၂၀၂၀ ရဲ့နောက်ဆုံးပွဲကိုအရှုံးနဲ့အဆုံးသတ်ခဲ့လို့ ဆိုးရွားလှတဲ့ပွဲလို့ စီရော်နယ်ဒိုပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်အသင်းဟာ ဒီရာသီမှာရုန်းကန်နေရတဲ့ ဖီအိုရင်တီးနား အသင်းကိုအိမ်ကွင်းမှာ (၃-ဝ) နဲ့ရှုံးပြီးနောက်ဆိုးရွားလှတဲ့စွမ်းဆောင်ရည် ဖြစ်တယ်လို့ တိုက်စစ်မှူး စီရော်နယ်ဒိုက ဆိုလိုက်ပါတယ်။ ဖီအိုရင်တီးနားဟာတိုက်စစ်ပိုင်းအရမ်း အားနည်းလို့ ဂျူဗင်တပ်သာနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် သူတို့က ၃ မိနစ်ကတည်းကဦးဆောင်ဂိုးရခဲ့တာပါ။

၁၈ မိနစ်မှာ ကွာဒရာဒို ထုတ်ပယ်ခံရပြီးနောက် အခြေအနေပိုဆိုးသွားပြီး ဒုတိယပိုင်းမှာ ဆန်ဒရိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု အပါအဝင် ၂ ဂိုးထပ်ပေးလိုက်ရတာပါ။

ဒီပွဲဟာ ၂၀၂၀ အတွက် နောက်ဆုံးပွဲဖြစ်ပြီး စီးရီးအေဟာလည်း ဆောင်းရာသီနားရက် ရယူလိုက်ပြီဖြစ်ပါတယ်။ ပြိုင်ပွဲကို ၂၀၂၁ ပထဆုံးသီတင်းပတ်ကုန်မှာ ပြန်လည်စတင်မှာပါ။

ဒီရလဒ်ကြောင့် ဂျူဗင်တပ်ဟာ ၁၃ ပွဲကစားပြီးချိန်မှာ ထိပ်ဆုံးကနေ ၃၁ မှတ်နဲ့ဦးဆောင်နေတဲ့ အေစီမီလန်နဲ့ ၇ မှတ်ကွာပြီး အဆင့် ၄ မှာသာရပ်တည်နေဆဲဖြစ်ပါတယ်။ ပွဲအပြီးမှာ စီရော်နယ်ဒိုက သူ့ရဲ့စိတ်ပျက်မှုကို အင်စတာဂရမ်ကနေ အခုလိုဘဲရေးသားသွားပါတယ်။

သူက” မနေ့က ခြေစွမ်းကတော့ အတော်ကိုဆိုးတာပါ။ ရလဒ်ကလည်းလက်ခံနိုင်စရာမရှိပါဘူး။ ၂၀၂၀ ရဲ့သတ်မှတ်ထားတဲ့ပွဲတွေကတော့ ကုန်ဆုံးသွားပါပြီ။ ဒီနှစ်ဟာ အရမ်းကိုထူးခြားတဲ့ အဖြစ်အပျက်တွေနဲ့ အဆုံးသတ်ခဲ့ရတာပါ။ ကိုဗစ်စည်းမျဉ်းတွေ၊ ပရိသတ်မပါတဲ့ကွင်းတွေ၊ ရွှေ့ဆိုင်းရတဲ့ ပွဲတွေ၊ အကြာကြီးမကစားခဲ့ရမှုတွေနဲ့အတူ ပွဲတွေများပြားခဲ့တဲ့ ဘောလုံးပြက္ခဒိန်ပါဘဲ။

ဒါပေမယ့် ကျွန်တော်တို့တွေ ဘယ်လိုအကြောင်းပြချက်မှ ပေးနေလို့မရပါဘူး။ ကစားပုံပိုကောင်းလာဖို့အတွက် ပိုပြီးအားစိုက်သင့်တယ်ဆိုတာကိုလည်း သိပါတယ်။ ဒါမှလည်း ခြေစွမ်းပုံမှန်ပြသပြီး နိုင်ပွဲတွေရမှာပေါ့။ ကျွန်တော်တို့ဟာ ဂျူဗင်တပ်ပါ။

ဒါကြောင့် ကွင်းထဲမှာအကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ကလွဲပြီး ကျန်တာကိုလက်မခံနိုင်တာ သိပ်ကိုရှင်းပါတယ်။ ရာသီပြီးဖို့ အဝေးကြီးလိုသေးတာကြောင့် အခုရေတိုအနားယူရမှုဟာ ကျွန်တော်တို့ကိုပိုမိုစုစည်းမှု ရှိစွာနဲ့ ပိုပြီးတောင့်တင်းသန်မာစွာ ပြန်လာနိုင်စေမယ်လို့လည်း မျှော်လင့်ပါတယ်။

အဆုံးသတ်မှာတော့ ကျွန်တော်တို့တွေ နောက်တစ်ကြိမ်ထပ်ပြီးအောင်ပွဲခံနိုင်မယ်လို့ ယုံကြည်နေပါတယ် 🏳️🏴💪🏽 ” လို့ရေးသား ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၀ ရဲ႕ေနာက္ဆုံးပြဲကိုအရႈံးနဲ႔အဆုံးသတ္ခဲ့လို႔ ဆိုး႐ြားလွတဲ့ပြဲလို႔ စီေရာ္နယ္ဒိုေျပာ

