၂၀၂၁ ခုနှစ်က အတောင့်တင်းဆုံး နှစ်တစ်ခုမဟုတ်ကြောင်း ဝန်ခံလိုက်တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆိုရှယ်မီဒီယာမှာပရိသတ်များအတွက်

နှစ်သစ်ကူးမက်ဆေ့ချ်ပို့စ်တင်လာပါတယ်။ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့

ပို့စ်မှစကားလုံးများမှာခွတီးခွကျအကျိုးမချိုးမပြေပါဘူး။

၂၀၂၁ခုနှစ်မှာခရစ္စတီယာနိုရော်နယ်ဒိုဟာအိုးထရက်ဖို့ဒ်သို့တကျော့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့အားလုံးထင်မှတ်ထားသလိုမဖြစ်လာဘဲနိုဝင်ဘာလတုန်းက

ရလဒ်ဆိုးရွားကာ ဆိုးလ်ရှားအထုတ်ပယ်ခံခဲ့ရပါတယ်။

Ballon d’Or ငါးကြိမ်ရပေါ်တူဂီစူပါစတားက၂၀၂၁ခုနှစ်မှာ

အတောင့်တင်းဆုံးနှစ်တစ်ခုမဟုတ်ကြောင်းဝန်ခံထားပါတယ်။

ဒါပေမဲ့သူဟာ၂၀၂၁ခုနှစ်မှာသူသွင်းယူနိုင်ခဲ့ဂိုးအရေအတွက်ကိုလည်း

ဂုဏ်ယူဝင့်ကြွားစွာဖော်ပြထားတာတွေ့ရပါတယ်။

၎င်းက “၂၀၂၁ခုနှစ်ကအဆုံးသတ်ပါတော့မယ်။ပြိုင်ပွဲအရပ်ရပ်မှာ

ကျွန်တော် ၄၇ဂိုးအထိသွင်းခဲ့ပေမဲ့လွယ်ကူတဲ့ရာသီမဟုတ်ခဲ့ပါဘူး”လို့

ပြောကြားသွားပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၂၁ခုနှစ်မှာ

ဂျူဗင်တပ်နှင့်အတူအီတလီစူပါဖလားနှင့်ကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ခဲ့ပြီး

