၂ နှစ်ဆက်အဖြစ် ကာရာဘောင်းဆီမီးမှာ မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် မန်ယူ

ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲတွေအပြီးမှာ ဆီးဖိုင်နယ်ပွဲစဉ်တွေထွက်ပေါ်လာခဲ့ပြီး အဲဒီမှာ မန်ယူဟာ မြို့ခံပြိုင်ဘက်မန်စီးတီးနဲ့ ရင်ဆိုင်တွေ့နေပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကာရာဘောင်းဖလားဆီးမီးမှာ မန်ချက်စတာနှစ်သင်းတွေ့ခဲ့ကြပြီး အဲဒီတုန်းက အပြန်အလှန်အနိုင်ရခဲ့ကြပေမယ့် အဝေးဂိုးအားသာချက်နဲ့ မန်စီးတီးဗိုလ်လုပွဲတက်ခဲ့ပါတယ်။

အခုရာသီမှာလည်း ကာရာဘောင်းဖလားဆီမီးမှာ သူတို့နှစ်သင်းထပ်တွေ့နေကြတာဖြစ်ပြီး မန်ယူနည်းပြဘ၀ သူ့ရဲ့ပထမဆုံးဆုဖလားအောင်မြင်မှုကို ရှာဖွေနေတဲ့ဆိုးလ်ရှားအနေနဲ့ ပြန်လည်လက်စားချေနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

ဂွါဒီယိုလာရဲ့မန်စီးတီးကတော့ ကာရာဘောင်းဖလားမှာ နောက်ဆုံး ၃ ရာသီဆက်ဗိုလ်စွဲထားကာ ဒီရာသီမှာလည်း ထပ်မံဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

တစ်ဖက်ဆီမီးပွဲမှာတော့ စပါးအသင်းဟာ နယူးကာဆယ်ကိုကျော်ဖြတ်လာတဲ့ ချန်ပီယံရှစ်ကလပ်ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်တွေ့နေပါတယ်။

မော်ရင်ဟိုဟာ အင်္ဂလန်လိဂ်ဖလားလို့လည်း တစ်မျိုးခေါ်သေးတဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ အောင်မြင်မှုအစဉ်အလာကောင်းရှိထားပြီး ချဲလ်ဆီးနဲ့ ၃ ကြိမ်၊ မန်ယူနဲ့ ၁ ကြိမ်ဗိုလ်စွဲထားတာပါ။

စပါးဟာ အင်္ဂလန်လိဂ်ဖလားမှာ ၂၀၀၈ က နောက်ဆုံးဗိုလ်စွဲခဲ့ပြီး အဲဒါဟာ နောက်ဆုံး ၁၂ နှစ်အတွင်းမှာ သူတို့ရဲ့တစ်ခုတည်းသော ဆုဖလားအောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။

အရင့်အရင်ရာသီတွေက ကာရာဘောင်းဖလားဆီးမီးပွဲတွေကို အိမ်ကွင်း၊ အဝေးကွင်းပုံစံနဲ့ ကစားစေခဲ့ပေမယ့် ဒီရာသီမှာတော့ တစ်ကျော့တည်းသာ ယှဉ်ပြိုင်စေမှာဖြစ်ပြီး ဇန်နဝါရီ ၄ ရက်နေ့ပါဝင်တဲ့ ရက်သတ္တပတ်မှာ ကစားစေမှာပါ။

တစ်ကျော့တည်းဖြစ်သွားတဲ့ ပွဲစဉ်အနေအထားအရ မန်ယူနဲ့စပါးတို့ဟာ လာမယ့်ဆီမီးပွဲတွေမှာ အိမ်ရှင်အားသာချက် ရှိသွားပါတယ်။