ဂ်ဴဗင္တပ္အသင္းဟာ ဒီရာသီမွာ႐ုန္းကန္ေနရတဲ့ ဖီအိုရင္တီးနား အသင္းကိုအိမ္ကြင္းမွာ (၃-၀) နဲ႔ရႈံးၿပီးေနာက္ဆိုး႐ြားလွတဲ့စြမ္းေဆာင္ရည္ ျဖစ္တယ္လို႔ တိုက္စစ္မႉး စီေရာ္နယ္ဒိုက ဆိုလိုက္ပါတယ္။ ဖီအိုရင္တီးနားဟာတိုက္စစ္ပိုင္းအရမ္း အားနည္းလို႔ ဂ်ဴဗင္တပ္သာႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ သူတို႔က ၃ မိနစ္ကတည္းကဦးေဆာင္ဂိုးရခဲ့တာပါ။ ၁၈ မိနစ္မွာ ကြာဒရာဒို ထုတ္ပယ္ခံရၿပီးေနာက္ အေျခအေနပိုဆိုးသြားၿပီး ဒုတိယပိုင္းမွာ ဆန္ဒ႐ိုရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူမႈ အပါအဝင္ ၂ ဂိုးထပ္ေပးလိုက္ရတာပါ။ ဒီပြဲဟာ ၂၀၂၀ အတြက္ ေနာက္ဆုံးပြဲျဖစ္ၿပီး စီးရီးေအဟာလည္း ေဆာင္းရာသီနားရက္ ရယူလိုက္ၿပီျဖစ္ပါတယ္။ ၿပိဳင္ပြဲကို ၂၀၂၁ ပထဆုံးသီတင္းပတ္ကုန္မွာ ျပန္လည္စတင္မွာပါ။

ဒီရလဒ္ေၾကာင့္ ဂ်ဴဗင္တပ္ဟာ ၁၃ ပြဲကစားၿပီးခ်ိန္မွာ ထိပ္ဆုံးကေန ၃၁ မွတ္နဲ႔ဦးေဆာင္ေနတဲ့ ေအစီမီလန္နဲ႔ ၇ မွတ္ကြာၿပီး အဆင့္ ၄ မွာသာရပ္တည္ေနဆဲျဖစ္ပါတယ္။ ပြဲအၿပီးမွာ စီေရာ္နယ္ဒိုက သူ႔ရဲ႕စိတ္ပ်က္မႈကို အင္စတာဂရမ္ကေန အခုလိုဘဲေရးသားသြားပါတယ္။ သူက” မေန႔က ေျခစြမ္းကေတာ့ အေတာ္ကိုဆိုးတာပါ။ ရလဒ္ကလည္းလက္ခံႏိုင္စရာမရွိပါဘူး။ ၂၀၂၀ ရဲ႕သတ္မွတ္ထားတဲ့ပြဲေတြကေတာ့ ကုန္ဆုံးသြားပါၿပီ။ ဒီႏွစ္ဟာ အရမ္းကိုထူးျခားတဲ့ အျဖစ္အပ်က္ေတြနဲ႔ အဆုံးသတ္ခဲ့ရတာပါ။ ကိုဗစ္စည္းမ်ဥ္းေတြ၊ ပရိသတ္မပါတဲ့ကြင္းေတြ၊ ေ႐ႊ႕ဆိုင္းရတဲ့ ပြဲေတြ၊ အၾကာႀကီးမကစားခဲ့ရမႈေတြနဲ႔အတူ ပြဲေတြမ်ားျပားခဲ့တဲ့ ေဘာလုံးျပကၡဒိန္ပါဘဲ။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတြ ဘယ္လိုအေၾကာင္းျပခ်က္မွ ေပးေနလို႔မရပါဘူး။ ကစားပုံပိုေကာင္းလာဖို႔အတြက္ ပိုၿပီးအားစိုက္သင့္တယ္ဆိုတာကိုလည္း သိပါတယ္။ ဒါမွလည္း ေျခစြမ္းပုံမွန္ျပသၿပီး ႏိုင္ပြဲေတြရမွာေပါ့။ ကြၽန္ေတာ္တို႔ဟာ ဂ်ဴဗင္တပ္ပါ။ ဒါေၾကာင့္ ကြင္းထဲမွာအေကာင္းဆုံးေျခစြမ္းျပႏိုင္ဖို႔ကလြဲၿပီး က်န္တာကိုလက္မခံႏိုင္တာ သိပ္ကိုရွင္းပါတယ္။ ရာသီၿပီးဖို႔ အေဝးႀကီးလိုေသးတာေၾကာင့္ အခုေရတိုအနားယူရမႈဟာ ကြၽန္ေတာ္တို႔ကိုပိုမိုစုစည္းမႈ ရွိစြာနဲ႔ ပိုၿပီးေတာင့္တင္းသန္မာစြာ ျပန္လာႏိုင္ေစမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ အဆုံးသတ္မွာေတာ့ ကြၽန္ေတာ္တို႔ေတြ ေနာက္တစ္ႀကိမ္ထပ္ၿပီးေအာင္ပြဲခံႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္ 🏳️🏴💪🏽 ” လို႔ေရးသား ထားပါတယ္။