၂၀၂၁နှစ်သစ်အတွက် သူ့ရဲ့ရည်မှန်းချက်တွေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ရက်ရှ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်ကတော့ ၂၀၂၀ အပြီးနှစ်သစ်အတွက် ပရိသတ်တွေကို ဆုတောင်းစကားဆိုခဲ့ပြီး အခုထက်ပိုစုစည်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ကတော့ ကမ္ဘာပေါ်ကလူသားအားလုံးအတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး လူပေါင်း ၁.၇ သန်းလောက် ကပ်ရောဂါခံစားခဲ့ရသလို စီးပွားရေးတွေလည်း ထိခိုက်ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ဗြိတိန်မှာတော့ အများအပြားခံစားခဲ့ရကာ ရက်ရှ်ဖို့ဒ်က ဦးဆောင်ပြီး အကူအညီတွေပေးခဲ့ပါတယ်။ အင်္ဂလန်သားဟာ ၂၀၂၀ အတွင်း အစားအသောက်တွေထောက်ပံ့ပေးဖို့အတွက် အလုပ်လုပ်ပေးခဲ့သေးတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ အဆိုပါလုပ်ဆောင်ချက်တွေကြောင့် MBE က ချီးမြှင့်တဲ့ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်က သူဟာ ကလေးတွေကို အစားအသောက်တွေထောက်ပံ့ပေးဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုခဲ့ပါတယ်။

အင်္ဂလန်သားကတော့ ၂၀၂၀ ရဲ့စိတ်ဓာတ်ကို ပိုအားတင်ပြီး ၂၀၂၁ ကို ဆက်လက်လုပ်ဆာင်ဖို့ အလိုရှိနေပါတယ်။ “ကျွန်တော် မနက်ဖြန်မှာ ပွဲရှိပါတယ်။ ဒါပေမဲ့အဲ့တာကိုမသွားခင် အကောင်းဆုံးပြင်ဆင်သွားမှာပါ။ ဒီနှစ်အတွင်းမှာ လူတွေက အမှန်တကယ်လိုအပ်နေတာတွေကို ကူညီခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်မှာလည်း အခုလိုပဲဆက်လက်လုပ်ဆောင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးခဲ့နှစ်ကိုတော့ ပြန်မစဉ်းစားချင်ပါဘူး။ ၂၀၂၀ မှာ အားလုံးရှင်သန်ခဲ့ပါတယ်။ စမ်းသပ်မှုတွေကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်”လို့ ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ကတော့ ဘောလုံးရပ်ဝန်းမှာလည်း ထိခိုက်မှုတွေရှိခဲ့ပြီး ပွဲစဉ်တွေကို ပရိသတ်တွေမပါဘဲ ကစားခဲ့ရတာဖြစ်ပါတယ်။ “၂၀၂၁ ခုနှစ်မှာတော့ ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲ့တာကို လွမ်းဆွတ်နေမိပါတယ်။

လိုက်ပ်ဇစ်နဲ့ပွဲမှာ ဟက်ထရစ်ရခဲ့ပေမယ့် အဲ့ထက်ပိုသွင်းချင်ခဲ့တာပါ။ ၂၀၂၁ မှာ ပရိသတ်တွေကို ကွင်းထဲမှာပြန်မြင်ချင်ပါတယ်။ အားလုံးကိုချစ်ပါတယ်။ ဂရုစိုက်ကြပါ။ ပျော်ရွှင်ဖွယ်ရာနှစ်သစ်ပါ”လို့ ရက်ရှ်ဖို့ဒ်က ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၂၀၂၁ႏွစ္သစ္အတြက္ သူ႕ရဲ႕ရည္မွန္းခ်က္ေတြကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ ရက္ရွ္ဖို႔ဒ္

