
လီဗာပူးစူပါစတားမိုဟာမက်ဆာလက်ဟာဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံးအသင်းအတွက်
ဆန်ကာတင်စာရင်းတွင် ပါဝင်ခြင်းမရှိဘဲရုန်းကန်နေရတဲ့ဘာစီလိုနာအသင်းမှ
ကစားသမားငါးဦးအထိအံ့ဩဖွယ်ပါဝင်နေပါတယ်။
ဖီဖာဟာကမ္ဘာ့အကောင်းဆုံးအသင်းအတွက်ဆန်ကာတင်
ကစားသ မား၂၃ဦးရွေးချယ်ခဲ့တာဖြစ်ပြီးတိုက်စစ်သမား၈ဦးရွေးချယ်ခဲ့ရာမှာ
မိုဟာမက်ဆာလက်မပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်စစ်သမားများတွင်
ကာရမ်ဘန်ဇီးမား၊ခရစ္စတီယာနိုရော်နယ်ဒို၊လီယွန်နယ်မက်ဆီ၊ကိုင်လီယန်ဘက်ပေး၊
အာလင်းဟာလန်း၊နေမာနှင့်လူကာကူတို့ပါဝင်ခဲ့ကြပါတယ်။
မိုဟာမက်ဆာလက်ဟာပြီးခဲ့တဲ့ရာသီတုန်းက၃၁ဂိုးအထိ
သွင်းယူနိုင်ခဲ့ပေမယ့်ချန်လှပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
နေမာဟာပြီးခဲ့တဲ့ရာသီတုန်းကပီအက်စ်ဂျီကိုလီဂူး၁ချန်ပီယံကာကွယ်နိုင်ခဲ့ခြင်း
မရှိပေမယ့်လည်းဆာလက်ကိုကျော်ကာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး
စာရင်းမှာရွေးချယ်ခံခဲ့ရပါတယ်။ဆာလက်ဟာနေမာနှင့်ဂိုးနှစ်ဆနီးပါး
ပိုသွင်းနိုင်ပေမယ့်ကစားသမားများရဲ့မဲမရရှိဘဲ ကမ္ဘာ့အကောင်းဆုံးအသင်းအတွက်
ဆန်ကာတင်၂၃ဦးစာရင်းတွင်မပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
ပိုပြီးတော့အံ့ဩစရာကောင်းတာကတော့ဘာစီလိုနာညာနောက်ခံလူ
ဒါနီအဲလ်ဗက်စ်ပါဝင်နေတာဖြစ်ပါတယ်။
အသက်၃၈နှစ်ရှိအဲလ်ဗက်စ်ဟာပြီးခဲ့တဲ့ရာသီတုန်းကဘရာဇီးကလပ်
ဆာအိုပေါ်လိုမှာကစားခဲ့သူဖြစ်ပြီးနွေရာသီတုန်းကဘရာဇီးနှင့်အတူ
အိုလံပစ်ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင်ရုန်းကန်နေရတဲ့
ဘာစီလိုနာမှဖရန်ကီဒီဂျောင်၊ဆာဂျီယိုဘက်စကွက်ဇ်၊ဂျော်ဒီအယ်ဘာတို့ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက၃၈ဂိုးသွင်းကာ၁၄ကြိမ်ဖန်တီးပေးခဲ့ပြီး
ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကိုဆွတ်ခူးခဲ့တဲ့မက်ဆီလည်းပါဝင်ခဲ့ပါတယ်။
ဘာစီလိုနာဟာမက်ဆီထွက်ခွာသွားပြီးနောက်လာလီဂါအမှတ်ပေးဇယား
အဆင့်၈နေရာသို့အထိဆင်းပေးနေရပြီးချန်ပီယံလိဂ်တွင်လည်း
အုပ်စုအဆင့်မှထွက်ခွာထားရပါတယ်။
zawgyi
