၄ ပွဲဆက်တိုက်ကစားပေးပြီး ပက်ဂျီဆန်ထက် အဆုတ်တစ်လုံးပိုတဲ့ လုပ်အားနှုန်း ရှိနေတဲ့ ဖရက်ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိုက်ဇစ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို အမွှန်းတင်ပြော ကြားမှုတွေရှိနေပေမယ့် တကယ်တမ်းမှာတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း
လိုက် ဇစ်အသင်းရဲ့ကစားကွက်ကို စနစ်တကျဖျက်ထုတ်တားဆီးပြီး ကစားအားကောင်း ကောင်းနဲ့ စွမ်းဆောင်ခဲ့တဲ့ အမေ့ခံကစားသမားတစ်ဦးရှိပါတယ်။

သူကတော့ ဖရက်ဒ်ပါပဲ။ ဖရက်ဒ်ဟာ မန်ယူအတွက် အမြဲတမ်းလုပ်အားနှုန်းကောင်းကောင်းနဲ့ ကစားပေးနိုင်တဲ့သူပါ။
ဒီပွဲမှာ မာတစ်နဲ့တွဲပြီး လိုက်ဇစ်ကွင်းလယ်ကို အကောင်း ဆုံးစိုးမိုးကစားနိုင်ခဲ့တာကို တွေ့ရမှာပါ။

သူဟာ တိုက်စစ်ပိုင်းမှာတင်မဟုတ်ဘဲ အသင်းရဲ့ခံစစ်ပိုင်းဂိုးမပေးရအောင် တစ်ကွင်းလုံးအနှံ့လိုက်ပြီး ကစားနိုင်ခဲ့တဲ့သူ လည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားက “ဖရက်ဒ်ဟာ ကွင်းရဲ့နေရာ အားလုံးကိုရောက်ခဲ့ပြီး မြက်ပင်တိုင်းကိုနင်းနိုင်ခဲ့တဲ့သူပါ။ သူ့ရဲ့ကစားအားက မယုံကြည်နိုင်လောက်ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဖရက်ဒ်ဟာ မန်ယူကို ရောက်ခါစက အံမဝင်သေးဘဲ ဝေဖန်မှုတွေခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီ ပေါ့ဂ်ဘာ ဒဏ်ရာရနေတဲ့အချိန်မှာ အသင်းရဲ့ကွင်းလယ်အတွက် အရေးပါတဲ့ မောင်းနှင်အား ဖြစ်ခဲ့ပါတယ်။

ဒီရာသီမှာလည်း ဗန်ဒီဘိခ် ထပ်ရောက်လာခဲ့ပေ မယ့် နည်းပြဆိုးလ်ရှားရဲ့ လက်စွဲတော်အနေနဲ့ သူနဲ့တွန်မီနေးတို့ ၂ ယောက်ဟာ နယူးကာဆယ်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့နဲ့ပွဲတွေမှာ တောက်လျှောက်ကစားခဲ့ရ ပြီး လိုက်ဇစ်နဲ့ပွဲမှာ တွန်မီနေးနေရာ မာတစ် ဝင်လာခဲ့ပေမယ့် ဖရက်ဒ်ကတော့ ၄ ပွဲဆက်တိုက် မမောတမ်းကစားခဲ့ကြတာပါ။

သူဟာ လိုက်ဇစ်နဲ့ပွဲမှာ ဘောလုံးထိ ချက် ၇၂ ချက်ရှိခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ခံစစ်ဇုန်ထဲကို ဘောလုံးပေးပို့မှု ၁၂ ကြိမ် ရှိပါတယ်။ ပင်နယ်တီရသွားခဲ့တဲ့ ဘောလုံးဟာ ဖရက်ဒ်ပေးလိုက်တာဖြစ်ပြီး ရက်ရှ် ဖို့ဒ်ရဲ့ ဒုတိယဂိုးကလည်း သူ့ရဲ့ဖျက်ထုတ်မှုကနေရခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ကြားဖြတ်လုယူမှု ၃ ကြိမ်၊ ရှင်းထုတ်မှု ၃ ကြိမ်ရှိခဲ့ပြီး မန်ယူနဲ့ ကွင်းလယ်ခံ စစ်မှာ အကောင်းဆုံးအချက်အလက်တွေ ပိုင်ဆိုင်ခဲ့တာပါ။

ကစားသမားဟောင်း ပေါလ်စခိုးကလည်း ချီးကျူးပြောကြားခဲ့ပြီး မန်ယူပရိသတ်တွေက သူ့ကို တစ်ချိန် က လုပ်အားနှုန်းကောင်းတဲ့ ပက်ဂျီဆန်ကို အဆုတ် ၂ လုံးနဲ့ ကစားသမားလို့ပြော သလို မမောတမ်းကစားနိုင်တဲ့ ဖရက်ဒ်ကလည်း အဆုတ် ၃ လုံးနဲ့ ကစားသမားလို့ တင်စားပြောဆိုနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၄ ပြဲဆက္တုိက္ကစားေပးၿပီး ပက္ဂ်ီဆန္ထက္ အဆုတ္တစ္လံုးပိုတဲ့ လုပ္အားႏႈန္း ရွိေနတဲ့ ဖရက္ဒ္

