၅ဦး လူစားလဲခွင့်စည်းမျဉ်း ပြောင်းလဲလိုက်တဲ့အပေါ် မန်ယူနည်းပြ ဆိုးလ်ရှားဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းနည်းပြဆိုးလ်ရှားဟာ အင်္ဂလနပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လူစားလဲခွင့်၅ယောက်စည်းမျဉ်းကို မပြုလုပ်တာ နဲ့ပတ်သက်ပြီး ဒေါသတကြီးဝေဖန်သွားပါတယ်။

ဆိုးရှားက ယခုနှစ်ရာသီ ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ လူစားလဲခွင့်၅ယောက်စည်းမျဉ်းကို ဆန့်ကျင်တာနဲ့ပတ်သက်ပြီးနားမလည်နိုင်ဘူးလို့ဆိုပါတယ်။

ကိုဗစ်ကာလအလွန် ဘောလုံးပွဲတွေပြန်လည်စတင်ချိန်မှာ ပွဲတွေဆက်တိုက်ကစားရမှာဖြစ်လို့ ကစားသမားတွေသက်သာစေရန် အလို့ငှါ ကစားသမား၅ယောက်အထိ လဲလှယ်ခွင့်ပေးခဲ့ပေမယ့် ယခုနှစ်ဘောလုံးရာသီမှာတော့ အသင်းတွေဟာ ၅ယောက်စည်းမျဉ်းကို ဆန့်ကျင်ပြီး၃ယောက်စည်းမျဉ်းကိုသာအသုံးပြုခဲ့ပါတယ်။

ဆိုးရှားကပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ “ဘာလို့ သူတို့ ဒီစည်းမျဉ်းကိုဆန့်ကျင်ခဲ့လဲဆိုတာ နားမလည်သလိုယုံလဲမယုံကြည်နိုင်ပါဘူး။ ကျွန်တော်တို့ကစားသမားတွေဘက်ကိုလဲတွေးပေးရမှာပါ။ ဒီရာသီကအတော်လေးခက်ခဲပါတယ်။ တခြားအသင်းတွေဘာလို့ဆန့်ကျင်ကြလဲသိချင်ပါတယ်။

ဒါပေမယ့်ကစားသမားတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာအရပါအနားယူဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ပရီးမီးယားလိဂ်မှာ ဒဏ်ရာတွေအများကြီးရနေတာတွေ့ရမှာပါ။ ဂွာဒီယိုလာကလဲ ဒီအကြောင်းပြောခဲ့ပါတယ်။

တခြားနည်းပြတွေရောပါပဲ။ ကျွန်တော်တို့နည်းပြတွေ၊အသင်းတွေ၊ ဆေးအဖွဲ့ဝင်တွေဆိုတာ ကစားသမားတွေကိုအနားပေးဖို့လိုပါတယ်။ ကျွန်တော်လဲ ကစားသမား၅ယောက်လဲတာကို သဘောကျပါတယ်”လို့ပြောခဲ့ပါတယ်။

ဆိုးလ်ရှားဟာ လိုက်ပ်ဇစ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်ဇ်နဲ့ရပ်ရှ်ဖို့ဒ်တို့ကို လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခဲ့ပြီး ရပ်ရှ်ဖို့ဒ်အနေနဲ့ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ မန်ယူအသင်းအနေနဲ့ပြိုင်ပွဲစုံ ၄ပွဲ ဆက်တိုက်ရှုံးပွဲမရှိသေးပါဘူး။

ဆက်လက်ပြီးဆိုးရှားက “ဒီအချိန်မှာကျွန်တော်တ ို့ယူနိုက်တက်စစ်စစ်ကို ပြန်တွေ့ရပါပြီ။ ကျွန်တော်တို့အခွင့်အရးတွေရခဲ့ပါတယ်။ အသင်းမှာအပြိုင်အဆိုင်တွေလဲတွေ့လာရပါတယ်။

လက်ရှိမော်ဒန်ဘောလုံးလောကမှာ အောင်မြင်နေတဲ့အသင်းတွေဆိုဟာ ကစားသမားတွေကို အနားပေးပြီး အလှည့်ကျအသုံးပြုနေကြတာပါ။ ဒါမှလဲချန်ပီယံလိဂ်လိုမျိုး ခက်ခဲတဲ့ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကိုမျှော်မှန်းနိုင်မှာပါ”လို့ပြောခဲ့ပါတယ်။

အခြားဥရောပလိဂ်ပြိုင်ပွဲတွေဖြစ်တဲ့ စီးရီးအေ၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါနဲ့ လီဂူးပြိုင်ပွဲတို့က (၅) ဦးစီ လူစားလဲခွင့်ရထားတာကြောင့် အင်္ဂလန်ကလပ်အသင်းတွေနဲ့ ဥရောပပွဲတွေမှာကစားရင် အသာစီးရမယ့် အခြေအနေတွေလည်း ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၅ဦး လူစားလဲခြင့္စည္းမ်ဥ္း ေျပာင္းလဲလိုက္တဲ့အေပၚ မန္ယူနည္းျပ ဆိုးလ္ရွားေ၀ဖန္

မန္ယူအသင္းနည္းျပဆိုးလ္ရွားဟာ အဂၤလနပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ့ လူစားလဲခြင့္၅ေယာက္စည္းမ်ဥ္းကို မျပဳလုပ္တာ နဲ႔ပတ္သက္ၿပီး ေဒါသတၾကီးေ၀ဖန္သြားပါတယ္။

