး ၆ လအၾကာမွာပဲ ဗန္ဒိုက္က လီဗာပူးကိုေပါင္ ၇၅ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ပါတယ္။
လီဗာပူးက ေနာက္တန္းကစားသမားတစ္ဦးအတြက္ ကမၻာ့စံခ်ိန္တင္ခဲ့ေပမယ့္ ယူႏုိက္တက္က ၂၀၁၉ မွာ မက္ဂြါရီကို ေပါင္သန္း ၈၀ နဲ႔ ေစ်းအၾကီးဆံုးေနာက္ခံလူအျဖစ္ စံခ်ိန္တင္ေခၚယူခဲ့ပါတယ္။
ခ်ာလီက ဗန္ဒိုက္ဟာ သူ႕ႏွလံုးသားထဲမွာ လီဗာပူးအသင္းက ေနရာယူခဲ့ေသးတယ္လို႔ ဆိုခဲ့ပါတယ္။ “အဲ့အခ်ိန္တုန္းက နည္းျပ ပယ္လီဂရီႏိုက အသင္းကိုဦးေဆာင္ေနတာပါ။
ဗန္ဒိုက္က အသင္းေျပာင္းခ်င္ေပမယ့္ အသင္းကခြင့္မျပဳခဲ့ပါဘူး။ အဲ့တာေၾကာင့္ သူအသင္းမွာပဲဆက္ကစားခဲ့ပါတယ္။
ေနာက္ပိုင္းမွာေတာ့ သူအားလံုးကိုျပန္လည္ေတာင္းပန္ခဲ့ျပီး အသင္းနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ဆက္ကစားခဲ့ပါတယ္”လို႔ ေအာ္စတင္းက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။