၂ ကြိမ်တိုင်ငြင်းပယ်ခံရပြီးနောက် မန်ယူရဲ့ပင်နယ်တီမှတ်တမ်းနဲ့နှိုင်းယှဉ်ပြောလိုက်တဲ့ ကလော့ပ်

ဆောက်သမ်တန်ကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့ပွဲမှာ သူ့အသင်းဟာ ပင်နယ်တီ ၂ ကြိမ်ငြင်းပယ်ခံရတယ်လို့ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ ခံစားနေရပြီး ချန်ပီယံပြိုင်ဘက်မန်ယူရဲ့ပင်နယ်တီမှတ်တမ်းကိုလည်းကြားရော ဒေါသထွက်သွားပါတယ်။

တစ်လုံးတည်းသောဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့အဲဒီပွဲမှာ မာနီဟာ ဆောက်သမ်တန်ဘက်က ဝေါလ်ကာပီတာရဲ့တားဆီးမှုနဲ့ ပင်နယ်တီဧရိယာအတွင်း ကြုံတွေ့ခဲ့ရပေမယ့် ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒ့ါအပြင် ဝစ်နယ်ဒမ်ရဲ့ကန်ချက်ဟာ ပင်နယ်တီဧရိယာအတွင်းမှာပဲ ဆောက်သမ်တန်ဘက်က စတီဖင်ရဲ့လက်နဲ့ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်မာရင်နာကတော့ မလှုပ်မယှက်ပါပဲ။

အဲဒီရှုံးပွဲကြောင့် လီဗာပူးဟာ အမှတ်ပေးဇယားမှာ မန်ယူနဲ့ရမှတ်တူဖြစ်နေပေမယ့် ဂိုးကွာခြားချက်သာထားလို့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယနေရာက မန်ယူဟာ တစ်ပွဲလျော့ဖြစ်နေတာကြောင့် လက်ကျန်ပွဲမှာသာ သူတို့နိုင်သွားမယ်ဆိုရင် လီဗာပူးကို ကျော်တက်နိုင်မှာပါ။

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကတော့ အဲဒီပွဲမှာ သူ့အသင်းဟာ ပင်နယ်တီ ၂ ကြိမ်ရသင့်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

မာနီရဲ့အဖြစ်အပျက်နဲ့ပတ်သက်လို့ ကလော့ပ်က”အဲဒါက အရှင်းကို ပင်နယ်တီပါ။ စတုတ္ထဒိုင်ကိုမေးကြည့်တော့ သူတို့စစ်ဆေးပြီးကြောင်းနဲ့ ပင်နယ်တီမဟုတ်ကြောင်းပြောပါတယ်”လို့ ဆိုပါတယ်။

ပွဲအပြီးအင်တာဗျူးလုပ်နေတဲ့ အဲဒီအချိန်မှာ မန်ယူရဲ့ပင်နယ်တီမှတ်တမ်းအကြောင်းလည်းကြားရော ကလော့ပ်တစ်ယောက် ဒေါသထွက်သွားပါတယ်။

အဲဒီတော့ သူက”ကျွန်တော်တို့ မပြောင်းလဲနိုင်ပါဘူး။ ကျွန်တော်ရှိခဲ့တဲ့ ၅ နှစ်ခွဲမှာထက် ၂ နှစ်အတွင်းမှာ မန်ယူက ပင်နယ်တီပိုရခဲ့တယ်လို့ အခုပဲကြားလိုက်ပါတယ်။ ဒါဟာ ကျွန်တော့်အပြစ်လား ဒါမှမဟုတ် ဘယ်လိုဖြစ်တာတုန်းဆိုတာ မတွေးတတ်တော့ဘူး”လို့ ဆိုခဲ့ပါတယ်။

Zawgyi

၂ ႀကိမ္တိုင္ျငင္းပယ္ခံရၿပီးေနာက္ မန္ယူရဲ႕ပင္နယ္တီမွတ္တမ္းနဲ႔ႏႈိင္းယွဥ္ေျပာလိုက္တဲ့ ကေလာ့ပ္

ေဆာက္သမ္တန္ကို မထင္မွတ္ဘဲရႈံးနိမ့္ခဲ့တဲ့ပြဲမွာ သူ႔အသင္းဟာ ပင္နယ္တီ ၂ ႀကိမ္ျငင္းပယ္ခံရတယ္လုိ႔ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ ခံစားေနရၿပီး ခ်န္ပီယံၿပိဳင္ဘက္မန္ယူရဲ႕ပင္နယ္တီမွတ္တမ္းကိုလည္းၾကားေရာ ေဒါသထြက္သြားပါတယ္။

တစ္လုံးတည္းေသာဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့အဲဒီပြဲမွာ မာနီဟာ ေဆာက္သမ္တန္ဘက္က ေ၀ါလ္ကာပီတာရဲ႕တားဆီးမႈနဲ႔ ပင္နယ္တီဧရိယာအတြင္း ႀကဳံေတြ႕ခဲ့ရေပမယ့္ ဒုိင္က ပင္နယ္တီေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။

ဒ့ါအျပင္ ၀စ္နယ္ဒမ္ရဲ႕ကန္ခ်က္ဟာ ပင္နယ္တီဧရိယာအတြင္းမွာပဲ ေဆာက္သမ္တန္ဘက္က စတီဖင္ရဲ႕လက္နဲ႔ထိခဲ့ေပမယ့္ ကြင္းလယ္ဒိုင္မာရင္နာကေတာ့ မလႈပ္မယွက္ပါပဲ။

အဲဒီရႈံးပြဲေၾကာင့္ လီဗာပူးဟာ အမွတ္ေပးဇယားမွာ မန္ယူနဲ႔ရမွတ္တူျဖစ္ေနေပမယ့္ ဂိုးကြာျခားခ်က္သာထားလို႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဒုတိယေနရာက မန္ယူဟာ တစ္ပြဲေလ်ာ့ျဖစ္ေနတာေၾကာင့္ လက္က်န္ပြဲမွာသာ သူတို႔ႏုိင္သြားမယ္ဆိုရင္ လီဗာပူးကို ေက်ာ္တက္ႏိုင္မွာပါ။

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကေတာ့ အဲဒီပြဲမွာ သူ႔အသင္းဟာ ပင္နယ္တီ ၂ ႀကိမ္ရသင့္တယ္လုိ႔ အခုိင္အမာဆုိခဲ့ပါတယ္။

မာနီရဲ႕အျဖစ္အပ်က္နဲ႔ပတ္သက္လုိ႔ ကေလာ့ပ္က”အဲဒါက အရွင္းကို ပင္နယ္တီပါ။ စတုတၳဒိုင္ကိုေမးၾကည့္ေတာ့ သူတုိ႔စစ္ေဆးၿပီးေၾကာင္းနဲ႔ ပင္နယ္တီမဟုတ္ေၾကာင္းေျပာပါတယ္”လုိ႔ ဆုိပါတယ္။

ပြဲအၿပီးအင္တာဗ်ဴးလုပ္ေနတဲ့ အဲဒီအခ်ိန္မွာ မန္ယူရဲ႕ပင္နယ္တီမွတ္တမ္းအေၾကာင္းလည္းၾကားေရာ ကေလာ့ပ္တစ္ေယာက္ ေဒါသထြက္သြားပါတယ္။

အဲဒီေတာ့ သူက”ကၽြန္ေတာ္တို႔ မေျပာင္းလဲႏိုင္ပါဘူး။ ကၽြန္ေတာ္ရွိခဲ့တဲ့ ၅ ႏွစ္ခြဲမွာထက္ ၂ ႏွစ္အတြင္းမွာ မန္ယူက ပင္နယ္တီပိုရခဲ့တယ္လုိ႔ အခုပဲၾကားလိုက္ပါတယ္။ ဒါဟာ ကၽြန္ေတာ့္အျပစ္လား ဒါမွမဟုတ္ ဘယ္လိုျဖစ္တာတုန္းဆုိတာ မေတြးတတ္ေတာ့ဘူး”လုိ႔ ဆုိခဲ့ပါတယ္။