(၂၀၂၀) ယူရို ပြိုင်ပွဲကို နိုင်ပွဲနဲ့ စတင်သလို ဆက်လက်ပြီး နိုင်ပွဲရဖို့ လိုတယ်လို့ တိုက်တွန်းလိုက်တဲ့ ရော်နယ်ဒို

ပေါ်တူဂီ လက်ရွေးစင် ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ မနေ့ည၊ ဟန်ဂေရီအသင်းကို (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့ပြီး ယူရို ပြိုင်ပွဲကို နိုင်ပွဲနဲ့ စတင် ဖွင့်လှစ်နိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဟန်ဂေရီအသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ ပင်နယ်တီသွင်းဂိုး (၁)ဂိုး အပါအဝင် သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့တာကြောင့် ယူရိုပြိုင်ပွဲ သမိုင်းမှာ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်သွားပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူရို သွင်းဂိုး (၁၁) ဂိုး သွင်းယူထားပြီ ဖြစ်တာကြောင့် ပလာတီနီရဲ့ ယူရို သွင်းဂိုး (၉) ဂိုးကို ကျော်လွန်ပြီး ယူရို ပြိုင်ပွဲ သမိုင်းမှာ သွင်းဂိုး အများဆုံး ကစားသမားသစ် အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရွေးစင် သွင်းဂိုး (၁၀၆) ဂိုး သွင်းယူခဲ့ပြီ ဖြစ်တာကြောင့် လက်ရွေးစင် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် သွင်းဂိုး (၁၀၉) နဲ့ ရပ်တည်နေတဲ့ အလီ ဒါယီကို မှီဖို့ သွင်းဂိုး (၃) ဂိုးပဲ လိုတော့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဟန်ဂေရီအသင်းနဲ့ ယူရို ပွဲစဉ်မှာ စံချိန်သစ် (၃) ခု တင်ခဲ့ပြီး (၁)၊ ယူရို ပြိုင်ပွဲ (၅) ခုမှာ ကစားရတဲ့ ပထမဆုံး သူ၊ (၂)၊ ယူရို ပြိုင်ပွဲ (၅) ခုစလုံးမှာ ဂိုးသွင်းနိုင်တဲ့ သူ နဲ့ (၃) ယူရို သွင်းဂိုး အများဆုံးတို့ ဖြစ်ပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ (၂၀၁၆) ယူရို ဖလား ရရှိခဲ့သလိုမျိုး လက်ရှိ (၂၀၂၀) ယူရို ဖလားကိုလည်း ရရှိဖို့ မျှော်လင့်နေပြီး လာမယ့် ပွဲစဉ်တွေမှာလည်း နိုင်ပွဲ ဆက်ရဖို့ လိုအပ်တယ်လို့ သတင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုက “ယူရို ပြိုင်ပွဲကို ဒီလို နိုင်ပွဲနဲ့ စတင်တာက အလွန် အရေးကြီးပါတယ်။ အခုတော့ နိုင်ပွဲ ဆက်ရဖို့ လိုပါတယ်။ ကျွန်တော်တို့ နောက်ပွဲစဉ် အကြောင်း နဲ့ အဲဒီပွဲစဉ်ကို နိုင်ဖို့ အကြောင်းကို တွေးရပါမယ်”

“အရေးကြီးတာက နိုင်ပွဲ ရရှိခဲ့တာပါပဲ။ ကောင်းစွာ ခံစားကစားနိုင်တဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ကစားရတာကြောင့် ခက်ခဲတဲ့ ပွဲစဉ်ပါ။ ဒါပေမယ့် ကျွန်တော်တို့ (၃) ဂိုး သွင်းခဲ့ပါတယ်။ ကျွန်တော့်ကို သွင်းဂိုး (၂) ဂိုး သွင်းနိုင်ဖို့ နဲ့ ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ဖို့ ကူညီပေးခဲ့တဲ့ အသင်းကို ကျေးဇူးတင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

Zawgyi

(၂၀၂၀) ယူ႐ို ၿပိဳင္ပြဲကို ႏိုင္ပြဲနဲ႔ စတင္သလို ဆက္လက္ၿပီး ႏိုင္ပြဲရဖို႔ လိုတယ္လို႔ ေျပာလိုက္တဲ့ ေရာ္နယ္ဒို

