၃ ဂိုးရပြီးရင် ၄ ဂိုးသွင်းနိုင်ဖို့ ၂ ယောက်စလုံးက တွေးနေပြီး စီရော်နယ်ဒိုကတော့ အသင်းဖော်ပိုဆန်တယ်လို့ အာသာ မှတ်ချက်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုနဲ့ မက်ဆီဆိုတာ ကမ္ဘာကျော် ဘောလုံးသမား ၂ ဦးဖြစ်သလို သူတို့ရဲ့ ခြေစွမ်းကို ထိပ်တန်းအဆင့်မှာ ၁၅ နှစ်ကျော်ကြာ ထိန်းထားနိုင်တဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးနဲ့ တွဲဖက်ကစားခွင့်ရတဲ့သူတွေဟာ ကံကောင်း တဲ့ ဘောလုံးသမားတွေဖြစ်ပြီး ဒီမာရီယာ တစ်ချိန်ကပြောဖူးသလို သူ အသက်ကြီးလာတဲ့အချိန်ရောက်ရင် သူ့ရဲ့မြေးတွေကို သူတို့ရဲ့အဘိုးဟာ မက်ဆီ နဲ့ စီရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ၂ ယောက်နဲ့ ဘယ်လိုတွဲ ကစားဖြစ်ခဲ့တယ်ဆိုတဲ့ အိပ်ရာဝင်ပုံပြင်ပြောပြချင်ကြမှာပါပဲ။

လက်ရှိမှာ ဂျူဗင်တပ် စီရော်နယ်ဒိုနဲ့တွဲကစားနေပြီး ဘာစီလိုနာမှာ မက်ဆီနဲ့ ကစားဖော်ဖြစ် ခဲ့တဲ့ ဘရာဇီးကစားသမား အာသာက သူတို့ ၂ ဦးမှာ စီရော်နယ်ဒိုက အသင်းဖော် ပိုဆန်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အာသာက “သူတို့ ၂ ယောက်ဟာ ဘောလုံးသမားအားလုံးထက် အပေါ်မှာရှိနေတဲ့သူတွေပါ။ ပွဲအစကနေ အဆုံး အာရုံစူးစိုက်မှုအပြည့်ကစားတတ်ကြပါတယ်။

တကယ်လို့ ကွင်းထဲမှာ သူတို့က ၃ ဂိုးသွင်းထားပြီးရင် ၄ ဂိုးသွင်းနိုင်ဖို့ တွေးနေကြတဲ့သူတွေပါ။ အမြဲတမ်း စိတ်အား ထက်သန်စွာနဲ ကစားနိုင်ကြပြီး သူတို့ရဲ့ဆာလောင်စိတ်တွေက အခြားအသင်း ဖော်တွေကိုပါ ကြိုးစားစေပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒို ၂ ယောက်မှာ စီရော်နယ်ဒိုက အသင်းဖော်ပိုဆန်ပါတယ်။

သူဟာ ထရိန်နင်မှာ ကျားရဲတစ်ကောင်လို လေ့ကျင့်လေ့ရှိပြီး အနားယူရတယ်ဆိုတာ ဘာမှန်းမသိတဲ့ လူမျိုးပါ။ ခင်ဗျားကိုလည်း အမြဲတမ်းအကောင်းဆုံးဖြစ်နေဖို့ တွန်းအားပေးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် အာသာဟာ လက်ရှိ ဂျူဗင်တပ်အသင်းကိုရောက်လာတဲ့အချိန်မှာ စီရော်နယ်ဒိုက သူ့အပေါ် အကူအညီ အများကြီးပေးတယ်လို့ ပြောသွားသေးတာပါ။ သူတို့ ၂ ဦးဟာ မိခင် ဘာသာစကားတူတဲ့အပြင် စီရော်နယ်ဒိုက သူ့ကို အစားအသောက်ကိစ္စကစပြီး အားလုံးကို ဘယ်လိုပြုမူနေထိုင်စားသောက်ရမယ်ဆိုတာ ပြောပြလေ့ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

အာသာက “ကျွန်တော် စရောက်ကတည်းက သူက အများကြီးကူညီပါတယ်။ ကျွန်တော်မသိတဲ့ နားမလည်တဲ့အခါတွေကျရင်လည်း သူက ရှင်းပြတယ်။ ဘယ်လိုစားသောက်သင့်တယ်ဆိုတာကအစ ပြောပြတာပါ။

အခြားအသင်းဖော်တွေကိုလည်း ဂရုစိုက်တာတွေ့ရပါတယ်။ စီရော်နယ်ဒိုအပြင် ဂျူဗင်တပ်အသင်းဖော်တွေနဲ့ အတူရှိရတာ ကျွန်တော့်အတွက် ကံကောင်းတာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၃ ဂိုးရၿပီးရင္ ၄ ဂိုးသြင္းႏိုင္ဖို႔ ၂ ေယာက္စလံုးက ေတြးေနၿပီး စီေရာ္နယ္ဒိုကေတာ့ အသင္းေဖာ္ပိုဆန္တယ္လို႔ အာသာ မွတ္ခ်က္ျပဳ

