၄၈ စက္ကန့်အတွင်း နှစ်ဝါပြသခံခဲ့ရကာ အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဝုဗ်ရဲ့ဂျီမီနက်ဇ်
ဝုဗ်တိုက်စစ်မှူးရာအူးလ်ဂျေမီနက်ဇ်ဟာယနေ့ညအစောပိုင်းတုန်းက
အီတီဟတ်ကွင်းတွင်မန်စီးတီးအား၁-ဝဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်
၄၈စက္ကန့်အတွင်းနှစ်ဝါပြသခံခဲ့ရကာအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
မက္ကဆီကိုတိုက်စစ်မှူးဟာပထမပိုင်းပြီးခါနီးအချိန်ပိုမှာ၄၈စက္ကန့်အတွင်း
နှစ်ဝါတစ်နီအဖြင့်အထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ရာအူးလ်ဂျေမီနက်ဇ်ဟာပထမအဝါကတ်အားကွင်းလယ်တွင်
ရိုဒရီအား ပြစ်ဒဏ်ကျူးလွန်မှုဖြင့်
အဝါကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ယင်းနောက်သူဟာ ယင်းပြစ်ဒဏ်ဘောအားမန်စီးတီးကကန်ရာမှာ
ရှေ့မှပိတ်ဆို့တားဆီးမှုအတွက်ဒုတိယမြောက်အဝါကတ်အားအပြသခံခဲ့ရပြီး
အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဂျေမီနက်ဇ်ဟာအနီကတ်ပြသခြင်းခံခဲ့ရပြီးနောက်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို
စိတ်ပျက်ကာကွင်းအပြင်သို့ထွက်စဉ်သူ့ခေါင်းအကာခေါင်းစည်းကို
လွှင့်ပစ်လိုက်၊ကောက်လိုက်လုပ်ပြီးထွက်ခွာခဲ့ပါတယ်။
မန်စီးတီးနှင့်ဝုဗ်ပွဲစဉ်တွင်ဝုဗ်မှနီဗက်စ်နှင့်ကီလ်မန်တို့ကစားဖော်ချင်း
ခေါင်းချင်းတိုက်မိကာဆေးကုသမှုခံယူရမှုကြောင့်ပွဲကိုအတန်ကြာနားခဲ့ရပါသေးတယ်။
မန်စီးတီးဟာဒုတိယပိုင်းမှာဝုဗ်ကွင်းလယ်ကစားသမားမော်တင်ဟိုရဲ့
လက်ထိဘောမှတဆင့်ရရှိတဲ့ပင်နယ်တီကနေစတာလင်းရဲ့
အနိုင်ဂိုးနဲ့ ဝုဗ်ကို၁-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
zawgyi