၄ ကြိမ်မြောက် စိန်ခေါ်ပွဲမဖြစ်ခင် လက်ရှိချန်ပီယံ ဒေ့ဗ်နဲ့ ထွန်းထွန်းမင်းအကြား ဆိုရှယ်မီဒီယာမှာ စကားလုံးတိုက်ပွဲ အပြန်အလှန်ထိုးသတ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နိုင်ငံတကာမှာ ကျင်းပကြတဲ့ လက်ဝှေ့ပြိုင်ပွဲအပါအဝင် MMA, One Championship စတဲ့ ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ဖိုက်တာ ၂ ဦးအကြား စကားလုံး တိုက်ပွဲဆင်နွှဲတာဟာ အစဉ်အလာသမားရိုးကျဖြစ်စဉ်ပါပဲ။ အခု မြန်မာနိုင်ငံမှာ လည်း မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်းနဲ့ လက်ရှိမြန်မာ့ရိုးရာလက်ဝှေ့ မြန်မာ ပြည်ချန်ပီယံ ဒေ့ဗ်တို့ ၂ ဦးအကြားမှာ စကားလုံးတိုက်ပွဲလည်း ပြင်းထန်လာပါ တယ်။

သူတို့ ၂ ယောက်ကိစ္စမှာ အရင်ဆုံးစကားလုံးတိုက်ပွဲဆင်နွှဲခဲ့တဲ့သူကတော့ ထွန်းထွန်းမင်းဖြစ်ပြီး သူက မီဒီယာတစ်ခုကို ဒီလိုပြောသွားခဲ့တာပါ။ “ဒေ့ဗ်နဲ့ တစ် ကြိမ်လောက် ထပ်ပြီးထိုးသတ်ချင်ပြီး ဒီတစ်ကြိမ်မှာတော့ ပုဝါမကူ၊ ရေမရှူကြေး၊ အရှုံးအနိုင်ပေါ်တဲ့အထိ ထိုးသတ်သွားလိုပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဒီပြော ကြားချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြီးစီးသွားခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ စိန် ခေါ်ပွဲအဖြစ် ရာမာန်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပြောကြား ချက်ကို ဒေ့ဗ်ဘက်ကလည်း ငြိမ်မနေဘဲ သူ့ရဲ့ဆိုရှယ်မီဒီယာစာမျက်နှာကနေ ပို့စ်တစ်ခုပြန်တင်ပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဒေ့ဗ်က “ကျွန်တော့်ရဲ့အင်တာဗျူး တွေထဲမှာ ခင်ဗျား(ထွန်းထွန်းမင်း)ကို လေးစားတယ်လို့ အမြဲတမ်းဖြေခဲ့ပါတယ်။ ကျွန်တော်တို့ယှဉ်ထိုးခဲ့တဲ့ ၃ ကြိမ်အရတော့ ခင်ဗျားက မာဂုဏ်အရှိဆုံးကစားသမားပါ။ ကျွန်တော်တို့ နောက်ဆုံးပွဲတုန်းက ပထမအချီကတည်းက ကျွန်တော့် ရဲ့ ရွှေတံတောင်နဲ့လှဲသိပ်လိုက်လို့ ခင်ဗျား အချိန်စေ့တဲ့အထိ မနည်းနှာနှပ်ယူခဲ့ရ တယ်လေ။

ကျွန်တော်တို့ နောက်ဆုံးပွဲရဲ့လက်ရည်မှာကတည်းက ကျွန်တော်က ခင်ဗျားထက်သာတာ အသိသာကြီးပါ။ ဒါနဲ့များ အခုဘာလို့ ထပ်ထိုးချင်နေရသေး တာလဲ။ ကျွန်တော့်နာမည်ကိုမပြောသေးခင် ချန်ပီယံမဟုတ်သေးတဲ့ အသက် ၂၀ ချာတိတ်ရာမာန်ကိုပဲ အရင်နိုင်အောင်ထိုးလိုက်ပါဦး။

လွယ်လွယ်လေး အနိုင်ရခဲ့ သင့်ပေမယ့် သူ့ကိုတောင် ခင်ဗျားအလဲမထိုးနိုင်ခဲ့ပါဘူး။ ဒီချာတိတ်က ကျွန်တော့် ကို တစ်ချီတောင်တောင့်ခံနိုင်မှာမဟုတ်တဲ့သူပါ။ လက်ဝှေ့အတွက် ကျွန်တော်က သက်လုံကို ရှယ်ကျင့်ထားပြီးသားပါ။ ခင်ဗျား ၃ ချီလောက်နဲ့ သက်လုံကျနေပေမယ့် ကျွန်တော်က အချီ ၂၀ လောက်ကို ချွေးမထွက်ဘဲ ထိုးပြလို့ရတယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