ယူႏုိက္တက္စတား ရက္ရွ္ဖို႔ဒ္ကေတာ့ ၂၀၂၀ အျပီးႏွစ္သစ္အတြက္ ပရိသတ္ေတြကို ဆုေတာင္းစကားဆုိခဲ့ျပီး အခုထက္ပိုစုစည္းၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္ကေတာ့ ကမၻာေပၚကလူသားအားလံုးအတြက္ ခက္ခဲတဲ့ႏွစ္တစ္ႏွစ္ျဖစ္ခဲ့့ျပီး လူေပါင္း ၁.၇ သန္းေလာက္ ကပ္ေရာဂါခံစားခဲ့ရသလို စီးပြားေရးေတြလည္း ထိခိုက္ခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ ျဗိတိန္မွာေတာ့ အမ်ားအျပားခံစားခဲ့ရကာ ရက္ရွ္ဖို႔ဒ္က ဦးေဆာင္ျပီး အကူအညီေတြေပးခဲ့ပါတယ္။ အဂၤလန္သားဟာ ၂၀၂၀ အတြင္း အစားအေသာက္ေတြေထာက္ပံ့ေပးဖို႕အတြက္ အလုပ္လုပ္ေပးခဲ့ေသးတာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ကေတာ့ အဆိုပါလုပ္ေဆာင္ခ်က္ေတြေၾကာင့္ MBE က ခ်ီးျမွင့္တဲ့ဆုကိုလည္း ရရွိခဲ့ပါတယ္။ ဒါေပမဲ့ ရက္ရွ္ဖို႔ဒ္က သူဟာ ကေလးေတြကို အစားအေသာက္ေတြေထာက္ပံ့ေပးဖို႔ ဆက္လက္လုပ္ေဆာင္သြားမယ္လုိ႔ ဆိုခဲ့ပါတယ္။ အဂၤလန္သားကေတာ့ ၂၀၂၀ ရဲ႕စိတ္ဓာတ္ကို ပိုအားတင္ျပီး ၂၀၂၁ ကို ဆက္လက္လုပ္ဆာင္ဖို႔ အလိုရွိေနပါတယ္။ “ကြ်န္ေတာ္ မနက္ျဖန္မွာ ပြဲရွိပါတယ္။ ဒါေပမဲ့အဲ့တာကိုမသြားခင္ အေကာင္းဆံုးျပင္ဆင္သြားမွာပါ။ ဒီႏွစ္အတြင္းမွာ လူေတြက အမွန္တကယ္လိုအပ္ေနတာေတြကို ကူညီခဲ့ၾကပါတယ္။

၂၀၂၁ ခုႏွစ္မွာလည္း အခုလုိပဲဆက္လက္လုပ္ေဆာင္မယ္လို႔ ယံုၾကည္ပါတယ္။ ျပီးခဲ့ႏွစ္ကိုေတာ့ ျပန္မစဥ္းစားခ်င္ပါဘူး။ ၂၀၂၀ မွာ အားလံုးရွင္သန္ခဲ့ပါတယ္။ စမ္းသပ္မႈေတြကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကပါတယ္”လုိ႔ ရက္ရွ္ဖို႔ဒ္က ေျပာၾကားခဲ့ပါတယ္။ ၂၀၂၀ ကေတာ့ ေဘာလံုးရပ္၀န္းမွာလည္း ထိခိုက္မႈေတြရွိခဲ့ျပီး ပြဲစဥ္ေတြကို ပရိသတ္ေတြမပါဘဲ ကစားခဲ့ရတာျဖစ္ပါတယ္။ “၂၀၂၁ ခုႏွစ္မွာေတာ့ ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ အဲ့တာကို လြမ္းဆြတ္ေနမိပါတယ္။

လိုက္ပ္ဇစ္နဲ႔ပြဲမွာ ဟက္ထရစ္ရခဲ့ေပမယ့္ အဲ့ထက္ပိုသြင္းခ်င္ခဲ့တာပါ။ ၂၀၂၁ မွာ ပရိသတ္ေတြကို ကြင္းထဲမွာျပန္ျမင္ခ်င္ပါတယ္။ အားလံုးကိုခ်စ္ပါတယ္။ ဂရုစိုက္ၾကပါ။ ေပ်ာ္ရႊင္ဖြယ္ရာႏွစ္သစ္ပါ”လို႔ ရက္ရွ္ဖို႔ဒ္က ေရးသားခဲ့ပါတယ္။