ဆိုးရွားက ယခုႏွစ္ရာသီ ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ လူစားလဲခြင့္၅ေယာက္စည္းမ်ဥ္းကို ဆန္႔က်င္တာနဲ႔ပတ္သက္ၿပီးနားမလည္နိုင္ဘူးလို႔ဆိုပါတယ္။

ကိုဗစ္ကာလအလြန္ ေဘာလုံးပြဲေတြျပန္လည္စတင္ခ်ိန္မွာ ပြဲေတြဆက္တိုက္ကစားရမွာျဖစ္လို႔ ကစားသမားေတြသက္သာေစရန္ အလို႔ငွါ ကစားသမား၅ေယာက္အထိ လဲလွယ္ခြင့္ေပးခဲ့ေပမယ့္ ယခုႏွစ္ေဘာလုံးရာသီမွာေတာ့ အသင္းေတြဟာ ၅ေယာက္စည္းမ်ဥ္းကို ဆန္႔က်င္ၿပီး၃ေယာက္စည္းမ်ဥ္းကိုသာအသုံးျပဳခဲ့ပါတယ္။

ဆိုးရွားကပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ “ဘာလို႔ သူတို႔ ဒီစည္းမ်ဥ္းကိုဆန္႔က်င္ခဲ့လဲဆိုတာ နားမလည္သလိုယုံလဲမယုံၾကည္နိုင္ပါဘူး။ ကၽြန္ေတာ္တို႔ကစားသမားေတြဘက္ကိုလဲေတြးေပးရမွာပါ။ ဒီရာသီကအေတာ္ေလးခက္ခဲပါတယ္။ တျခားအသင္းေတြဘာလို႔ဆန္႔က်င္ၾကလဲသိခ်င္ပါတယ္။

ဒါေပမယ့္ကစားသမားေတြအေနနဲ႔စိတ္ပိုင္းဆိုင္ရာေရာ႐ုပ္ပိုင္းဆိုင္ရာအရပါအနားယူဖို႔လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ပရီးမီးယားလိဂ္မွာ ဒဏ္ရာေတြအမ်ားႀကီးရေနတာေတြ႕ရမွာပါ။ ဂြာဒီယိုလာကလဲ ဒီအေၾကာင္းေျပာခဲ့ပါတယ္။

တျခားနည္းျပေတြေရာပါပဲ။ ကၽြန္ေတာ္တို႔နည္းျပေတြ၊အသင္းေတြ၊ ေဆးအဖြဲ႕ဝင္ေတြဆိုတာ ကစားသမားေတြကိုအနားေပးဖို႔လိုပါတယ္။ ကၽြန္ေတာ္လဲ ကစားသမား၅ေယာက္လဲတာကို သေဘာက်ပါတယ္”လို႔ေျပာခဲ့ပါတယ္။

ဆိုးလ္ရွားဟာ လိုက္ပ္ဇစ္အသင္းကို ဂိုးျပတ္အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဘ႐ူနိုဖာနန္ဒက္ဇ္နဲ႔ရပ္ရွ္ဖို႔ဒ္တို႔ကို လူစားဝင္ကစားသမားအျဖစ္သာ အသုံးျပဳခဲ့ၿပီး ရပ္ရွ္ဖို႔ဒ္အေနနဲ႔ဟက္ထရစ္သြင္းယူနိုင္ခဲ့ကာ မန္ယူအသင္းအေနနဲ႔ၿပိဳင္ပြဲစုံ ၄ပြဲ ဆက္တိုက္ရႈံးပြဲမရွိေသးပါဘူး။

ဆက္လက္ၿပီးဆိုးရွားက “ဒီအခ်ိန္မွာကၽြန္ေတာ္တ ို႔ယူနိုက္တက္စစ္စစ္ကို ျပန္ေတြ႕ရပါၿပီ။ ကၽြန္ေတာ္တို႔အခြင့္အရးေတြရခဲ့ပါတယ္။ အသင္းမွာအၿပိဳင္အဆိုင္ေတြလဲေတြ႕လာရပါတယ္။

လက္ရွိေမာ္ဒန္ေဘာလုံးေလာကမွာ ေအာင္ျမင္ေနတဲ့အသင္းေတြဆိုဟာ ကစားသမားေတြကို အနားေပးၿပီး အလွည့္က်အသုံးျပဳေနၾကတာပါ။ ဒါမွလဲခ်န္ပီယံလိဂ္လိုမ်ိဳး ခက္ခဲတဲ့ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံဆုကိုေမၽွာ္မွန္းနိုင္မွာပါ”လို႔ေျပာခဲ့ပါတယ္။

အျခားဥေရာပလိဂ္ျပိဳင္ပြဲေတြျဖစ္တဲ႔ စီးရီးေအ၊ လာလီဂါ၊ ဘြန္ဒက္စ္လီဂါနဲ႔ လီဂူးျပိဳင္ပြဲတို႔က (၅) ဦးစီ လူစားလဲခြင္႔ရထားတာေၾကာင္႔ အဂၤလန္ကလပ္အသင္းေတြနဲ႔ ဥေရာပပြဲေတြမွာကစားရင္ အသာစီးရမယ္႔ အေျခအေနေတြလည္း ရွိေနပါတယ္။