
၁၆ နှစ်အရွယ်တွင် မာရာဒိုနာရဲ့ဗလက္ကာယပြုကျင့်ခံခဲ့ရကြောင်း အမျိုးသမီးတစ်ဦးစွပ်စွဲလာ
ကျူးဘားအမျိုးသမီးတစ်ဦးကသူမအသက်၁၆နှစ်အရွယ်တွင်
ဒီယေဂိုမာရာဒိုနာရဲ့ဗလက္ကာယပြုကျင့်ခံခဲ့ရကြောင်းစွပ်စွဲလာပါတယ်။
မာဗီးအယ်လ်ဗာရက်ဇ်ဟာလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုတုန်းက
ဂန္ထဝင်ဘောလုံးသမားနှင့်ဆက်ဆံမှုတစ်ခုရှိခဲ့ပြီးယခုအခါသူမဟာ
အာဂျင်တီးနားတရားမျှတရေးတရားရုံးတွင်သူမရဲ့ဆိုးရွားလှတဲ့
ဖြစ်ရပ်ကိုသက်သေခံထွက်ဆိုလာပါတယ်။အယ်လ်ဗာရက်ဇ်က
သူမဟာအသက်၁၆နှစ်အရွယ်တွင်မာရာဒိုနာနှင့်ဆုံစည်းခဲ့ကြောင်း
ဆိုထားပါတယ်။ထိုစဉ်ကအသက်၄၀နှစ်အရွယ်ရှိမာရာဒိုနာဟာ
ဘောလုံးကစားသမားဘဝမှအနားယူပြီးနောက်ကျူးဘားရဲ့မြို့တော်
ဟားဗားနားသို့လာရောက်ကာဆေးဖြတ်နေပါတယ်။
အယ်လ်ဗာရက်ဇ်ကသူမဟာဆေးဖြတ်ခန်းတွင်မာရာဒိုနာရဲ့
ဗလက္ကာယပြုကျင့်ခံခဲ့ရကြောင်းဆိုသွားပါတယ်။သူမဗလက္ကာယ
ပြုကျင့်ခံနေရချိန်တွင်မီတာအနည်းငယ်အကွာရှိအခန်းတွင်
သူမရဲ့မိခင်လည်းရှိနေကြောင်းဆိုသွားပါတယ်။
အယ်လ်ဗာရက်ဇ်က “သူကပါးစပ်ကိုလက်နဲ့ပိတ်ထားတယ်။
မတရားပြုကျင့်တယ်။ဒါနဲ့ပတ်သက်ပြီးကျွန်မအများကြီးမပြောချင်ပါဘူး။
မိန်းကလေးငယ်တစ်ဦးလိုမကြီးပြင်းခဲ့ရဘူး။ကျွန်မရဲ့အပြစ်ကင်းစင်မှု
အားလုံးအခိုးခံလိုက်ရပါတယ်။အရမ်းခက်ခဲတယ်။မိန်းကလေးငယ်တစ်ဦးအဖြစ်
အပြစ်ကင်းစွာမနေရဘဲအတွေ့အကြုံဆိုးကြီးကြုံခဲ့ရတယ်။
အစောပိုင်းတုန်းကသူမကမာရာဒိုနာနှင့်သူမအကြားဆက်ဆံရေးမှာ
နှစ်ဦးသဘောတူခဲ့ကြောင်းဆိုခဲ့ပါတယ်။ဒါပေမယ့်သူမဟာအတူနေစဉ်
လေးနှစ်ငါးနှစ်အတွင်းတွင်မာရာဒိုနာရဲ့ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊
လိင်အနိုင်ကျင့်ခြင်းတို့ပြုကျင့်ခံခဲ့ရကြောင်းဆိုလာပါတယ်။
ဒါ့အပြင်သူမကမာရာဒိုနာနှင့်ကျူးဘားသမ္မတဟောင်းဖီဒယ်ကက်စထရိုတို့အကြား
အင်မတန်ရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ယင်းဖြစ်ရပ်အားလုံးကိုမိသားစုက
ဖုံးကွယ်ထားစေခဲ့ကြောင်းဆိုသွားပါတယ်။
ဆက်လက်ပြီးအယ်ဗာရက်ဇ်ကအာဂျင်တီးနားဂန္ထဝင်ကစားသမားကြောင့်ပင်