ဆိုးရွားတဲ့ရာသီတစ်ခုကြုံမှုနဲ့အတူ ပီယာလိုမှာလည်းအထုတ်ခံခဲ့ရပါတယ်။

ပရိသတ်များကခရစ္စတီယာနိုရော်နယ်ဒိုမှာကိုယ့်ကိုယ်ကိုနှိမ့်ချသလိုလိုလုပ်ကာ

ကိုယ့်ဂုဏ်ကိုယ်ဖော်နေခြင်းဖြစ်ကြောင်းဝေဖန်ပြောကြားမှုများ ပြုလုပ်နေကြပါတယ်။

ဒါ့အပြင်ဆက်လက်ပြီးခရစ္စတီယာနိုရော်နယ်ဒိုက “ကွဲပြားတဲ့ကလပ်နှစ်ခုနဲ့

ကွဲပြားတဲ့နည်းပြငါးဦးကြုံခဲ့တယ်။လက်ရွေးစင်အသင်းနဲ့အတူ

ယူရိုနောက်ဆုံးအဆင့်ကစားခဲ့ရတယ်။၂၀၂၂ခုနှစ်မှာကမ္ဘာ့ဖလားခြေစစ်ပွဲကစားရပါဦးမယ်။

ဂျူဗင်တပ်မှာအီတာလီယာဖလားနဲ့အီတာလီယာစူပါဖလားတို့ရခဲ့တဲ့အပြင်

စီးရီးအေဂိုးသွင်းဘုရင်ဖြစ်ခဲ့လို့ဂုဏ်ယူပါတယ်။ပေါ်တူဂီနဲ့အတူ

ယူရိုဂိုးသွင်းဘုရင်ဖြစ်ခဲ့တာကတော့ဒီနှစ်မှာအမြင့်ဆုံးအရာပါ။

အိုးထရက်ဖို့ဒ်သို့တကျော့ပြန်ရောက်လာခဲ့တာကတော့ကျွန်တော့်ဘဝရဲ့

အမှတ်ရစရာအကောင်းဆုံးအခိုက်အတန့်တွေထဲကတစ်ခုပါ။

ကျွန်တော်တို့ယူနိုက်တက်မှာရနေတဲ့အောင်မြင်မှုအပေါ်မပျော်ပါဘူး။

ကျွန်တော်တို့ဘယ်သူမှမပျော်ပါဘူး။အလုပ်ကြိုးစားရမယ်။ပိုကောင်းအောင်ကစားရမယ်။

အခုကစပြီးပိုပြီးတော့လုပ်ဆောင်ရပါမယ်။နှစ်သစ်ကူးမှာရာသီအလှည့်အပြောင်းဖြစ်အောင်

လုပ်ကြစို့။၂၀၂၂ခုနှစ်ကိုအမြင့်ဆုံးစိတ်ဓာတ်၊သန်မာတဲ့စိတ်တို့နဲ့ဖမ်းဆုပ်ကြစို့။

အမြင့်ဆုံးပျံသန်းပြီးကလပ်ကိုထိုက်တန်တဲ့နေရာသို့ပို့ဆောင်ကြစို့။

အားလုံးကိုရည်ရွယ်တာပါ။ဟက်ပီးနယူးရီးယားပါ။

မကြာခင်တွေ့ကြစို့”လို့ ဆိုသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာစိန့်ဂျိမ်းစ်ပါ့ခ်မှာနယူးကာဆယ်နှင့်

သရေကျတဲ့ပွဲအပြီးမှာပရိသတ်များကိုနှုတ်မဆက်ဘဲကွင်းအတွင်းမှ

ထွက်ခွာသွားမှုအတွက်ကစားဖော်ဟောင်းဂယ်ရီနဗီးလ်ရဲ့

ဝေဖန်မှုကြုံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာဘန်လေအားအနိုင်ရတဲ့ပွဲမှာတစ်ဂိုးဖန်တီးပြီး

တစ်ဂိုးသွင်းယူကာဝေဖန်မှုများကိုနှုတ်ဆိတ်စေခဲ့ပါတယ်။

zawgyi

၂၀၂၁ ခုႏွစ္က အေတာင့္တင္းဆုံး ႏွစ္တစ္ခုမဟုတ္ေၾကာင္း ဝန္ခံလိုက္တဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဆိုရွယ္မီဒီယာမွာပရိသတ္မ်ားအတြက္

ႏွစ္သစ္ကူးမက္ေဆ့ခ်္ပို႔စ္တင္လာပါတယ္။ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕

ပို႔စ္မွစကားလုံးမ်ားမွာခြတီးခြက်အက်ိဳးမခ်ိဳးမေျပပါဘူး။

၂၀၂၁ခုႏွစ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာအိုးထရက္ဖို႔ဒ္သို႔တေက်ာ့ျပန္ခဲ့ပါတယ္။

ဒါေပမဲ့အားလုံးထင္မွတ္ထားသလိုမျဖစ္လာဘဲႏိုဝင္ဘာလတုန္းက

ရလဒ္ဆိုး႐ြားကာ ဆိုးလ္ရွားအထုတ္ပယ္ခံခဲ့ရပါတယ္။

Ballon d’Or ငါးႀကိမ္ရေပၚတူဂီစူပါစတားက၂၀၂၁ခုႏွစ္မွာ

အေတာင့္တင္းဆုံးႏွစ္တစ္ခုမဟုတ္ေၾကာင္းဝန္ခံထားပါတယ္။

ဒါေပမဲ့သူဟာ၂၀၂၁ခုႏွစ္မွာသူသြင္းယူႏိုင္ခဲ့ဂိုးအေရအတြက္ကိုလည္း

ဂုဏ္ယူဝင့္ႂကြားစြာေဖာ္ျပထားတာေတြ႕ရပါတယ္။

၎က “၂၀၂၁ခုႏွစ္ကအဆုံးသတ္ပါေတာ့မယ္။ၿပိဳင္ပြဲအရပ္ရပ္မွ

ာကြၽန္ေတာ္ ၄၇ဂိုးအထိသြင္းခဲ့ေပမဲ့လြယ္ကူတဲ့ရာသီမဟုတ္ခဲ့ပါဘူး”လို႔

ေျပာၾကားသြားပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၂၁ခုႏွစ္မွာ

ဂ်ဴဗင္တပ္ႏွင့္အတူအီတလီစူပါဖလားႏွင့္ကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္ခဲ့ၿပီး