ေပၚတူဂီ လက္ေ႐ြးစင္ ဂ်ဳဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုကေတာ့ မေန႔ည၊ ဟန္ေဂရီအသင္းကို (၃) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ သြင္းဂိုး (၂) ဂိုး သြင္းယူခဲ့ၿပီး ယူ႐ို ၿပိဳင္ပြဲကို ႏိုင္ပြဲနဲ႔ စတင္ ဖြင့္လွစ္ႏိုင္သြားခဲ့ၿပီ ျဖစ္ပါတယ္။

တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ဟန္ေဂရီအသင္းကို အႏိုင္ရတဲ့ ပြဲစဥ္မွာ ပင္နယ္တီသြင္းဂိုး (၁)ဂိုး အပါအဝင္ သြင္းဂိုး (၂) ဂိုး သြင္းယူခဲ့တာေၾကာင့္ ယူ႐ိုၿပိဳင္ပြဲ သမိုင္းမွာ သြင္းဂိုး အမ်ားဆုံး ကစားသမား အျဖစ္ ရပ္တည္သြားပါတယ္။

တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ယူ႐ို သြင္းဂိုး (၁၁) ဂိုး သြင္းယူထားၿပီ ျဖစ္တာေၾကာင့္ ပလာတီနီရဲ႕ ယူ႐ို သြင္းဂိုး (၉) ဂိုးကို ေက်ာ္လြန္ၿပီး ယူ႐ို ၿပိဳင္ပြဲ သမိုင္းမွာ သြင္းဂိုး အမ်ားဆုံး ကစားသမားသစ္ အျဖစ္ စံခ်ိန္တင္သြားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ လက္ေ႐ြးစင္ သြင္းဂိုး (၁၀၆) ဂိုး သြင္းယူခဲ့ၿပီ ျဖစ္တာေၾကာင့္ လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး ကစားသမား အျဖစ္ သြင္းဂိုး (၁၀၉) နဲ႔ ရပ္တည္ေနတဲ့ အလီ ဒါယီကို မွီဖို႔ သြင္းဂိုး (၃) ဂိုးပဲ လိုေတာ့တာ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဟန္ေဂရီအသင္းနဲ႔ ယူ႐ို ပြဲစဥ္မွာ စံခ်ိန္သစ္ (၃) ခု တင္ခဲ့ၿပီး (၁)၊ ယူ႐ို ၿပိဳင္ပြဲ (၅) ခုမွာ ကစားရတဲ့ ပထမဆုံး သူ၊ (၂)၊ ယူ႐ို ၿပိဳင္ပြဲ (၅) ခုစလုံးမွာ ဂိုးသြင္းႏိုင္တဲ့ သူ နဲ႔ (၃) ယူ႐ို သြင္းဂိုး အမ်ားဆုံးတို႔ ျဖစ္ပါတယ္။

ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ (၂၀၁၆) ယူ႐ို ဖလား ရရွိခဲ့သလိုမ်ိဳး လက္ရွိ (၂၀၂၀) ယူ႐ို ဖလားကိုလည္း ရရွိဖို႔ ေမွ်ာ္လင့္ေနၿပီး လာမယ့္ ပြဲစဥ္ေတြမွာလည္း ႏိုင္ပြဲ ဆက္ရဖို႔ လိုအပ္တယ္လို႔ သတင္းေဖာ္ေတြကို တိုက္တြန္းခဲ့ပါတယ္။

တိုက္စစ္မႉး ေရာ္နယ္ဒိုက “ယူ႐ို ၿပိဳင္ပြဲကို ဒီလို ႏိုင္ပြဲနဲ႔ စတင္တာက အလြန္ အေရးႀကီးပါတယ္။ အခုေတာ့ ႏိုင္ပြဲ ဆက္ရဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ ေနာက္ပြဲစဥ္ အေၾကာင္း နဲ႔ အဲဒီပြဲစဥ္ကို ႏိုင္ဖို႔ အေၾကာင္းကို ေတြးရပါမယ္”

“အေရးႀကီးတာက ႏိုင္ပြဲ ရရွိခဲ့တာပါပဲ။ ေကာင္းစြာ ခံစားကစားႏိုင္တဲ့ ၿပိဳင္ဘက္နဲ႔ ယွဥ္ၿပိဳင္ကစားရတာေၾကာင့္ ခက္ခဲတဲ့ ပြဲစဥ္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ (၃) ဂိုး သြင္းခဲ့ပါတယ္။ ကြၽန္ေတာ့္ကို သြင္းဂိုး (၂) ဂိုး သြင္းႏိုင္ဖို႔ နဲ႔ ပြဲရဲ႕ အေကာင္းဆုံး ကစားသမား ျဖစ္ဖို႔ ကူညီေပးခဲ့တဲ့ အသင္းကို ေက်းဇူးတင္ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။