၂၀၂၀ အတွင်း ပရော်ဖက်ရှင်နယ်တွေထဲမှာ ပွဲကစားချိန်အများဆုံးဖြစ်တဲ့ မက်ဂွိုင်းယား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းခေါင်းဆောင်ဖြစ်တဲ့ နောက်ခံလူ မက်ဂွိုင်းယားဟာ ၂၀၂၀ အတွင်းကမ္ဘာပေါ်မှာရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေထဲမှာ ပွဲကစားချိန်အများဆုံးဖြစ်နေကြောင်း တွက်ချက်မှုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားပါတယ်။ CIES Football Observatory ကပြုလုပ်တဲ့ စစ်တမ်းထဲမှာ မက်ဂွိုင်းယား ဟာ ၂၀၂၀ အတွင်း ပွဲကစားချိန် ၄၇၄၅ မိနစ်ရှိခဲ့တာဖြစ်လို့ ဂိုးသမားတွေအပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ပရော်ဖက်ရှင်နယ် ကစားသမားထက်မဆို ပိုမိုခဲ့တဲ့ ပမာဏဖြစ်ခဲ့ပါတယ်။


မက်ဂွိုင်းယားဟာ outfield players လို့ခေါ်တဲ့ ကွင်းအတွင်းကစားသမား(ဂိုးသမားမပါ) တွေထဲမှာသာမက ဂိုးသမားအပါအဝင်တွက်ချက်မှု တွေမှာပါ ပွဲကစားချိန်သာခဲ့တာပါ။ သူဟာ မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်၊ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၊ မန်ယူကစားဖော် ဘရူနိုဖာနန်ဒက်စ်တို့ထက် ပွဲချိန်ပိုများခဲ့တာဖြစ်ပါတယ်။

ဂိုးသမားတွေထဲမှာ ပွဲကစားချိန်အများဆုံးဖြစ်တဲ့ ဘရာဇီးကလပ် အင်တာနာစီယွန်နယ်က မာဆယ်လိုလွန်ဘာ ထက်လည်း ၅ မိနစ်ပိုမိုကစားခဲ့ပါတယ်။ သူဟာ ၂၀၁၉ နွေရာသီက လက်စတာကနေပေါင်သန်း ၈၀ နဲ့ပြောင်းလာပြီးနောက် မန်ယူ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ပွဲချိန်ပြည့်ကစားခဲ့သူလည်းဖြစ်လို့ သူ့ရဲ့ကြံခိုင်မှုပိုင်း ပုံမှန်ထက်ပိုကောင်းနေတဟာ တကယ့်ကိုအံအားသင့်စရာ ဖြစ်ရတယ်လို့လည်း သုံးသပ်ကြပါတယ်။

သူဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ မန်ယူအတွက် ၂ ပွဲသာလွဲခဲ့ဘူးတာပါ။ ဒီပွဲတွေကတော့ ပီအက်စ်ဂျီကို ၂-၁ နဲ့နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲနဲ့ ဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲတွေဘဲဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့ရာသီမှာ မန်ယူအတွက်ယူရိုပါလိဂ် ၉ ပွဲကစားခဲ့ပြီး ၂၀၂၀ အတွင်းအင်္ဂလန်အသင်းအတွက်တော့ ကြံခိုင်မှုပိုင်းနဲ့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ၄ ပွဲသာကစားခဲ့ရပါတယ်။

outfield players တွေထဲမှာမက်ဂွိုင်းယားပြီးရင် ပွဲချိန်အများဆုံး ကစားခဲ့သူကတော့ မန်စီးတီးက ဒီယက်စ်ဖြစ်ပေမယ့် မက်ဂွိုင်းယားထက် ၄၀၁ မိနစ်လျော့နည်းပြီး ၄၃၄၄ မိနစ်သာရှိပါတယ်။

သူတို့နောက်မှာ မက်ဆီက ၄၂၉၃ မိနစ်၊ ဖာနန်ဒက်စ်က ၄၁၆၄ မိနစ်နဲ့ ဘရာဇီးကလပ် ဆီရာက ဘရူနိုပါချီကိုက ၄၁၆၂ မိနစ်နဲ့ ထိပ်ဆုံး ၅ ဦးထဲမှာရပ်တည်နေကြပါတယ်။

သူတို့ပြီးရင် လူကာကူက ၄၁၄၄ မိနစ်၊ လင်ဒီလော့ဖ်က ၄၁၄၂ မိနစ်၊ ဗာရာနီက ၄၁၂၃ မိနစ်၊ နာဗက်စ်က ၄၄၁၀ မိနစ်နဲ့ ဆဲလ်တစ်က မက်ဂရီဂေါက ၄၁၀၆ မိနစ်နဲ့ ထိပ်ဆုံး ၁၀ ဦးထဲမှာပါဝင်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂၀၂၀ အတြင္း ပေရာ္ဖက္ရွင္နယ္ေတြထဲမွာ ပြဲကစားခ်ိန္အမ်ားဆုံးျဖစ္တဲ့ မက္ဂြိဳင္းယား