လိုက္ဇစ္ကိုအႏိုင္ရခဲ့တဲ့ပြဲမွာ သူရဲေကာင္းျဖစ္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကို အမႊန္းတင္ေျပာ ၾကားမႈေတြရွိေနေပမယ့္ တကယ္တမ္းမွာေတာ့ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း
လိုက္ ဇစ္အသင္းရဲ႕ကစားကြက္ကို စနစ္တက်ဖ်က္ထုတ္တားဆီးၿပီး ကစားအားေကာင္း ေကာင္းနဲ႔ စြမ္းေဆာင္ခဲ့တဲ့ အေမ့ခံကစားသမားတစ္ဦးရွိပါတယ္။

သူကေတာ့ ဖရက္ဒ္ပါပဲ။ ဖရက္ဒ္ဟာ မန္ယူအတြက္ အၿမဲတမ္းလုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ ကစားေပးႏိုင္တဲ့သူပါ။ ဒီပြဲမွာ မာတစ္နဲ႔တြဲၿပီး လိုက္ဇစ္ကြင္းလယ္ကို အေကာင္း ဆံုးစိုးမိုးကစားႏိုင္ခဲ့တာကို ေတြ႕ရမွာပါ။

သူဟာ တုိက္စစ္ပိုင္းမွာတင္မဟုတ္ဘဲ အသင္းရဲ႕ခံစစ္ပိုင္းဂိုးမေပးရေအာင္ တစ္ကြင္းလံုးအႏွံ႔လိုက္ၿပီး ကစားႏိုင္ခဲ့တဲ့သူ လည္း ျဖစ္ပါတယ္။

ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားက “ဖရက္ဒ္ဟာ ကြင္းရဲ႕ေနရာ အားလံုးကိုေရာက္ခဲ့ၿပီး ျမက္ပင္တိုင္းကိုနင္းႏိုင္ခဲ့တဲ့သူပါ။ သူ႕ရဲ႕ကစားအားက မယံုၾကည္ႏိုင္ေလာက္ပါပဲ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ဖရက္ဒ္ဟာ မန္ယူကို ေရာက္ခါစက အံမ၀င္ေသးဘဲ ေ၀ဖန္မႈေတြခံခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ရာသီ ေပါ့ဂ္ဘာ ဒဏ္ရာရေနတဲ့အခ်ိန္မွာ အသင္းရဲ႕ကြင္းလယ္အတြက္ အေရးပါတဲ့ ေမာင္းႏွင္အား ျဖစ္ခဲ့ပါတယ္။

ဒီရာသီမွာလည္း ဗန္ဒီဘိခ္ ထပ္ေရာက္လာခဲ့ေပ မယ့္ နည္းျပဆိုးလ္ရွားရဲ႕ လက္စြဲေတာ္အေနနဲ႔ သူနဲ႔တြန္မီေနးတို႔ ၂ ေယာက္ဟာ နယူးကာဆယ္၊ ပီအက္စ္ဂ်ီနဲ႔ ခ်ဲလ္ဆီးတို႔နဲ႔ပြဲေတြမွာ ေတာက္ေလွ်ာက္ကစားခဲ့ရ ၿပီး လိုက္ဇစ္နဲ႔ပြဲမွာ တြန္မီေနးေနရာ မာတစ္ ၀င္လာခဲ့ေပမယ့္ ဖရက္ဒ္ကေတာ့ ၄ ပြဲဆက္တိုက္ မေမာတမ္းကစားခဲ့ၾကတာပါ။

သူဟာ လိုက္ဇစ္နဲ႔ပြဲမွာ ေဘာလံုးထိ ခ်က္ ၇၂ ခ်က္ရွိခဲ့ၿပီး ၿပိဳင္ဘက္အသင္းရဲ႕ခံစစ္ဇုန္ထဲကို ေဘာလံုးေပးပို႔မႈ ၁၂ ႀကိမ္ ရွိပါတယ္။ ပင္နယ္တီရသြားခဲ့တဲ့ ေဘာလံုးဟာ ဖရက္ဒ္ေပးလိုက္တာျဖစ္ၿပီး ရက္ရွ္ ဖို႔ဒ္ရဲ႕ ဒုတိယဂိုးကလည္း သူ႕ရဲ႕ဖ်က္ထုတ္မႈကေနရခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ သူဟာ ၾကားျဖတ္လုယူမႈ ၃ ႀကိမ္၊ ရွင္းထုတ္မႈ ၃ ႀကိမ္ရွိခဲ့ၿပီး မန္ယူနဲ႔ ကြင္းလယ္ခံ စစ္မွာ အေကာင္းဆံုးအခ်က္အလက္ေတြ ပိုင္ဆိုင္ခဲ့တာပါ။

ကစားသမားေဟာင္း ေပါလ္စခိုးကလည္း ခ်ီးက်ဴးေျပာၾကားခဲ့ၿပီး မန္ယူပရိသတ္ေတြက သူ႕ကို တစ္ခ်ိန္ က လုပ္အားႏႈန္းေကာင္းတဲ့ ပက္ဂ်ီဆန္ကို အဆုတ္ ၂ လံုးနဲ႔ ကစားသမားလို႔ေျပာ သလို မေမာတမ္းကစားႏိုင္တဲ့ ဖရက္ဒ္ကလည္း အဆုတ္ ၃ လံုးနဲ႔ ကစားသမားလို႔ တင္စားေျပာဆိုေနၾကပါတယ္။