၃၁ ဂိုးအထိသြင္းယူႏိုင္ခဲ့ေပမယ့္ FIFA World Xl ဆန္ကာတင္စာရင္းမွာ ခ်န္လွပ္ခံရတဲ့ ဆာလက္
လီဗာပူးစူပါစတားမိုဟာမက္ဆာလက္ဟာဖီဖာရဲ႕ကမာၻ႔အေကာင္းဆုံးအသင္းအတြက္
ဆန္ကာတင္စာရင္းတြင္ ပါဝင္ျခင္းမရွိဘဲ႐ုန္းကန္ေနရတဲ့ဘာစီလိုနာအသင္းမွ
ကစားသမားငါးဦးအထိအံ့ဩဖြယ္ပါဝင္ေနပါတယ္။
ဖီဖာဟာကမာၻ႔အေကာင္းဆုံးအသင္းအတြက္ဆန္ကာတင္
ကစားသ မား၂၃ဦးေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီးတိုက္စစ္သမား၈ဦးေ႐ြးခ်ယ္ခဲ့ရာမွာ
မိုဟာမက္ဆာလက္မပါဝင္ခဲ့တာလည္းျဖစ္ပါတယ္။တိုက္စစ္သမားမ်ားတြင္
ကာရမ္ဘန္ဇီးမား၊ခရစၥတီယာႏိုေရာ္နယ္ဒို၊လီယြန္နယ္မက္ဆီ၊ကိုင္လီယန္ဘက္ေပး၊
အာလင္းဟာလန္း၊ေနမာႏွင့္လူကာကူတို႔ပါဝင္ခဲ့ၾကပါတယ္။
မိုဟာမက္ဆာလက္ဟာၿပီးခဲ့တဲ့ရာသီတုန္းက၃၁ဂိုးအထိ
သြင္းယူႏိုင္ခဲ့ေပမယ့္ခ်န္လွပ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။
ေနမာဟာၿပီးခဲ့တဲ့ရာသီတုန္းကပီအက္စ္ဂ်ီကိုလီဂူး၁ခ်န္ပီယံကာကြယ္ႏိုင္ခဲ့ျခင္း
မရွိေပမယ့္လည္းဆာလက္ကိုေက်ာ္ကာကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉး
စာရင္းမွာေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ဆာလက္ဟာေနမာႏွင့္ဂိုးႏွစ္ဆနီးပါး
ပိုသြင္းႏိုင္ေပမယ့္ကစားသမားမ်ားရဲ႕မဲမရရွိဘဲ ကမာၻ႔အေကာင္းဆုံးအသင္းအတြက္
ဆန္ကာတင္၂၃ဦးစာရင္းတြင္မပါဝင္ခဲ့တာလည္းျဖစ္ပါတယ္။
ပိုၿပီးေတာ့အံ့ဩစရာေကာင္းတာကေတာ့ဘာစီလိုနာညာေနာက္ခံလူ
ဒါနီအဲလ္ဗက္စ္ပါဝင္ေနတာျဖစ္ပါတယ္။
အသက္၃၈ႏွစ္ရွိအဲလ္ဗက္စ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကဘရာဇီးကလပ္
ဆာအိုေပၚလိုမွာကစားခဲ့သူျဖစ္ၿပီးေႏြရာသီတုန္းကဘရာဇီးႏွင့္အတူ
အိုလံပစ္ေ႐ႊတံဆိပ္ဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဒါ့အျပင္႐ုန္းကန္ေနရတဲ့
ဘာစီလိုနာမွဖရန္ကီဒီေဂ်ာင္၊ဆာဂ်ီယိုဘက္စကြက္ဇ္၊ေဂ်ာ္ဒီအယ္ဘာတို႔ပါဝင္ပါတယ္။
ၿပီးခဲ့တဲ့ရာသီတုန္းက၃၈ဂိုးသြင္းကာ၁၄ႀကိမ္ဖန္တီးေပးခဲ့ၿပီး
ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုကိုဆြတ္ခူးခဲ့တဲ့မက္ဆီလည္းပါဝင္ခဲ့ပါတယ္။
ဘာစီလိုနာဟာမက္ဆီထြက္ခြာသြားၿပီးေနာက္လာလီဂါအမွတ္ေပးဇယား
အဆင့္၈ေနရာသို႔အထိဆင္းေပးေနရၿပီးခ်န္ပီယံလိဂ္တြင္လည္း
အုပ္စုအဆင့္မွထြက္ခြာထားရပါတယ္။