၅၉နှစ်ကြာ တည်မြဲနေတဲ့စီးရီးအေဂိုးသွင်းစံချိန်ကို လိုက်မီနိုင်ခဲ့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ စနေညက ပါးမားကို ဝ-၄ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ပြက္ခဒိန်တစ်နှစ်အတွင်း စီးရီးအေမှာ အနည်းဆုံး ၃၃ဂိုးသွင်းယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာပါတယ်။

အသက်၃၅နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ပါးမားနဲ့ပွဲမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ တစ်ဂိုးစီသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်လည်း ယနေ့ညအသီးသီးကစားရမယ့် အင်တာမီလန်နဲ့အမှတ်တူ၊ အေစီမီလန်နဲ့ ၁မှတ်လျော့အနေအထား ရောက်လာပါတယ်။

စီရော်နယ်ဒိုဟာ ၅၉နှစ်အတွင်း ပြက္ခဒိန်တစ်နှစ်တာမှာ စီးရီးအေသွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ၁၉၆၁ ခုနှစ်က ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း ဆီဗိုရီရဲ့မှတ်တမ်းကို လိုက်မီနိုင်ခဲ့တာဖြစ်သလို သူတို့နှစ်ယောက်ရဲ့အရှေ့မှာ ဂန်းနားနော်ဒဲလ်(၁၉၅၀၊ ၃၆ဂိုး)နဲ့ ဘိုရယ်(၁၉၃၃၊ ၄၁ဂိုး)တို့ ရပ်တည်နေပါတယ်။

ဂျူဗင်တပ်စ်ဟာ ၂၀၂၀ အတွင်း စီးရီးအေနောက်ဆုံးပွဲစဉ်အဖြစ် အင်္ဂါနေ့မှာ ဖီအိုရင်တီးနားနဲ့ အိမ်ကွင်းပွဲကစားရမှာမို့လို့ စီရော်နယ်ဒိုလည်း နောက်ထပ်ဂိုးတွေသွင်းနိုင်ဖို့ အခွင့်အရေးရထားပါတယ်။

ပွဲအပြီးမှာ ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုက စီရော်နယ်ဒိုကို ချီးကျူးသွားခဲ့သလို တစ်သင်းလုံးရဲ့ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုချီးကျူးသွားပါတယ်။

”ဒီနေ့မှာ ဂျူဗင်တပ်စ်အသင်းကစားသွားတာက ကျွန်တော်မြင်ချင်တဲ့ပုံစံပါပဲ။ ဒီလိုပွဲမျိုးတွေ အနိုင်ရဖို့ လိုအပ်ပြီး အထူးသဖြင့် တိုက်စစ်မှူးတွေဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ မိုရာတာတို့လည်း ဂိုးတွေသွင်းနိုင်ဖို့ လိုပါတယ်”

”အသင်းတစ်သင်းအနေနဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ရမ်ဆေးလည်း အရမ်းကောင်းတဲ့ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြိုင်ဘက်အသင်း ဘောလုံးရနေချိန်မှာ အသင်းဘက်က High Press လုပ်နိုင်တာကို အရမ်းသဘောကျပါတယ်’လို့ ပီယာလိုက ပြောပါတယ်။

စီရော်နယ်ဒိုဟာ ဂိုးပေါက်ကန်သွင်းမှု ၁၇၄ ကြိမ်ကနေ ၃၃ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယင်းကာလအတွင်း ဂိုးပေါက်ကန်သွင်းမှုအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သလို သူ့နောက်က အနီးကပ်ဆုံးပြိုင်ဘက်ထက် ၆၇ကြိမ်ပိုများပါတယ်။

စီရော်နယ်ဒိုဟာ ၂၀၂၀ အတွင်း စီးရီးအေမှာ ဂိုးပေါက်ကန်သွင်းမှု ပျမ်းမျှ ၂၇.၇၃ ကြိမ်ကနေ တစ်ဂိုးသွင်းယူနိုင်ထားပြီး သူ့ရဲ့အနောက်မှာ ၂၆ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီက တစ်ဂိုးသွင်းယူဖို့ ပျမ်းမျှဂိုးပေါက်ကန်သွင်းမှု ၂၈.၂၈ကြိမ်ရှိပါတယ်။

စီရော်နယ်ဒိုဟာ ညာခြေနဲ့ ၂၇ဂိုး၊ ဘယ်ခြေနဲ့ ၄ဂိုး၊ ခေါင်းတိုက်ဂိုး ၂ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ဇန်နဝါရီလ ၁ ရက်နေ့ကနေ အခုချိန်အထိ ဘွန်ဒက်စ်လီဂါမှာ ၃၂ဂိုးသွင်းယူထားပြီး ဘာစီလိုနာကြယ်ပွင့် မက်ဆီက လာလီဂါမှာ ၁၈ဂိုးပဲ သွင်းယူထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၅၉ႏွစ္ၾကာ တည္ၿမဲေနတဲ့စီးရီးေအဂိုးသြင္းစံခ်ိန္ကို လုိက္မီႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး စီေရာ္နယ္ဒိုဟာ စေနညက ပါးမားကို ၀-၄ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္ ျပကၡဒိန္တစ္ႏွစ္အတြင္း စီးရီးေအမွာ အနည္းဆုံး ၃၃ဂိုးသြင္းယူႏုိင္တဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာပါတယ္။ အသက္၃၅ႏွစ္အရြယ္ရွိ ေပၚတူဂီအသင္းေခါင္းေဆာင္ စီေရာ္နယ္ဒိုဟာ ပါးမားနဲ႔ပြဲမွာ ပထမပုိင္းနဲ႔ ဒုတိယပိုင္းမွာ တစ္ဂုိးစီသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္လည္း ယေန႔ညအသီးသီးကစားရမယ့္ အင္တာမီလန္နဲ႔အမွတ္တူ၊ ေအစီမီလန္နဲ႔ ၁မွတ္ေလ်ာ့အေနအထား ေရာက္လာပါတယ္။

