၂ ဂိုးသွင်းခဲ့တဲ့ စီရော်နယ်ဒိုကို လူစားလဲခဲ့တဲ့အပေါ် ပီယာလိုကာကွယ်ပြောကြား

အင်တာမီလန်နဲ့ ကိုပါအီတာလီယာဆီမီးဖိုင်နယ်ပထမအကျော့မှာ စီရော်နယ်ဒိုကို လူစားလဲခဲ့တာနဲ့ပတ်သက်လို့ ဂျူဗင်တပ်နည်းပြပီယာလိုက ကာကွယ်ပြောကြားလိုက်ပါတယ်။

အင်တာမီလန်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းရခဲ့ဲတဲ့ ၂ ဂိုးစလုံးကိုသွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံရတာနဲ့ပတ်သက်လို့ မကျေနပ်တဲ့ပုံစံကို တွေ့ခဲ့ရပါတယ်။

အဲဒီဆုံးဖြတ်ချက်အတွက် ပီယာလိုဟာ ပွဲအပြီးမှာ မေးခွန်းထုတ်ခံခဲ့ရပြီး လာမယ့်သောကြာမှာ ၃၆ နှစ်ပြည့်မယ့် သူ့အသင်းကြယ်ပွင့်ကို အနားပေးဖို့လိုတယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

”အသင်းကို ကူညီပေးချင်နေတဲ့ဒီလိုပွဲတစ်ပွဲမှာ အချိန်မတိုင်ခင် ကွင်းထဲက ထွက်ရတာကို မကြိုက်တာဟာ ပုံမှန်ပါပဲ။ သူ့ကို လူစားလဲလို့မရနိုင်ဘူးလို့ စာချုပ်ထဲမှာ ပါမှ မပါတာ”လို့ ပီယာလိုက ဆိုခဲ့တာပါ။

ဆက်လက်ပြီး ပီယာလိုက”သူဟာ ကျွန်တော်တို့အတွက် အဓိကကျသူတစ်ယောက်ဆိုတာ သူသိပါတယ်။ စနေနေ့မှာ အရေးကြီးပွဲတစ်ပွဲရှိနေလို့ နားဖို့လိုတယ်လို့ သူ့ကို ကျွန်တော်ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်အတွက် ပိုလို့တောင် ဂိုးသွင်းခြေစွမ်းပြနိုင်နေပြီး အင်တာနဲ့ပွဲက သွင်းဂိုး ၂ ဂိုးကြောင့် ပြိုင်ပွဲအရပ်ရပ် ၂၃ ပွဲမှာ ၂၂ ဂိုးရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ အင်တာနဲ့ဆီမီး ဒုတိယအကျော့မတိုင်ခင် လာမယ့်စနေ စီးရီးအေမှာ ရိုးမားနဲ့ရင်ဆိုင်ကစားရဖို့ ရှိနေတာပါ။

Zawgyi

၂ ဂုိုးသြင္းခဲ့တဲ့ စီေရာ္နယ္ဒိုကုိ လူစားလဲခဲ့တဲ့အေပၚ ပီယာလိုကာကြယ္ေျပာၾကား

အင္တာမီလန္နဲ႔ ကိုပါအီတာလီယာဆီမီးဖိုင္နယ္ပထမအေက်ာ့မွာ စီေရာ္နယ္ဒိုကုိ လူစားလဲခဲ့တာနဲ႔ပတ္သက္လုိ႔ ဂ်ဴဗင္တပ္နည္းျပပီယာလုိက ကာကြယ္ေျပာၾကားလုိက္ပါတယ္။

အင္တာမီလန္ကို ၂-၁ နဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲမွာ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းရခဲ့ဲတဲ့ ၂ ဂိုးစလုံးကိုသြင္းယူေပးခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ လူစားလဲခံရတာနဲ႔ပတ္သက္လုိ႔ မေက်နပ္တဲ့ပံုစံကို ေတြ႕ခဲ့ရပါတယ္။

အဲဒီဆုံးျဖတ္ခ်က္အတြက္ ပီယာလုိဟာ ပြဲအၿပီးမွာ ေမးခြန္းထုတ္ခံခဲ့ရၿပီး လာမယ့္ေသာၾကာမွာ ၃၆ ႏွစ္ျပည့္မယ့္ သူ႔အသင္းၾကယ္ပြင့္ကို အနားေပးဖို႔လုိတယ္လုိ႔ ျပန္လည္ေျဖၾကားခ့ဲတာပါ။

”အသင္းကို ကူညီေပးခ်င္ေနတဲ့ဒီလုိပြဲတစ္ပြဲမွာ အခ်ိန္မတိုင္ခင္ ကြင္းထဲက ထြက္ရတာကို မႀကိဳက္တာဟာ ပုံမွန္ပါပဲ။ သူ႔ကို လူစားလဲလုိ႔မရႏိုင္ဘူးလို႔ စာခ်ဳပ္ထဲမွာ ပါမွ မပါတာ”လုိ႔ ပီယာလုိက ဆုိခဲ့တာပါ။

ဆက္လက္ၿပီး ပီယာလိုက”သူဟာ ကၽြန္ေတာ္တုိ႔အတြက္ အဓိကက်သူတစ္ေယာက္ဆုိတာ သူသိပါတယ္။ စေနေန႔မွာ အေရးႀကီးပြဲတစ္ပြဲရွိေနလို႔ နားဖုိ႔လုိတယ္လုိ႔ သူ႔ကို ကၽြန္ေတာ္ေျပာခဲ့ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ ဒီရာသီမွာ ဂ်ဴဗင္တပ္အတြက္ ပိုလုိ႔ေတာင္ ဂိုးသြင္းေျခစြမ္းျပႏိုင္ေနၿပီး အင္တာနဲ႔ပြဲက သြင္းဂိုး ၂ ဂိုးေၾကာင့္ ၿပိဳင္ပြဲအရပ္ရပ္ ၂၃ ပြဲမွာ ၂၂ ဂိုးရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာ အင္တာနဲ႔ဆီမီး ဒုတိယအေက်ာ့မတိုင္ခင္ လာမယ့္စေန စီးရီးေအမွာ ရိုးမားနဲ႔ရင္ဆိုင္ကစားရဖို႔ ရွိေနတာပါ။