ကာရာဘောင်းဖလားဆီမီးဖိုင်နယ်

မန်ယူ – မန်စီးတီး

စပါး – ဘရန့်ဖို့ဒ်

Zawgyi

၂ ႏွစ္ဆက္အျဖစ္ ကာရာေဘာင္းဆီမီးမွာ မန္စီးတီးနဲ႔ရင္ဆုိင္ရမယ့္ မန္ယူ

ကာရာေဘာင္းဖလားကြာတားဖိုင္နယ္ပြဲေတြအၿပီးမွာ ဆီးဖိုင္နယ္ပြဲစဥ္ေတြထြက္ေပၚလာခဲ့ၿပီး အဲဒီမွာ မန္ယူဟာ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးနဲ႔ ရင္ဆုိင္ေတြ႕ေနပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ကာရာေဘာင္းဖလားဆီးမီးမွာ မန္ခ်က္စတာႏွစ္သင္းေတြ႕ခဲ့ၾကၿပီး အဲဒီတုန္းက အျပန္အလွန္အႏိုင္ရခဲ့ၾကေပမယ့္ အေ၀းဂိုးအားသာခ်က္နဲ႔ မန္စီးတီးဗုိလ္လုပြဲတက္ခဲ့ပါတယ္။

အခုရာသီမွာလည္း ကာရာေဘာင္းဖလားဆီမီးမွာ သူတို႔ႏွစ္သင္းထပ္ေတြ႕ေနၾကတာျဖစ္ၿပီး မန္ယူနည္းျပဘ၀ သူ႔ရဲ႕ပထမဆုံးဆုဖလားေအာင္ျမင္မႈကုိ ရွာေဖြေနတဲ့ဆုိးလ္ရွားအေနနဲ႔ ျပန္လည္လက္စားေခ်ႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါ။

ဂြါဒီယုိလာရဲ႕မန္စီးတီးကေတာ့ ကာရာေဘာင္းဖလားမွာ ေနာက္ဆုံး ၃ ရာသီဆက္ဗုိလ္စြဲထားကာ ဒီရာသီမွာလည္း ထပ္မံဗုိလ္စြဲႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

တစ္ဖက္ဆီမီးပြဲမွာေတာ့ စပါးအသင္းဟာ နယူးကာဆယ္ကုိေက်ာ္ျဖတ္လာတဲ့ ခ်န္ပီယံရွစ္ကလပ္ဘရန္႔ဖုိ႔ဒ္အသင္းနဲ႔ ရင္ဆိုင္ေတြ႕ေနပါတယ္။

ေမာ္ရင္ဟိုဟာ အဂၤလန္လိဂ္ဖလားလုိ႔လည္း တစ္မ်ိဳးေခၚေသးတဲ့ ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈအစဥ္အလာေကာင္းရွိထားၿပီး ခ်ဲလ္ဆီးနဲ႔ ၃ ႀကိမ္၊ မန္ယူနဲ႔ ၁ ႀကိမ္ဗိုလ္စြဲထားတာပါ။

စပါးဟာ အဂၤလန္လိဂ္ဖလားမွာ ၂၀၀၈ က ေနာက္ဆုံးဗုိလ္စြဲခဲ့ၿပီး အဲဒါဟာ ေနာက္ဆံုး ၁၂ ႏွစ္အတြင္းမွာ သူတုိ႔ရဲ႕တစ္ခုတည္းေသာ ဆုဖလားေအာင္ျမင္မႈလည္း ျဖစ္ခဲ့ပါတယ္။

အရင့္အရင္ရာသီေတြက ကာရာေဘာင္းဖလားဆီးမီးပြဲေတြကို အိမ္ကြင္း၊ အေ၀းကြင္းပုံစံနဲ႔ ကစားေစခဲ့ေပမယ့္ ဒီရာသီမွာေတာ့ တစ္ေက်ာ့တည္းသာ ယွဥ္ၿပိဳင္ေစမွာျဖစ္ၿပီး ဇန္န၀ါရီ ၄ ရက္ေန႔ပါ၀င္တဲ့ ရက္သတၱပတ္မွာ ကစားေစမွာပါ။

တစ္ေက်ာ့တည္းျဖစ္သြားတဲ့ ပြဲစဥ္အေနအထားအရ မန္ယူနဲ႔စပါးတို႔ဟာ လာမယ့္ဆီမီးပြဲေတြမွာ အိမ္ရွင္အားသာခ်က္ ရွိသြားပါတယ္။

ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္

မန္ယူ – မန္စီးတီး

စပါး – ဘရန္႔ဖို႔ဒ္