( ၂ ) ပွဲလျော့ကစားပြီး မက်ဒရစ်ကို ( ၄ ) မှတ် ၊ ဘာကာကို ( ၇ ) မှတ် ဖြတ်လိုက်တဲ့ အက်သလက်တီကို
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လာလီဂါ အမှတ်ပေးဇယားထိပ်က ဆောင်းရာသီ ချနိပီယံ အက်သလက်တီကို အသင်းဟာ ဒုတိယနေရာက ရီးရဲမက်ဒရစ်အသင်းထက် ( ၂ ) ပွဲလျော့ ကစားပြီး ( ၄ ) မှတ် အသာနဲ့ ဦးဆောင်နေပါတယ်။
တိုက်စစ်ပိုင်း အားကောင်းရုံသာမက ခံစစ်ပိုင်းပါ ကျစ်လျစ်မှုရှိတဲ့ ဆီမြွန်နီရဲ့အသင်းက အင်္ဂါနေ့ညက Wanda Metropolitano မှာ ကစားခဲ့တဲ့ ဆီဗီလာ အသင်းနဲ့ ပွဲစဉ်မှာ ကော်ရဲယား ၊ ဆာအူး တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရှိခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ လက်ရှိအချိန်မှာ လာလီဂါ ( ၅ ) ပွဲဆက် အနိုင်ရလာဒ်နဲ့အတူ ( ၁၆ ) ပွဲကစားထားရာ ( ၄၁ ) မှတ် ( ၁၃ ပွဲ နိုင် ၊ ၂ ပွဲ သရေ ၊ ၁ ပွဲ ရှုံး ) ရရှိထားပြီး ဒုတိယနေရာက ရီးရဲမက်ဒရစ်အသင်းက ( ၁၈ ) ပွဲ ကစားထားကာ ( ၃၇ ) မှတ် ရရှိထားပါတယ်။ တတိယနေရာမှာရှိတဲ့ ဘာစီလိုနာက ( ၃၄ ) မှတ် ရရှိထားပြီး ဗီလာရီးရဲအသင်းက ( ၃၂ ) မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
အက်သလက်တီကို အသင်းဟာ ပြီးခဲ့တဲ့ အပတ်က Wanda Metropolitano မှာ ဘီဘာအိုနဲ့ ကစားရမယ့် ပွဲစဉ်ကို ရာသီဥတု ဆိုးရွားမှုကြောင့် ရွေ့ဆိုင်းခဲ့တဲ့အတွက် လက်ရှိအချိန်မှာ အခြားအသင်းတွေထက် ( ၂ ) ပွဲလျော့ အနေအထား ရောက်ရှိနေပါတယ်။ အက်သလက်တီကို အသင်းဟာ နောက်ထပ် လာလီဂါ ပွဲစဉ်အဖြစ် အီဘာအသင်းနဲ့ ဇန်နဝါရီ ( ၂၁ ) ရက်နေ့မှသာ ကစားရဖို့ရှိနေပြီး အဆိုပါ ပွဲစဉ်အတွက် ပြင်ဆင်ချိန် ( ၈ ) ရက်ထိ ရရှိနေတာ ဖြစ်ပါတယ်။
ဆီမြွန်နီရဲ့အသင်းက ကိုပါဒယ်ရေးပြိုင်ပွဲ ဒုတိယအဆင့်မှာ Cornella အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့အတွက် ယခုအပတ်ကစားမယ့် ( ၁၆ ) သင်းအဆင့်ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ Source : MD
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi