
အန်တိုနီယိုကွန်တီက၂၈ရက်အတွင်းတွင်၉ပွဲအထိကစားရန်ရှိနေပေမယ့်
ခရစ္စမတ်ကာလအတွင်းတွင်ဟယ်ရီကိန်းအားအနားပေးလို့မရကြောင်း
ပြောကြားလာပါတယ်။အသက်၂၈နှစ်ရှိဟယ်ရီကိန်းဟာယခုရာသီတွင်
ပရီးမီးယားလိဂ်ပွဲ၁၂ပွဲကစားထားရာမှာ၁ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။
စပါးစ်ဟာယခုလမှာပွဲကြပ်များနှင့်ရင်ဆိုင်ကစားရပါမယ်။၎င်းတို့ဟာ
တနင်္ဂနွေနေ့မှာနော့ဝှစ်ချ်ကိုဧည့်ခံကစားပြီးနောက်ယူရိုပါကွန်ဖရင့်လိဂ်
အုပ်စုတက်ရေးအဆုံးအဖြတ်ပွဲ၊ဝက်စ်ဟမ်းနှင့်ခါရာဘောင်ဖလား
ကွာတားဖိုင်နယ်ပွဲအပါအဝင်ပွဲကြပ်များစွာကစားရပါမယ်။
ကွန်တီက “ဟယ်ရီမပါဘဲပွဲတစ်ပွဲကိုစတင်ဖို့ဆိုတာကျွန်တော့်အတွက်
အနည်းငယ်ခက်ခဲပါတယ်။ကျွန်တော်တို့အတွက်အရေးပါတဲ့ကစားသမား
တစ်ဦးနဲ့ပတ်သက်ပြီးပြောနေကြတာပါ။အားလုံးအတွက်လည်းအရေးပါ
ပါတယ်။အခြေအနေတိုးတက်လာဖို့မျှော်လင့်နေတယ်။ကစားသမားတွေရဲ့
ယုံကြည်မှုမြင့်မားလာစေချင်တယ်။ဟယ်ရီမရှိတဲ့အခြေအနေမှာလည်း
ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာပြသနိုင်စေချင်တယ်။အရေးအကြီးဆုံးက
သုံးမှတ်ရယူနိုင်ဖို့ပါ”လို့ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာယခု၂၀၂၁ခုနှစ်အတွင်းတွင်ကလပ်နှင့်နိုင်ငံအတွက်၆၁ပွဲအထိ
ကစားပေးထားရသူဖြစ်ပါတယ်။သူဟာ၂၀၁၉ခုနှစ်တုန်းက၄၇ပွဲနှင့်၂၀၂၀ခုနှစ်
တုန်းက၃၉ပွဲကစားခဲ့ရမှုနဲ့နှိုင်းယှဉ်ပါကယခုနှစ်မှာပိုမိုများပြားစွာကစားထားရပါတယ်။
Zawgyi
၂၈ ရက္ ၉ ပြဲနဲ႔ ခရစၥမတ္မွာ နားရဖို႔မရွိတဲ့ ဟယ္ရီကိန္း
အန္တိုနီယိုကြန္တီက၂၈ရက္အတြင္းတြင္၉ပြဲအထိကစားရန္ရွိေနေပမယ့္
ခရစၥမတ္ကာလအတြင္းတြင္ဟယ္ရီကိန္းအားအနားေပးလို႔မရေၾကာင္း
ေျပာၾကားလာပါတယ္။အသက္၂၈ႏွစ္ရွိဟယ္ရီကိန္းဟာယခုရာသီတြင္
ပရီးမီးယားလိဂ္ပြဲ၁၂ပြဲကစားထားရာမွာ၁ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။
စပါးစ္ဟာယခုလမွာပြဲၾကပ္မ်ားႏွင့္ရင္ဆိုင္ကစားရပါမယ္။၎တို႔ဟာ
တနဂၤေႏြေန႔မွာေနာ့ဝွစ္ခ်္ကိုဧည့္ခံကစားၿပီးေနာက္ယူ႐ိုပါကြန္ဖရင့္လိဂ္
အုပ္စုတက္ေရးအဆုံးအျဖတ္ပြဲ၊ဝက္စ္ဟမ္းႏွင့္ခါရာေဘာင္ဖလား
ကြာတားဖိုင္နယ္ပြဲအပါအဝင္ပြဲၾကပ္မ်ားစြာကစားရပါမယ္။
ကြန္တီက “ဟယ္ရီမပါဘဲပြဲတစ္ပြဲကိုစတင္ဖို႔ဆိုတာကြၽန္ေတာ့္အတြက္
အနည္းငယ္ခက္ခဲပါတယ္။ကြၽန္ေတာ္တို႔အတြက္အေရးပါတဲ့ကစားသမား
တစ္ဦးနဲ႔ပတ္သက္ၿပီးေျပာေနၾကတာပါ။အားလုံးအတြက္လည္းအေရးပါ
ပါတယ္။အေျခအေနတိုးတက္လာဖို႔ေမွ်ာ္လင့္ေနတယ္။ကစားသမားေတြရဲ႕
ယုံၾကည္မႈျမင့္မားလာေစခ်င္တယ္။ဟယ္ရီမရွိတဲ့အေျခအေနမွာလည္း
ကြၽန္ေတာ္တို႔လုပ္ႏိုင္တယ္ဆိုတာျပသႏိုင္ေစခ်င္တယ္။အေရးအႀကီးဆုံးက
သုံးမွတ္ရယူႏိုင္ဖို႔ပါ”လို႔ေျပာၾကားသြားပါတယ္။
ဟယ္ရီကိန္းဟာယခု၂၀၂၁ခုႏွစ္အတြင္းတြင္ကလပ္ႏွင့္ႏိုင္ငံအတြက္၆၁ပြဲအထိ
ကစားေပးထားရသူျဖစ္ပါတယ္။သူဟာ၂၀၁၉ခုႏွစ္တုန္းက၄၇ပြဲႏွင့္၂၀၂၀ခုႏွစ္
တုန္းက၃၉ပြဲကစားခဲ့ရမႈနဲ႔ႏႈိင္းယွဥ္ပါကယခုႏွစ္မွာပိုမိုမ်ားျပားစြာကစားထားရပါတယ္။