ထွန်းထွန်းမင်းဘက်ကလည်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ သူ့ ဘက်ကအဆင်သင့်ပဲဆိုတဲ့အကြောင်း ပြန်လည်ရေးသားခဲ့ပြီး စိန်ခေါ်ပွဲကို လက်ခံဖို့ မျှော်လင့်နေပါတယ်။ ထွန်းထွန်းမင်းနဲ့ ထိုးသတ်ခဲ့တဲ့ ရာမာန်ကလည်း တခြားနိုင်ငံသားတစ်ယောက် ကိုယ့်ရိုးရာလက်ဝှေ့မှာ ချန်ပီယံဖြစ်နေတာကို စိတ် မကောင်းဘဲ ထိုးချင်တယ်လို့ မီဒီယာတစ်ခုကို ပြောကြားခဲ့ပါသေးတယ်။

ရာမာန် ဟာ အလားအလာရှိတဲ့မျိုးဆက်သစ်လက်ဝှေ့သမားတစ်ဦးအဖြစ် သတ်မှတ်ခံထား ရပြီး ထွန်းထွန်းမင်းနဲ့ ဒေ့ဗ်တို့ဟာ ၃ ကြိမ်ယှဉ်ပြိုင်ခဲ့ရာမှာ ထွန်း ထွန်းမင်း တစ်ကြိမ်ရှုံးပြီး ၂ ကြိမ်က အနိုင်၊ အရှုံးမပေါ်ခဲ့ပါဘူး။ စကားလုံးတွေနဲ့ ပွဲကြမ်းနေတဲ့ ထွန်းထွန်းမင်းနဲ့ ဒေ့ဗ်တို့ရဲ့မကျေပွဲဟာ ဘယ်အချိန်ထိုးသတ်ဖြစ် မလဲဆိုတာ လက်ဝှေ့ချစ်သူတွေက မျှော်လင့်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၄ ႀကိမ္ေျမာက္ စိန္ေခၚပြဲမျဖစ္ခင္ လက္ရွိခ်န္ပီယံ ေဒ့ဗ္နဲ႔ ထြန္းထြန္းမင္းအၾကား ဆိုရွယ္မီဒီယာမွာ စကားလုံးတိုက္ပြဲ အျပန္အလွန္ထိုးသတ္ေန

ႏိုင္ငံတကာမွာ က်င္းပၾကတဲ့ လက္ေဝွ႔ၿပိဳင္ပြဲအပါအဝင္ MMA, One Championship စတဲ့ ၿပိဳင္ပြဲေတြမွာ ၿပိဳင္ဘက္ဖိုက္တာ ၂ ဦးအၾကား စကားလုံး တိုက္ပြဲဆင္ႏႊဲတာဟာ အစဥ္အလာသမား႐ိုးက်ျဖစ္စဥ္ပါပဲ။ အခု ျမန္မာႏိုင္ငံမွာ လည္း ျမန္မာ့လက္ေဝွ႔ေက်ာ္ ထြန္းထြန္းမင္းနဲ႔ လက္ရွိျမန္မာ့႐ိုးရာလက္ေဝွ႔ ျမန္မာ ျပည္ခ်န္ပီယံ ေဒ့ဗ္တို႔ ၂ ဦးအၾကားမွာ စကားလုံးတိုက္ပြဲလည္း ျပင္းထန္လာပါ တယ္။ သူတို႔ ၂ ေယာက္ကိစၥမွာ အရင္ဆုံးစကားလုံးတိုက္ပြဲဆင္ႏႊဲခဲ့တဲ့သူကေတာ့ ထြန္းထြန္းမင္းျဖစ္ၿပီး သူက မီဒီယာတစ္ခုကို ဒီလိုေျပာသြားခဲ့တာပါ။ “ေဒ့ဗ္နဲ႔ တစ္ ႀကိမ္ေလာက္ ထပ္ၿပီးထိုးသတ္ခ်င္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ပုဝါမကူ၊ ေရမရႉေၾကး၊ အရႈံးအႏိုင္ေပၚတဲ့အထိ ထိုးသတ္သြားလိုပါတယ္” လို႔ ေျပာၾကားခဲ့တာပါ။ ဒီေျပာ ၾကားခ်က္ကို ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပၿပီးစီးသြားခဲ့တဲ့ ျမန္မာ့႐ိုးရာလက္ေဝွ႔ စိန္ ေခၚပြဲအျဖစ္ ရာမာန္နဲ႔ပြဲအၿပီးမွာ ေျပာၾကားခဲ့တာလည္း ျဖစ္ပါတယ္။