မန္ယူအသင္းေခါင္းေဆာင္ျဖစ္တဲ့ ေနာက္ခံလူ မက္ဂြိဳင္းယားဟာ ၂၀၂၀ အတြင္းကမာၻေပၚမွာရွိတဲ့ ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြထဲမွာ ပြဲကစားခ်ိန္အမ်ားဆုံးျဖစ္ေနေၾကာင္း တြက္ခ်က္မႈစစ္တမ္းတစ္ရပ္မွာ ေဖာ္ျပသြားပါတယ္။ CIES Football Observatory ကျပဳလုပ္တဲ့ စစ္တမ္းထဲမွာ မက္ဂြိဳင္းယား ဟာ ၂၀၂၀ အတြင္း ပြဲကစားခ်ိန္ ၄၇၄၅ မိနစ္ရွိခဲ့တာျဖစ္လို႔ ဂိုးသမားေတြအပါအဝင္ ကမာၻေပၚမွာရွိတဲ့ ဘယ္ပေရာ္ဖက္ရွင္နယ္ ကစားသမားထက္မဆို ပိုမိုခဲ့တဲ့ ပမာဏျဖစ္ခဲ့ပါတယ္။
မက္ဂြိဳင္းယားဟာ outfield players လို႔ေခၚတဲ့ ကြင္းအတြင္းကစားသမား(ဂိုးသမားမပါ) ေတြထဲမွာသာမက ဂိုးသမားအပါအဝင္တြက္ခ်က္မႈ ေတြမွာပါ ပြဲကစားခ်ိန္သာခဲ့တာပါ။ သူဟာ မန္စီးတီးေနာက္ခံလူ ႐ူဘင္ဒီယက္စ္၊ ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီ၊ မန္ယူကစားေဖာ္ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ထက္ ပြဲခ်ိန္ပိုမ်ားခဲ့တာျဖစ္ပါတယ္။

ဂိုးသမားေတြထဲမွာ ပြဲကစားခ်ိန္အမ်ားဆုံးျဖစ္တဲ့ ဘရာဇီးကလပ္ အင္တာနာစီယြန္နယ္က မာဆယ္လိုလြန္ဘာ ထက္လည္း ၅ မိနစ္ပိုမိုကစားခဲ့ပါတယ္။ သူဟာ ၂၀၁၉ ေႏြရာသီက လက္စတာကေနေပါင္သန္း ၈၀ နဲ႔ေျပာင္းလာၿပီးေနာက္ မန္ယူ
ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲတိုင္းမွာ ပြဲခ်ိန္ျပည့္ကစားခဲ့သူလည္းျဖစ္လို႔ သူ႔ရဲ႕ႀကံခိုင္မႈပိုင္း ပုံမွန္ထက္ပိုေကာင္းေနတဟာ တကယ့္ကိုအံအားသင့္စရာ ျဖစ္ရတယ္လို႔လည္း သုံးသပ္ၾကပါတယ္။

သူဟာ ၂၀၂၀-၂၁ ေဘာလုံးရာသီမွာ မန္ယူအတြက္ ၂ ပြဲသာလြဲခဲ့ဘူးတာပါ။ ဒီပြဲေတြကေတာ့ ပီအက္စ္ဂ်ီကို ၂-၁ နဲ႔ႏိုင္ခဲ့တဲ့ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲနဲ႔ ဘ႐ိုက္တန္ကိုအႏိုင္ရခဲ့တဲ့ ကာရာေဘာင္းဖလား စတုတၳအဆင့္ပြဲေတြဘဲျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ့ရာသီမွာ မန္ယူအတြက္ယူ႐ိုပါလိဂ္ ၉ ပြဲကစားခဲ့ၿပီး ၂၀၂၀ အတြင္းအဂၤလန္အသင္းအတြက္ေတာ့ ႀကံခိုင္မႈပိုင္းနဲ႔ ပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ ၄ ပြဲသာကစားခဲ့ရပါတယ္။

outfield players ေတြထဲမွာမက္ဂြိဳင္းယားၿပီးရင္ ပြဲခ်ိန္အမ်ားဆုံး ကစားခဲ့သူကေတာ့ မန္စီးတီးက ဒီယက္စ္ျဖစ္ေပမယ့္ မက္ဂြိဳင္းယားထက္ ၄၀၁ မိနစ္ေလ်ာ့နည္းၿပီး ၄၃၄၄ မိနစ္သာရွိပါတယ္။ သူတို႔ေနာက္မွာ မက္ဆီက ၄၂၉၃ မိနစ္၊ ဖာနန္ဒက္စ္က ၄၁၆၄ မိနစ္နဲ႔ ဘရာဇီးကလပ္ ဆီရာက ဘ႐ူႏိုပါခ်ီကိုက ၄၁၆၂ မိနစ္နဲ႔ ထိပ္ဆုံး ၅ ဦးထဲမွာရပ္တည္ေနၾကပါတယ္။

သူတို႔ၿပီးရင္ လူကာကူက ၄၁၄၄ မိနစ္၊ လင္ဒီေလာ့ဖ္က ၄၁၄၂ မိနစ္၊ ဗာရာနီက ၄၁၂၃ မိနစ္၊ နာဗက္စ္က ၄၄၁၀ မိနစ္နဲ႔ ဆဲလ္တစ္က မက္ဂရီေဂါက ၄၁၀၆ မိနစ္နဲ႔ ထိပ္ဆုံး ၁၀ ဦးထဲမွာပါဝင္ေနပါတယ္။