စီေရာ္နယ္ဒိုဟာ ၅၉ႏွစ္အတြင္း ျပကၡဒိန္တစ္ႏွစ္တာမွာ စီးရီးေအသြင္းဂိုးအမ်ားဆုံးအျဖစ္ ရပ္တည္ႏုိင္ခဲ့တာျဖစ္ၿပီး ၁၉၆၁ ခုႏွစ္က ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးေဟာင္း ဆီဗိုရီရဲ႕မွတ္တမ္းကို လုိက္မီႏုိင္ခဲ့တာျဖစ္သလုိ သူတုိ႔ႏွစ္ေယာက္ရဲ႕အေရွ႕မွာ ဂန္းနားေနာ္ဒဲလ္(၁၉၅၀၊ ၃၆ဂိုး)နဲ႔ ဘုိရယ္(၁၉၃၃၊ ၄၁ဂိုး)တုိ႔ ရပ္တည္ေနပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ ၂၀၂၀ အတြင္း စီးရီးေအေနာက္ဆုံးပဲြစဥ္အျဖစ္ အဂၤါေန႔မွာ ဖီအုိရင္တီးနားနဲ႔ အိမ္ကြင္းပြဲကစားရမွာမုိ႔လုိ႔ စီေရာ္နယ္ဒိုလည္း ေနာက္ထပ္ဂုိးေတြသြင္းႏုိင္ဖုိ႔ အခြင့္အေရးရထားပါတယ္။ ပြဲအၿပီးမွာ ဂ်ဴဗင္တပ္စ္အသင္းနည္းျပ ပီယာလုိက စီေရာ္နယ္ဒိုကို ခ်ီးက်ဴးသြားခဲ့သလုိ တစ္သင္းလုံးရဲ႕ႀကိဳးစားအားထုတ္မႈကိုလည္း အသိအမွတ္ျပဳခ်ီးက်ဴးသြားပါတယ္။

”ဒီေန႔မွာ ဂ်ဴဗင္တပ္စ္အသင္းကစားသြားတာက ကၽြန္ေတာ္ျမင္ခ်င္တဲ့ပုံစံပါပဲ။ ဒီလုိပြဲမ်ိဳးေတြ အႏုိင္ရဖို႔ လိုအပ္ၿပီး အထူးသျဖင့္ တုိက္စစ္မွဴးေတြျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ မိုရာတာတုိ႔လည္း ဂိုးေတြသြင္းႏိုင္ဖို႔ လိုပါတယ္။ အသင္းတစ္သင္းအေနနဲ႔ အေကာင္းဆုံးကစားႏုိင္ခဲ့ၿပီး ရမ္ေဆးလည္း အရမ္းေကာင္းတဲ့ပြဲကို ဖန္တီးႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ၿပိဳင္ဘက္အသင္း ေဘာလုံးရေနခ်ိန္မွာ အသင္းဘက္က High Press လုပ္ႏိုင္တာကို အရမ္းသေဘာက်ပါတယ္’လုိ႔ ပီယာလုိက ေျပာပါတယ္။

စီေရာ္နယ္ဒိုဟာ ဂိုးေပါက္ကန္သြင္းမႈ ၁၇၄ ႀကိမ္ကေန ၃၃ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ယင္းကာလအတြင္း ဂိုးေပါက္ကန္သြင္းမႈအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ခဲ့သလုိ သူ႕ေနာက္က အနီးကပ္ဆုံးၿပိဳင္ဘက္ထက္ ၆၇ႀကိမ္ပုိမ်ားပါတယ္။ စီေရာ္နယ္ဒိုဟာ ၂၀၂၀ အတြင္း စီးရီးေအမွာ ဂိုးေပါက္ကန္သြင္းမႈ ပ်မ္းမွ် ၂၇.၇၃ ႀကိမ္ကေန တစ္ဂိုးသြင္းယူႏုိင္ထားၿပီး သူ႕ရဲ႕အေနာက္မွာ ၂၆ဂုိးနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတဲ့ လာဇီယိုတုိက္စစ္မွဴး အင္မိုဘီလီက တစ္ဂိုးသြင္းယူဖုိ႔ ပ်မ္းမွ်ဂိုးေပါက္ကန္သြင္းမႈ ၂၈.၂၈ႀကိမ္ရွိပါတယ္။ စီေရာ္နယ္ဒုိဟာ ညာေျခနဲ႔ ၂၇ဂိုး၊ ဘယ္ေျခနဲ႔ ၄ဂိုး၊ ေခါင္းတုိက္ဂိုး ၂ဂုိးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရတဲ့ ဘုိင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီ၀န္ေဒါစကီးက ဇန္န၀ါရီလ ၁ ရက္ေန႔ကေန အခုခ်ိန္အထိ ဘြန္ဒက္စ္လီဂါမွာ ၃၂ဂုိးသြင္းယူထားၿပီး ဘာစီလုိနာၾကယ္ပြင့္ မက္ဆီက လာလီဂါမွာ ၁၈ဂုိးပဲ သြင္းယူထားပါတယ္။