
ဘရာဇီးဘောလုံးကစားသမားဝီလီယမ်ရီဘိုင်ရိုဟာယခုလအစောပိုင်းတုန်းက
ပွဲတစ်ပွဲမှာဒိုင်လူကြီးရဲ့ခေါင်းကိုကန်ကျောက်ခဲ့မှုအတွက်အားကစားတွင်ပါဝင်
ပတ်သက်ခွင့်၂နှစ်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
Sport Club Sao Paulo မှကစားသမားဟာအဝါကတ်ပြသခြင်းခံခဲ့ရမှုကြောင့်
ဒိုင်လူကြီးဒေါသထွက်ကာထိုးကြိတ်ခဲ့ပါတယ်။သူဟာကွင်းမြက်ခင်းတွင်
ဒိုင်လူကြီးလဲကျနေချိန်တွင်လည်းခေါင်းကိုပြေးကန်ခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကြောင့်သူဟာကွင်းအတွင်းမှာဘဲပြိုင်ဘက်ကစားသမားများရဲ့
ထိန်းချုပ်ခြင်းခံခဲ့ရပြီးရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရပါတယ်။
ယခုအခါဝီလီယမ်ရီဘိုင်ရိုဟာအားကစားလောကနှင့်ပတ်သက်ခွင့်၂နှစ်ပိတ်ပင်ခြင်း
ခံလိုက်ရပြီဖြစ်ပါတယ်။ သူဟာမကြာသေးမီတုန်းကလည်းအသင်းရဲ့စာချုပ်
ဖျက်သိမ်းမှုခံခဲ့ရပါတယ်။
ရီဘိုင်ရိုရဲ့ကန်ကျောက်မှုခံခဲ့ရတဲ့ဒိုင်လူကြီးခရီဗယ်လာရိုဟာသတိမေ့သွားခဲ့ပြီး
ဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရပါတယ်။
Zawgyi
၂ နွစ္ အပိတ္ခံလိုက္ရတဲ့ ဒိုင္လူႀကီးရဲ႕ေခါင္းကို ကန္ခဲ့တဲ့ ဘရာဇီးေဘာလုံးသမား
ဘရာဇီးေဘာလုံးကစားသမားဝီလီယမ္ရီဘိုင္႐ိုဟာယခုလအေစာပိုင္းတုန္းက
ပြဲတစ္ပြဲမွာဒိုင္လူႀကီးရဲ႕ေခါင္းကိုကန္ေက်ာက္ခဲ့မႈအတြက္အားကစားတြင္ပါဝင္
ပတ္သက္ခြင့္၂ႏွစ္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။
Sport Club Sao Paulo မွကစားသမားဟာအဝါကတ္ျပသျခင္းခံခဲ့ရမႈေၾကာင့္
ဒိုင္လူႀကီးေဒါသထြက္ကာထိုးႀကိတ္ခဲ့ပါတယ္။သူဟာကြင္းျမက္ခင္းတြင္
ဒိုင္လူႀကီးလဲက်ေနခ်ိန္တြင္လည္းေခါင္းကိုေျပးကန္ခဲ့ပါတယ္။
ယင္းျဖစ္ရပ္ေၾကာင့္သူဟာကြင္းအတြင္းမွာဘဲၿပိဳင္ဘက္ကစားသမားမ်ားရဲ႕
ထိန္းခ်ဳပ္ျခင္းခံခဲ့ရၿပီးရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးထိန္းသိမ္းမႈခံခဲ့ရပါတယ္။
ယခုအခါဝီလီယမ္ရီဘိုင္႐ိုဟာအားကစားေလာကႏွင့္ပတ္သက္ခြင့္၂ႏွစ္ပိတ္ပင္ျခင္း
ခံလိုက္ရၿပီျဖစ္ပါတယ္။ သူဟာမၾကာေသးမီတုန္းကလည္းအသင္းရဲ႕စာခ်ဳပ္
ဖ်က္သိမ္းမႈခံခဲ့ရပါတယ္။
ရီဘိုင္႐ိုရဲ႕ကန္ေက်ာက္မႈခံခဲ့ရတဲ့ဒိုင္လူႀကီးခရီဗယ္လာ႐ိုဟာသတိေမ့သြားခဲ့ၿပီ
းေဆး႐ုံတြင္ေဆးကုသမႈခံယူခဲ့ရပါတယ္။