သူမမှာလည်းကိုကိုးသုံးစွဲခဲ့ရကြောင်းဆိုသွားပါတယ်။
သူမက “သူ့ကိုချစ်တယ်။ဒါပေမယ့်မုန်းလည်းမုန်းတယ်။ကိုယ့်ကိုယ်ကို
အဆုံးစီရင်ဖို့တောင်စဉ်းစားခဲ့တယ်”လို့ပြောကြားသွားပါတယ်။
ယခုအခါကလေးနှစ်ယောက်မိခင်ဖြစ်နေပြီဖြစ်တဲ့သက်သေထွက်ဆိုမှုကို
NGO အဖွဲ့တစ်ခုဖြစ်တဲ့ Foundation For Peace ကတရားဝင်
တင်သွင်းသွားပါမယ်။သူမဟာယင်းသို့ထွက်ဆိုမှုပြုလုပ်ခဲ့ပေမယ့်လည်း
တစ်စုံတစ်ရာနစ်နာကြေးရရှိလိုမှုကြောင့်မဟုတ်ကြောင်း၊
ကျန်တဲ့အရာအားလုံးကို အာဂျင်တီးနားတရားရေးဝန်ကြီးဌာနရဲ့
ဆုံးဖြတ်ချက်အတိုင်းလိုက်နာသွားမှာဖြစ်ကြောင်းဆိုသွားပါတယ်။
သူမက “ကျွန်မလုပ်သင့်လုပ်ထိုက်တာလုပ်ခဲ့တာပါ။ကျန်တာအားလုံးက
တရားရုံးတာဝန်ပါ။ကျွန်မကြုံခဲ့ဖြစ်ခဲ့တာကိုပြောပြချင်တဲ့ရည်မှန်းချက်ပြည့်ပါပြီ။
ကျွန်မလိုအခြားသူတွေကိုမဖြစ်စေချင်ပါဘူး။အနည်းဆုံးအခြားမိန်းကလေးတွေကို
အားဖြစ်လာစေမှာပြီးကြုံခဲ့ရတာဖွင့်ချဖို့သတ္တိရှိလာစေမှာပါ”လို့ပြောကြားသွားပါတယ်။
zawgyi
၄-၅ ႏွစ္ေလာက္ မာရာဒိုနာရဲ႕ ဗလကၠာယျပဳက်င့္ခံခဲ့ရတဲ့ အမ်ိဳးသမီး
၁၆ ႏွစ္အ႐ြယ္တြင္ မာရာဒိုနာရဲ႕ဗလကၠာယျပဳက်င့္ခံခဲ့ရေၾကာင္း အမ်ိဳးသမီးတစ္ဦးစြပ္စြဲလာ
က်ဴးဘားအမ်ိဳးသမီးတစ္ဦးကသူမအသက္၁၆ႏွစ္အ႐ြယ္တြင္
ဒီေယဂိုမာရာဒိုနာရဲ႕ဗလကၠာယျပဳက်င့္ခံခဲ့ရေၾကာင္းစြပ္စြဲလာပါတယ္။
မာဗီးအယ္လ္ဗာရက္ဇ္ဟာလြန္ခဲ့တဲ့ဆယ္စုႏွစ္ႏွစ္ခုတုန္းက
ဂႏၴဝင္ေဘာလုံးသမားႏွင့္ဆက္ဆံမႈတစ္ခုရွိခဲ့ၿပီးယခုအခါသူမဟာ
အာဂ်င္တီးနားတရားမွ်တေရးတရား႐ုံးတြင္သူမရဲ႕ဆိုး႐ြားလွတဲ့
ျဖစ္ရပ္ကိုသက္ေသခံထြက္ဆိုလာပါတယ္။အယ္လ္ဗာရက္ဇ္က
သူမဟာအသက္၁၆ႏွစ္အ႐ြယ္တြင္မာရာဒိုနာႏွင့္ဆုံစည္းခဲ့ေၾကာင္း
ဆိုထားပါတယ္။ထိုစဥ္ကအသက္၄၀ႏွစ္အ႐ြယ္ရွိမာရာဒိုနာဟာ
ေဘာလုံးကစားသမားဘဝမွအနားယူၿပီးေနာက္က်ဴးဘားရဲ႕ၿမိဳ႕ေတာ္
ဟားဗားနားသို႔လာေရာက္ကာေဆးျဖတ္ေနပါတယ္။
အယ္လ္ဗာရက္ဇ္ကသူမဟာေဆးျဖတ္ခန္းတြင္မာရာဒိုနာရဲ႕
ဗလကၠာယျပဳက်င့္ခံခဲ့ရေၾကာင္းဆိုသြားပါတယ္။သူမဗလကၠာယ
ျပဳက်င့္ခံေနရခ်ိန္တြင္မီတာအနည္းငယ္အကြာရွိအခန္းတြင္
