၂၀၂၀ အတွက်ထိပ်တန်းကစားသမား ၁၀ ဦးစာရင်းမှာ စီရော်နယ်ဒိုမပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်နဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဖီဖာရဲ့ ၂၀၂၀ The Best ဆုအတွက် နောက်ဆုံး ၃ ဦးစာရင်းမှာ ပါဝင်နေပေမယ့် စစ်တမ်းတစ်ရပ်က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ အတွက်ထိပ်တန်းကစားသမား ၁၀ ဦးစာရင်းမှာပါဝင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ ဒီဇင်ဘာ ၁၇ မှာပေးအပ်မယ့် The Best ဆုအတွက် ဘိုင်ယန်မြူးနစ်က လီဝန်ဒေါစကီး၊ ဘာစီလိုနာက မက်ဆီတို့နဲ့အတူ အပြိုင်ဖြစ်နေတာပါ။ ဒါပေမယ့် Carteret Analytics အဖွဲ့ကထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာတော့ ထိပ်ဆုံး ၁၀ ဦးနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ၂၀၂၀ အတွင်းကစားသမား တစ်ဦးချင်းစီရဲ့ သက်ဆိုင်ရာအသင်းအပေါ်အနိုင်ရအောင်ကူညီပေးနိုင်မှုတွေကို ဆန်းစစ်ပြီး သူတို့အဖွဲရဲ့ကိုယ်ပိုင် အဆင့်သတ်မှတ်ချက်ကိုပြုလုပ်ပါတယ်။ ဒါကြောင့်လည်း ၂၀၂၀ အတွက် ဖီဖာရဲ့အကောင်းဆုံးဆုကို ရဖို့ရေပန်းအစားဆုံးဖြစ်နေတဲ့ လီဝန်ဒေါစကီး ကိုကျော်ပြီး မက်ဆီက အကောင်းဆုံးကစားသမား အဖြစ်ရပ်တ
ည်ခဲ့တာပါ။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ သူ့ရဲ့ပုံမှန်စံနှုန်းနဲ့ နိုင်းယှဉ်မယ်ဆိုရင် ပြီးခဲ့တဲ့ရာသီဟာ သူ့အတွက်အကောင်းဆုံးရာသီတစ်ခု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် မက်ဆီဟာ Carteret Analytics ရဲ့အဆင့်သတ်မှတ်ချက်မှာတော့ ၃၁၇.၄ ဖြစ်ပြီး အဆင့် ၁၁ မှာဘဲရှိနေတဲ့ စီရော်နယ်ဒိုထက် အများကြီးပိုခဲ့တာပါ။

ဒီပေါ်တူဂီသားဟာ (၂၃၅.၅) မှာဘဲရှိခဲ့ပါတယ်။ လီဝန်ဒေါစကီးက (၃၁၀.၃) ဖြစ်ပြီး ဒုတိယနေရာမှာ ရှိနေကာ အခုသတ်မှတ်ချက်မှာ (၃၀၀) ကျော်တဲ့သူ ၂ ဦးအဖြစ် မက်ဆီနဲ့အတူ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ တတိယနေရာမှာ မန်စီးတီးက ဒီဘရူနီရှိနေပြီးသူ့အဆင့်သတ်မှတ်ချက်က (၂၉၇.၉) ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးက ကစားသမား ၃ ယောက်ဟာလည်း ထိပ်ဆုံး ၁၀ ဦးစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ သူတို့ကတော့ ဆာလာ( ၂၆၈) ဗန်ဒစ်ချ်( ၂၆၄.၆) မာနေး(၂၅၄.၂) တို့ဖြစ်ကြပါတယ်။

စီရော်နယ်ဒိုဟာ အခုစာရင်းမှာ ထိပ်ဆုံး ၁၀ ဦးထဲမပါခဲ့ပေမယ့် ဖီဖာရဲ့အကောင်းဆုံးဆုအတွက် နောက်ဆုံး ၃ ဦးစာရင်းမှာရော မကြာသေးခင်က ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ Ballon d’Or အကောင်းဆုံး ၁၁ ဦးစာရင်းမှာရော ပါဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi