၅ ပွဲပယ်နှင့် ပေါင် ၁၈၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရတဲ့  ရိုဂျို

ဘိုကာဂျူနီယာစတားမားကို့စ်ရိုဂျိုဟာအက်သလက်တီကိုမီနိုင်းရိုးနှင့်

ကိုပါလီဘာတာဒို့စ်ပွဲစဉ်မှရန်ပွဲတွင်ပါဝင်မှုကြောင့် ငါးပွဲပယ်နှင့်

ပေါင် ၁၈၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

အာဂျင်တီးနားနှင့်ဘရာဇီးကလပ်တို့ဟာဇူလိုင်လတုန်းကမီနိုင်းရိုးတွင်လီဘာတာဒိုး

၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ်ကစားခဲ့ရာဂိုးမရှိသရေကျခဲ့ပါတယ်။

ပွဲပြီးခါနီးတွင်မာစယ်လိုဝိုင်ဂန်ကဘိုကာအတွက်အနိုင်ဂိုးသွင်းခဲ့ပေမယ့်

VAR ကမပေးခဲ့ပါဘူး။ ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရာမှာမီနိုင်းရိုးက၃-၁ဖြင့်

အနိုင်ရရှိခဲ့ပါတယ်။ဘိုကာဂျူနီယာစတားမျာဟာဥမင်လှိုဏ်ခေါင်းအတွင်းမှာ

ပြဿနာရှာခဲ့ကြပြီးမန်ယူနောက်ခံလူဟောင်းရိုဂျိုဟာလုံခြုံရေးဝန်ထမ်းတစ်ဦးကို

ထိုးကြိတ်ခဲ့ပါတယ်။ဒါ့အပြင်ရိုဂျိုဟာမီးသတ်ဆေးဗူးကိုင်ကာတိုက်ခိုက်ရန်

အသင့်ဖြစ်နေခဲ့တာလည်းတွေ့ရပြီးနည်းပြတစ်ဦးကချထားရန်ပြောဆိုခြင်းခံခဲ့ရပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာအထက်ပါဖြစ်ရပ်ကိုကာလရှည်ကြာ

စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက်ရိုဂျိုအားငါးပွဲပယ်နှင့်ဒဏ်ငွေပြင်းထန်စွာချမှတ်လိုက်ပါတယ်။

ဒေသခံမီဒီယာများရဲ့ဖော်ပြချက်အရဘိုကာဂျူနီယာကစားသမားများဟာ

မီနိုင်းရိုးအသင်းအဝတ်အစားလဲခန်းသို့ဝင်ရန်ကြိုးပမ်းခဲ့ပြီးရဲတပ်ဖွဲ့နှင့်

ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ဘရာဇီးရဲတပ်ဖွဲ့ဟာမျက်ရည်ယိုဗုံးအသုံးပြုကာ

ထိန်းသိမ်းခဲ့ရပါတယ်။၎င်းတို့ဟာဘိုကာဂျူနီယာကစားသမားနှစ်ဦးကို

ဖမ်းဆီးမှုပြုလုပ်သွားခဲ့ပေမယ့်ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

zawgyi

၅ ပြဲပယ္ႏွင့္ ေပါင္ ၁၈၀၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရတဲ့  ႐ိုဂ်ိဳ

ဘိုကာဂ်ဴနီယာစတားမားကို႔စ္႐ိုဂ်ိဳဟာအက္သလက္တီကိုမီႏိုင္း႐ိုးႏွင့္

ကိုပါလီဘာတာဒို႔စ္ပြဲစဥ္မွရန္ပြဲတြင္ပါဝင္မႈေၾကာင့္ ငါးပြဲပယ္ႏွင့္

ေပါင္ ၁၈၀၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

အာဂ်င္တီးနားႏွင့္ဘရာဇီးကလပ္တို႔ဟာဇူလိုင္လတုန္းကမီႏိုင္း႐ိုးတြင္လီဘာတာဒိုး

၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ကစားခဲ့ရာဂိုးမရွိသေရက်ခဲ့ပါတယ္။

ပြဲၿပီးခါနီးတြင္မာစယ္လိုဝိုင္ဂန္ကဘိုကာအတြက္အႏိုင္ဂိုးသြင္းခဲ့ေပမယ့္

VAR ကမေပးခဲ့ပါဘူး။ ပင္နယ္တီအဆုံးအျဖတ္ကန္ခဲ့ရာမွာမီႏိုင္း႐ိုးက၃-၁ျဖင့္

အႏိုင္ရရွိခဲ့ပါတယ္။ဘိုကာဂ်ဴနီယာစတားမ်ာဟာဥမင္လႈိဏ္ေခါင္းအတြင္းမွာ

ျပႆနာရွာခဲ့ၾကၿပီးမန္ယူေနာက္ခံလူေဟာင္း႐ိုဂ်ိဳဟာလုံၿခဳံေရးဝန္ထမ္းတစ္ဦးကို

ထိုးႀကိတ္ခဲ့ပါတယ္။ဒါ့အျပင္႐ိုဂ်ိဳဟာမီးသတ္ေဆးဗူးကိုင္ကာတိုက္ခိုက္ရန္

အသင့္ျဖစ္ေနခဲ့တာလည္းေတြ႕ရၿပီးနည္းျပတစ္ဦးကခ်ထားရန္ေျပာဆိုျခင္းခံခဲ့ရပါတယ္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအထက္ပါျဖစ္ရပ္ကိုကာလရွည္ၾကာ

စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္႐ိုဂ်ိဳအားငါးပြဲပယ္ႏွင့္ဒဏ္ေငြျပင္းထန္စြာခ်မွတ္လိုက္ပါတယ္။

ေဒသခံမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဘိုကာဂ်ဴနီယာကစားသမားမ်ားဟာ

မီႏိုင္း႐ိုးအသင္းအဝတ္အစားလဲခန္းသို႔ဝင္ရန္ႀကိဳးပမ္းခဲ့ၿပီးရဲတပ္ဖြဲ႕ႏွင့္

ခိုက္ရန္ျဖစ္ပြားခဲ့ပါတယ္။ဘရာဇီးရဲတပ္ဖြဲ႕ဟာမ်က္ရည္ယိုဗုံးအသုံးျပဳကာ

ထိန္းသိမ္းခဲ့ရပါတယ္။၎တို႔ဟာဘိုကာဂ်ဴနီယာကစားသမားႏွစ္ဦးကို

ဖမ္းဆီးမႈျပဳလုပ္သြားခဲ့ေပမယ့္ျပန္လည္လႊတ္ေပးခဲ့ပါတယ္။