ဆိုး႐ြားတဲ့ရာသီတစ္ခုႀကဳံမႈနဲ႔အတူ ပီယာလိုမွာလည္းအထုတ္ခံခဲ့ရပါတယ္။

ပရိသတ္မ်ားကခရစၥတီယာႏိုေရာ္နယ္ဒိုမွာကိုယ့္ကိုယ္ကိုႏွိမ့္ခ်သလိုလိုလုပ္ကာ

ကိုယ့္ဂုဏ္ကိုယ္ေဖာ္ေနျခင္းျဖစ္ေၾကာင္းေဝဖန္ေျပာၾကားမႈမ်ား ျပဳလုပ္ေနၾကပါတယ္။

ဒါ့အျပင္ဆက္လက္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုက “ကြဲျပားတဲ့ကလပ္ႏွစ္ခုနဲ႔

ကြဲျပားတဲ့နည္းျပငါးဦးႀကဳံခဲ့တယ္။လက္ေ႐ြးစင္အသင္းနဲ႔အတူ

ယူ႐ိုေနာက္ဆုံးအဆင့္ကစားခဲ့ရတယ္။၂၀၂၂ခုႏွစ္မွာကမာၻ႔ဖလားေျခစစ္ပြဲကစားရပါဦးမယ္။

ဂ်ဴဗင္တပ္မွာအီတာလီယာဖလားနဲ႔အီတာလီယာစူပါဖလားတို႔ရခဲ့တဲ့အျပင္

စီးရီးေအဂိုးသြင္းဘုရင္ျဖစ္ခဲ့လို႔ဂုဏ္ယူပါတယ္။ေပၚတူဂီနဲ႔အတူ

ယူ႐ိုဂိုးသြင္းဘုရင္ျဖစ္ခဲ့တာကေတာ့ဒီႏွစ္မွာအျမင့္ဆုံးအရာပါ။

အိုးထရက္ဖို႔ဒ္သို႔တေက်ာ့ျပန္ေရာက္လာခဲ့တာကေတာ့ကြၽန္ေတာ့္ဘဝရဲ႕

အမွတ္ရစရာအေကာင္းဆုံးအခိုက္အတန႔္ေတြထဲကတစ္ခုပါ။

ကြၽန္ေတာ္တို႔ယူႏိုက္တက္မွာရေနတဲ့ေအာင္ျမင္မႈအေပၚမေပ်ာ္ပါဘူး။

ကြၽန္ေတာ္တို႔ဘယ္သူမွမေပ်ာ္ပါဘူး။အလုပ္ႀကိဳးစားရမယ္။ပိုေကာင္းေအာင္ကစားရမယ္။

အခုကစၿပီးပိုၿပီးေတာ့လုပ္ေဆာင္ရပါမယ္။ႏွစ္သစ္ကူးမွာရာသီအလွည့္အေျပာင္းျဖစ္ေအာင္

လုပ္ၾကစို႔။၂၀၂၂ခုႏွစ္ကိုအျမင့္ဆုံးစိတ္ဓာတ္၊သန္မာတဲ့စိတ္တို႔နဲ႔ဖမ္းဆုပ္ၾကစို႔။

အျမင့္ဆုံးပ်ံသန္းၿပီးကလပ္ကိုထိုက္တန္တဲ့ေနရာသို႔ပို႔ေဆာင္ၾကစို႔။

အားလုံးကိုရည္႐ြယ္တာပါ။ဟက္ပီးနယူးရီးယားပါ။

မၾကာခင္ေတြ႕ၾကစို႔”လို႔ ဆိုသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစိန႔္ဂ်ိမ္းစ္ပါ့ခ္မွာနယူးကာဆယ္ႏွင့္

သေရက်တဲ့ပြဲအၿပီးမွာပရိသတ္မ်ားကိုႏႈတ္မဆက္ဘဲကြင္းအတြင္းမွ

ထြက္ခြာသြားမႈအတြက္ကစားေဖာ္ေဟာင္းဂယ္ရီနဗီးလ္ရဲ႕

ေဝဖန္မႈႀကဳံခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာဘန္ေလအားအႏိုင္ရတဲ့ပြဲမွာတစ္ဂိုးဖန္တီးၿပီး

တစ္ဂိုးသြင္းယူကာေဝဖန္မႈမ်ားကိုႏႈတ္ဆိတ္ေစခဲ့ပါတယ္။