သူမရဲ႕မိခင္လည္းရွိေနေၾကာင္းဆိုသြားပါတယ္။
အယ္လ္ဗာရက္ဇ္က “သူကပါးစပ္ကိုလက္နဲ႔ပိတ္ထားတယ္။
မတရားျပဳက်င့္တယ္။ဒါနဲ႔ပတ္သက္ၿပီးကြၽန္မအမ်ားႀကီးမေျပာခ်င္ပါဘူး။
မိန္းကေလးငယ္တစ္ဦးလိုမႀကီးျပင္းခဲ့ရဘူး။ကြၽန္မရဲ႕အျပစ္ကင္းစင္မႈ
အားလုံးအခိုးခံလိုက္ရပါတယ္။အရမ္းခက္ခဲတယ္။မိန္းကေလးငယ္တစ္ဦးအျဖစ္
အျပစ္ကင္းစြာမေနရဘဲအေတြ႕အႀကဳံဆိုးႀကီးႀကဳံခဲ့ရတယ္။
အေစာပိုင္းတုန္းကသူမကမာရာဒိုနာႏွင့္သူမအၾကားဆက္ဆံေရးမွာ
ႏွစ္ဦးသေဘာတူခဲ့ေၾကာင္းဆိုခဲ့ပါတယ္။ဒါေပမယ့္သူမဟာအတူေနစဥ္
ေလးႏွစ္ငါးႏွစ္အတြင္းတြင္မာရာဒိုနာရဲ႕ကိုယ္ထိလက္ေရာက္က်ဴးလြန္ျခင္း၊
လိင္အႏိုင္က်င့္ျခင္းတို႔ျပဳက်င့္ခံခဲ့ရေၾကာင္းဆိုလာပါတယ္။
ဒါ့အျပင္သူမကမာရာဒိုနာႏွင့္က်ဴးဘားသမၼတေဟာင္းဖီဒယ္ကက္စထ႐ိုတို႔အၾကား
အင္မတန္ရင္းႏွီးတဲ့ဆက္ဆံေရးေၾကာင့္ယင္းျဖစ္ရပ္အားလုံးကိုမိသားစုက
ဖုံးကြယ္ထားေစခဲ့ေၾကာင္းဆိုသြားပါတယ္။
ဆက္လက္ၿပီးအယ္ဗာရက္ဇ္ကအာဂ်င္တီးနားဂႏၴဝင္ကစားသမားေၾကာင့္ပင္
သူမမွာလည္းကိုကိုးသုံးစြဲခဲ့ရေၾကာင္းဆိုသြားပါတယ္။
သူမက “သူ႔ကိုခ်စ္တယ္။ဒါေပမယ့္မုန္းလည္းမုန္းတယ္။ကိုယ့္ကိုယ္ကို
အဆုံးစီရင္ဖို႔ေတာင္စဥ္းစားခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။
ယခုအခါကေလးႏွစ္ေယာက္မိခင္ျဖစ္ေနၿပီျဖစ္တဲ့သက္ေသထြက္ဆိုမႈကို
NGO အဖြဲ႕တစ္ခုျဖစ္တဲ့ Foundation For Peace ကတရားဝင္
တင္သြင္းသြားပါမယ္။သူမဟာယင္းသို႔ထြက္ဆိုမႈျပဳလုပ္ခဲ့ေပမယ့္လည္း
တစ္စုံတစ္ရာနစ္နာေၾကးရရွိလိုမႈေၾကာင့္မဟုတ္ေၾကာင္း၊
က်န္တဲ့အရာအားလုံးကို အာဂ်င္တီးနားတရားေရးဝန္ႀကီးဌာနရဲ႕
ဆုံးျဖတ္ခ်က္အတိုင္းလိုက္နာသြားမွာျဖစ္ေၾကာင္းဆိုသြားပါတယ္။
သူမက “ကြၽန္မလုပ္သင့္လုပ္ထိုက္တာလုပ္ခဲ့တာပါ။က်န္တာအားလုံးက
တရား႐ုံးတာဝန္ပါ။ကြၽန္မႀကဳံခဲ့ျဖစ္ခဲ့တာကိုေျပာျပခ်င္တဲ့ရည္မွန္းခ်က္ျပည့္ပါၿပီ။
ကြၽန္မလိုအျခားသူေတြကိုမျဖစ္ေစခ်င္ပါဘူး။အနည္းဆုံးအျခားမိန္းကေလးေတြကို
အားျဖစ္လာေစမွာၿပီးႀကဳံခဲ့ရတာဖြင့္ခ်ဖို႔သတၱိရွိလာေစမွာပါ”လို႔ေျပာၾကားသြားပါတယ္။