ဒီေျပာၾကား ခ်က္ကို ေဒ့ဗ္ဘက္ကလည္း ၿငိမ္မေနဘဲ သူ႔ရဲ႕ဆိုရွယ္မီဒီယာစာမ်က္ႏွာကေန ပို႔စ္တစ္ခုျပန္တင္ၿပီး တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ ေဒ့ဗ္က “ကြၽန္ေတာ့္ရဲ႕အင္တာဗ်ဴး ေတြထဲမွာ ခင္ဗ်ား(ထြန္းထြန္းမင္း)ကို ေလးစားတယ္လို႔ အၿမဲတမ္းေျဖခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ယွဥ္ထိုးခဲ့တဲ့ ၃ ႀကိမ္အရေတာ့ ခင္ဗ်ားက မာဂုဏ္အရွိဆုံးကစားသမားပါ။ ကြၽန္ေတာ္တို႔ ေနာက္ဆုံးပြဲတုန္းက ပထမအခ်ီကတည္းက ကြၽန္ေတာ့္ ရဲ႕ ေ႐ႊတံေတာင္နဲ႔လွဲသိပ္လိုက္လို႔ ခင္ဗ်ား အခ်ိန္ေစ့တဲ့အထိ မနည္းႏွာႏွပ္ယူခဲ့ရ တယ္ေလ။ကြၽန္ေတာ္တို႔ ေနာက္ဆုံးပြဲရဲ႕လက္ရည္မွာကတည္းက ကြၽန္ေတာ္က ခင္ဗ်ားထက္သာတာ အသိသာႀကီးပါ။ ဒါနဲ႔မ်ား အခုဘာလို႔ ထပ္ထိုးခ်င္ေနရေသး တာလဲ။ ကြၽန္ေတာ့္နာမည္ကိုမေျပာေသးခင္ ခ်န္ပီယံမဟုတ္ေသးတဲ့ အသက္ ၂၀ ခ်ာတိတ္ရာမာန္ကိုပဲ အရင္ႏိုင္ေအာင္ထိုးလိုက္ပါဦး။

လြယ္လြယ္ေလး အႏိုင္ရခဲ့ သင့္ေပမယ့္ သူ႔ကိုေတာင္ ခင္ဗ်ားအလဲမထိုးႏိုင္ခဲ့ပါဘူး။ ဒီခ်ာတိတ္က ကြၽန္ေတာ့္ ကို တစ္ခ်ီေတာင္ေတာင့္ခံႏိုင္မွာမဟုတ္တဲ့သူပါ။ လက္ေဝွ႔အတြက္ ကြၽန္ေတာ္က သက္လုံကို ရွယ္က်င့္ထားၿပီးသားပါ။ ခင္ဗ်ား ၃ ခ်ီေလာက္နဲ႔ သက္လုံက်ေနေပမယ့္ ကြၽန္ေတာ္က အခ်ီ ၂၀ ေလာက္ကို ေခြၽးမထြက္ဘဲ ထိုးျပလို႔ရတယ္” ဆိုၿပီး ေရးသားခဲ့ပါတယ္။

ထြန္းထြန္းမင္းဘက္ကလည္း သူ႔ရဲ႕ဆိုရွယ္မီဒီယာမွာ သူ႔ ဘက္ကအဆင္သင့္ပဲဆိုတဲ့အေၾကာင္း ျပန္လည္ေရးသားခဲ့ၿပီး စိန္ေခၚပြဲကို လက္ခံဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ထြန္းထြန္းမင္းနဲ႔ ထိုးသတ္ခဲ့တဲ့ ရာမာန္ကလည္း တျခားႏိုင္ငံသားတစ္ေယာက္ ကိုယ့္႐ိုးရာလက္ေဝွ႔မွာ ခ်န္ပီယံျဖစ္ေနတာကို စိတ္ မေကာင္းဘဲ ထိုးခ်င္တယ္လို႔ မီဒီယာတစ္ခုကို ေျပာၾကားခဲ့ပါေသးတယ္။ ရာမာန္ ဟာ အလားအလာရွိတဲ့မ်ိဳးဆက္သစ္လက္ေဝွ႔သမားတစ္ဦးအျဖစ္ သတ္မွတ္ခံထား ရၿပီး ထြန္းထြန္းမင္းနဲ႔ ေဒ့ဗ္တို႔ဟာ ၃ ႀကိမ္ယွဥ္ၿပိဳင္ခဲ့ရာမွာ ထြန္း ထြန္းမင္း တစ္ႀကိမ္ရႈံးၿပီး ၂ ႀကိမ္က အႏိုင္၊ အရႈံးမေပၚခဲ့ပါဘူး။ စကားလုံးေတြနဲ႔ ပြဲၾကမ္းေနတဲ့ ထြန္းထြန္းမင္းနဲ႔ ေဒ့ဗ္တို႔ရဲ႕မေက်ပြဲဟာ ဘယ္အခ်ိန္ထိုးသတ္ျဖစ္ မလဲဆိုတာ လက္ေဝွ႔ခ်စ္သူေတြက ေမွ်ာ္လင့္ေနၾကပါတယ္။