
အိမ်ကွင်းကစားခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကိုလံဘီယာကို တစ်လုံးတည်းသော
ဂိုးနဲ့အနိုင်ရခဲ့လို့ ဘရာဇီးဟာ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်တဲ့
ပထမဆုံးတောင်အမေရိကအသင်း ဖြစ်လာခဲ့ပါတယ်။
ဘရာဇီးအတွက် တစ်လုံးတည်းသောဂိုးကို နေမာရဲ့ဖန်တီးမှုကနေ ကွင်းလယ်လူ
ပါကွီတာက ၇၂ မိနစ်အေရာက်မှာ သွင်းယူခဲ့တာပါ။
ဘရာဇီးဟာ ၁၀ သင်းပါ တောင်အမရိကဇုန်အမှတ်ပေးဇယားမှာ ၁၂ ပွဲကစား
၃၄ မှတ်ရရှိပြီး ဒုတိယနေရာကအာဂျင်တီးနားကို ၉ မှတ်ဖြတ်ထားတာပါ။
တောင်အမေရိကဇုန်မှာ ထိပ်ဆုံး ၄ သင်းဟာ တိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပြီး
အဆင့် ၅ ရအသင်းကတော့အခြားတိုက်က အသင်းနဲ့ Playoff ကစားရမှာပါ။
အဲဒီနိုင်ပွဲကြောင့် ဘရာဇီးဟာ ခြေစစ်ပွဲတစ်လျှောက် အိမ်ကွင်း ၁၁ ပွဲဆက်
အနိုင်ရခဲ့ပြီး အဲဒါဟာ တောင်အမေရိကရဲ့စံချိန်မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဘရာဇီးဟာ ခြေစစ်ပွဲ အိမ်ကွင်း ၁၀ ပွဲဆက် ပေးဂိုးမရှိခဲ့လို့ နောက်ထပ်
စံချိန်မှတ်တမ်းတစ်ခုလည်း ရရှိခဲ့ပါတယ်။
ဆော်ပေါ်လိုမြို့မှာကစားခဲ့တဲ့ အဲဒီပွဲမှာ နှစ်သင်းစလုံးဟာ ကြမ်းကြမ်းတမ်းတမ်း
ရှိခဲ့ကြလို့ ပြစ်ဒဏ်ဘော ၄၄ ြကိမ်ရှိခဲ့ပြီး အဝါကတ် ၇ ကတ်တောင် ပြခဲ့ရပါတယ်။
အဲဒီနိုင်ပွဲကြောင့် ဘရာဇီးဟာ ကစားခဲ့တဲ့ တောင်အမေရိကဇုန် ၁၂ ပွဲမှာ ၁၁ ပွဲ
အနိုင်ရခဲ့တာပါ။၂၀၂၂ ကမ္ဘာ့ဖလားအတွက် တောင်အမေရိကဇုန်မှာ သူတို့မနိုင်ခဲ့တဲ့
တစ်ပွဲတည်းသောပွဲက ဂိုးမရှိသရေကျခဲ့တဲ့ကိုလံဘီယာနဲ့ပထမအကျော့ဖြစ်ပါတယ်။
တစ်လုံးတည်းသောအနိုင်ဂိုးဖန်တီးပေးခဲ့တဲ့နေမာဟာလည်း ဘရာဇီးအတွက်
သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲ ၉ ပွဲမှာ ၇ ဂိုးသွင်း၊ ၈ ဂိုးဖန်တီးနိုင်ခဲ့တာပါ။