စီေရာ္နယ္ဒိုနဲ႔ မက္ဆီဆိုတာ ကမာၻေက်ာ္ ေဘာလံုးသမား ၂ ဦးျဖစ္သလို သူတို႔ရဲ႕ ေျခစြမ္းကို ထိပ္တန္းအဆင့္မွာ ၁၅ ႏွစ္ေက်ာ္ၾကာ ထိန္းထားႏိုင္တဲ့သူေတြလည္း ျဖစ္ပါတယ္။ ဒီကစားသမား ၂ ဦးနဲ႔ တြဲဖက္ကစားခြင့္ရတဲ့သူေတြဟာ ကံေကာင္း တဲ့ ေဘာလံုးသမားေတြျဖစ္ၿပီး ဒီမာရီယာ တစ္ခ်ိန္ကေျပာဖူးသလို သူ အသက္ႀကီးလာတဲ့အခ်ိန္ေရာက္ရင္ သူ႕ရဲ႕ေျမးေတြကို သူတို႔ရဲ႕အဘိုးဟာ မက္ဆီ နဲ႔ စီေရာ္နယ္ဒိုလို ကမာၻ႔အေကာင္းဆံုးေဘာလံုးသမား ၂ ေယာက္နဲ႔ ဘယ္လိုတြဲ ကစားျဖစ္ခဲ့တယ္ဆိုတဲ့ အိပ္ရာ၀င္ပံုျပင္ေျပာျပခ်င္ၾကမွာပါပဲ။

လက္ရွိမွာ ဂ်ဴဗင္တပ္ စီေရာ္နယ္ဒိုနဲ႔တြဲကစားေနၿပီး ဘာစီလိုနာမွာ မက္ဆီနဲ႔ ကစားေဖာ္ျဖစ္ ခဲ့တဲ့ ဘရာဇီးကစားသမား အာသာက သူတို႔ ၂ ဦးမွာ စီေရာ္နယ္ဒိုက အသင္းေဖာ္ ပိုဆန္တဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။ အာသာက “သူတို႔ ၂ ေယာက္ဟာ ေဘာလံုးသမားအားလံုးထက္ အေပၚမွာရွိေနတဲ့သူေတြပါ။ ပြဲအစကေန အဆံုး အာရုံစူးစိုက္မႈအျပည့္ကစားတတ္ၾကပါတယ္။ တကယ္လို႔ ကြင္းထဲမွာ သူတို႔က ၃ ဂိုးသြင္းထားၿပီးရင္ ၄ ဂိုးသြင္းႏိုင္ဖို႔ ေတြးေနၾကတဲ့သူေတြပါ။ အၿမဲတမ္း စိတ္အား ထက္သန္စြာနဲ ကစားႏိုင္ၾကၿပီး သူတို႔ရဲ႕ဆာေလာင္စိတ္ေတြက အျခားအသင္း ေဖာ္ေတြကိုပါ ႀကိဳးစားေစပါတယ္။ မက္ဆီနဲ႔ စီေရာ္နယ္ဒို ၂ ေယာက္မွာ စီေရာ္နယ္ဒိုက အသင္းေဖာ္ပိုဆန္ပါတယ္။

သူဟာ ထရိန္နင္မွာ က်ားရဲတစ္ေကာင္လို ေလ့က်င့္ေလ့ရွိၿပီး အနားယူရတယ္ဆိုတာ ဘာမွန္းမသိတဲ့ လူမ်ဳိးပါ။ ခင္ဗ်ားကိုလည္း အၿမဲတမ္းအေကာင္းဆံုးျဖစ္ေနဖို႔ တြန္းအားေပးပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ဒါ့အျပင္ အာသာဟာ လက္ရွိ ဂ်ဴဗင္တပ္အသင္းကိုေရာက္လာတဲ့အခ်ိန္မွာ စီေရာ္နယ္ဒိုက သူ႕အေပၚ အကူအညီ အမ်ားႀကီးေပးတယ္လို႔ ေျပာသြားေသးတာပါ။ သူတို႔ ၂ ဦးဟာ မိခင္ ဘာသာစကားတူတဲ့အျပင္ စီေရာ္နယ္ဒိုက သူ႕ကို အစားအေသာက္ကိစၥကစၿပီး အားလံုးကို ဘယ္လိုျပဳမူေနထိုင္စားေသာက္ရမယ္ဆိုတာ ေျပာျပေလ့ရွိတယ္လို႔ ေျပာသြားခဲ့ပါတယ္။

အာသာက “ကၽြန္ေတာ္ စေရာက္ကတည္းက သူက အမ်ားႀကီးကူညီပါတယ္။ ကၽြန္ေတာ္မသိတဲ့ နားမလည္တဲ့အခါေတြက်ရင္လည္း သူက ရွင္းျပတယ္။ ဘယ္လိုစားေသာက္သင့္တယ္ဆိုတာကအစ ေျပာျပတာပါ။ အျခားအသင္းေဖာ္ေတြကိုလည္း ဂရုစိုက္တာေတြ႕ရပါတယ္။ စီေရာ္နယ္ဒိုအျပင္ ဂ်ဴဗင္တပ္အသင္းေဖာ္ေတြနဲ႔ အတူရွိရတာ ကၽြန္ေတာ့္အတြက္ ကံေကာင္းတာပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။