၅ပွဲရလဒ်ပြီးရင် အာတီတာကို စွန့်ပယ်နိုင်တဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ရှုံးနိမ့်ပြီးနောက် အာဆင်နယ် နည်းပြ အာတီတာ ဟာ ထုတ်ပယ် ခံရဖို့ ပိုမို ရေပန်းစား လာပြီး ဂန်းနား နည်းပြသစ် အဖြစ် ချဲလ်ဆီး နဲ့ အင်တာမီလန် နည်းပြဟောင်း ကွန်တီ က ရေပန်းစား နေပါတယ်။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာလည်း လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်တာကြောင့် ဩဂုတ်လ ကနေ စက်တင်ဘာလကို အမှတ်ဗလာ နဲ့ ကူးပြောင်းရဖို့ ရှိနေပါတယ်။

သတင်းတွေအရတော့ အာဆင်နယ် အသင်း တာဝန်ရှိသူဟာ နည်းပြ အာတီတာ ကို အောက်တိုဘာလမှာ ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီအထိပဲ အခွင့်အရေး ပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် အာတီတာ အနေနဲ့ နည်းပြရာထူးကနေ မထုတ်ခံရဖို့ ၅ ပွဲသာ အချိန် ရပါတော့တယ်။

ကွန်တီဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းနဲ့ လမ်းခွဲခဲ့ပြီး အသင်းပေါင်းများစွာနဲ့ ချိတ်ဆက်မှုရှိနေပါတယ်။

အာဆင်နယ်ရဲ့မြို့ခံပြိုင်ဘက် စပါးအသင်းကလည်း ကွန်တီကို ကမ်းလှမ်းခဲ့ပေမယ့် ကွန်တီကတော့ သူ့အတွက် စိတ်တိုင်းကျစရာ ကမ်းလှမ်းမှုမဟုတ်တာကြောင့် ငြင်းဆန်ပယ်ချခဲ့တာပါ။

အာဆင်နယ်အသင်းဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးပေါင်သန်း (၁၃၀) ဝန်းကျင်အသုံးပြုထားပေမယ့် အသင်းကလုံလောက်တဲ့တိုးတက်မှုမျိုးမရှိသေးပါဘူး။

ကွန်တီဟာ လန်ဒန်မြေနဲ့အစိမ်းသပ်သပ်မဟုတ်ဘဲ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ဖူးတဲ့ နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ အာတီတာကို မမြင်ချင်တော့တာကြောင့် ၅ ပွဲလောက်တော့ သည်းခံစောင့်ကြည့်ကြပါလိမ့်မယ်။

ဒါပေမယ့်လည်း ရှေ့ဘာဖြစ်မယ် မသိရတော့ အာတီတာရဲ့ ကံကောင်း၊ ကံဆိုးကို စောင့်ကြည့်ကြရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