Zawgyi
၂၀၂၂ ကမာၻ႔ဖလားမွာ ပထမဆုံးေျခစစ္ပြဲေအာင္တဲ့ ဘရာဇီး
အိမ္ကြင္းကစားခဲ့တဲ့ကမာၻ႔ဖလားေျခစစ္ပြဲမွာ ကိုလံဘီယာကို တစ္လုံးတည္းေသာ
ဂိုးနဲ႔အႏိုင္ရခဲ့လို႔ ဘရာဇီးဟာ၂၀၂၂ ကမာၻ႔ဖလားအတြက္ ေျခစစ္ပြဲေအာင္တဲ့
ပထမဆုံးေတာင္အေမရိကအသင္း ျဖစ္လာခဲ့ပါတယ္။
ဘရာဇီးအတြက္ တစ္လုံးတည္းေသာဂိုးကို ေနမာရဲ႕ဖန္တီးမႈကေန ကြင္းလယ္လူ
ပါကြီတာက ၇၂ မိနစ္ေအရာက္မွာ သြင္းယူခဲ့တာပါ။
ဘရာဇီးဟာ ၁၀ သင္းပါ ေတာင္အမရိကဇုန္အမွတ္ေပးဇယားမွာ ၁၂ ပြဲကစား
၃၄ မွတ္ရရွိၿပီး ဒုတိယေနရာကအာဂ်င္တီးနားကို ၉ မွတ္ျဖတ္ထားတာပါ။
ေတာင္အေမရိကဇုန္မွာ ထိပ္ဆုံး ၄ သင္းဟာ တိုက္႐ိုက္ေျခစစ္ပြဲေအာင္မွာျဖစ္ၿပီး
အဆင့္ ၅ ရအသင္းကေတာ့အျခားတိုက္က အသင္းနဲ႔ Playoff ကစားရမွာပါ။
အဲဒီႏိုင္ပြဲေၾကာင့္ ဘရာဇီးဟာ ေျခစစ္ပြဲတစ္ေလွ်ာက္ အိမ္ကြင္း ၁၁ ပြဲဆက္
အႏိုင္ရခဲ့ၿပီး အဲဒါဟာ ေတာင္အေမရိကရဲ႕စံခ်ိန္မွတ္တမ္းတစ္ခုျဖစ္ခဲ့ပါတယ္။
ဒါ့အျပင္ ဘရာဇီးဟာ ေျခစစ္ပြဲ အိမ္ကြင္း ၁၀ ပြဲဆက္ ေပးဂိုးမရွိခဲ့လို႔ ေနာက္ထပ္
စံခ်ိန္မွတ္တမ္းတစ္ခုလည္း ရရွိခဲ့ပါတယ္။
ေဆာ္ေပၚလိုၿမိဳ႕မွာကစားခဲ့တဲ့ အဲဒီပြဲမွာ ႏွစ္သင္းစလုံးဟာ ၾကမ္းၾကမ္းတမ္းတမ္း
ရွိခဲ့ၾကလို႔ ျပစ္ဒဏ္ေဘာ ၄၄ ႀကိမ္ရွိခဲ့ၿပီး အဝါကတ္ ၇ ကတ္ေတာင္ ျပခဲ့ရပါတယ္။
အဲဒီႏိုင္ပြဲေၾကာင့္ ဘရာဇီးဟာ ကစားခဲ့တဲ့ ေတာင္အေမရိကဇုန္ ၁၂ ပြဲမွာ ၁၁ ပြဲ
အႏိုင္ရခဲ့တာပါ။၂၀၂၂ ကမာၻ႔ဖလားအတြက္ ေတာင္အေမရိကဇုန္မွာ သူတို႔မႏိုင္ခဲ့တဲ့
တစ္ပြဲတည္းေသာပြဲက ဂိုးမရွိသေရက်ခဲ့တဲ့ကိုလံဘီယာနဲ႔ပထမအေက်ာ့ျဖစ္ပါတယ္။
တစ္လုံးတည္းေသာအႏိုင္ဂိုးဖန္တီးေပးခဲ့တဲ့ေနမာဟာလည္း ဘရာဇီးအတြက္
သူ႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲ ၉ ပြဲမွာ ၇ ဂိုးသြင္း၊ ၈ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။