(၆) လ အတွင်းမှာ ယူနိုက်တက်ကို ပြန်လည်တည်ဆောက်ဖို့ဆိုတာ ခက်ခဲနိုင်တယ်

ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဖြစ်လာမယ့် ဝါရင့် နည်းပြ ရန်းနစ် ရဲ့

အရည်အချင်းနဲ့ ပတ်သက်လို့ လက်ရှိ ဒါဘီအသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင်နေတဲ့

ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှုးဟောင်း ရွန်းနီ က ချီးကျူးပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ရန်းနစ် အတွက်တော့ အချိန် (၆) လ အတွင်းမှာ ယူနိုက်တက်ကို

ပြန်လည်တည်ဆောက်ဖို့ဆိုတာ ခက်ခဲမှုတွေနဲ့တော့ ရင်ဆိုင်ရနိုင်တယ်လို့လည်း

ရွန်းနီက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

” ရန်းနစ်က ဘောလုံးနယ်ပယ်မှာ အတွေ့အကြုံများတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။

အသင်းရဲ့ ဖရိုဖရဲဖြစ်နေတဲ့လက်ရှိအနေအထားကို သူ အကောင်ဆုံး ပြန်လည်

ထိန်းကျောင်းပေးနိုင်လိမ့်ဆိုတာကိုတော့ ကျွန်တော် ယုံကြည်တယ်။

အသင်းကို ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်ပေးမယ့် အပြင် ဒီရာသီမှာ

ဆုဖလား စိန်ခေါ်စွမ်းတွေ ပြန်လည်ရရှိလာအောင်လည်း သူလုပ်ဆောင်ပေး

နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ” ဒါပေမယ့် ယူနိုက်တက်ရဲ့ ယာယီနည်းပြ ဆိုတဲ့

အလုပ်က သူ့အတွက်တော့ ကျိန်းသေပေါက် ခက်ခဲမှုတွေရှိလာပါလိမ့်မယ်။

ပြောချင်တဲ့သဘောက ကျွန်တော့်အနေနဲ့ သူ့ရဲ့ အရည်အချင်းတွေအပေါ်မှာ

သံသယရှိနေတာမျိူး မဟုတ်ပါဘူး။ ဒါပေမယ့် (၆) လဆိုတဲ့ အချိန်အတွင်းမှာ

အသင်းရဲ့ ကစားပုံတိုးတက်အောင် ၊ ကစားသမားတွေပေါ်မှာ ဩဇာညောင်းအောင်

အချိန်တိုအတွင်း လုပ်ပြဖို့က ခက်ခဲမှုတော့ ရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူက

ဒီနယ်ပယ်မှာ လေးစားမှုတွေ အများကြီး ရထားတဲ့သူတစ်ဦးဆိုတာကတော့

သိသာထင်ရှားပါတယ်” လို့ ရွန်းနီက ပြောဆိုခဲ့ပါတယ်။

ရန်းနစ်ဟာ အလုပ်ပါမစ်ကိစ္စကြောင့် ဒီည ကစားမယ့် ချယ်ဆီးအသင်းနဲ့

ပွဲစဉ်ကို ကိုင်တွယ်နိုင်ဦးမှာ မဟုတ်သလို ၊ ဗီဇာ အခက်အခဲရှိနေတာကြောင့်လည်း

နောက်အပတ်မှာ ကစားမယ့် အာစင်နယ်အသင်းနဲ့ပွဲကိုပါ

ထပ်မံလွဲချော်နိုင်ဖွယ်ရှိနေပါတယ်။

zawgyi

(၆) လ အတြင္းမွာ ယူႏိုက္တက္ကို ျပန္လည္တည္ေဆာက္ဖို႔ဆိုတာ ခက္ခဲႏိုင္တယ္

ယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပျဖစ္လာမယ့္ ဝါရင့္ နည္းျပ ရန္းနစ္ ရဲ႕

အရည္အခ်င္းနဲ႔ ပတ္သက္လို႔ လက္ရွိ ဒါဘီအသင္းရဲ႕ နည္းျပအျဖစ္ လုပ္ကိုင္ေနတဲ့

ယူႏိုက္တက္ ဂႏၲဝင္ တိုက္စစ္မႈးေဟာင္း ႐ြန္းနီ က ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။

ဒါ့အျပင္ ရန္းနစ္ အတြက္ေတာ့ အခ်ိန္ (၆) လ အတြင္းမွာ ယူႏိုက္တက္ကို

ျပန္လည္တည္ေဆာက္ဖို႔ဆိုတာ ခက္ခဲမႈေတြနဲ႔ေတာ့ ရင္ဆိုင္ရႏိုင္တယ္လို႔လည္း

႐ြန္းနီက သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။

” ရန္းနစ္က ေဘာလုံးနယ္ပယ္မွာ အေတြ႕အႀကဳံမ်ားတဲ့ ပုဂၢိဳလ္တစ္ဦးပါ။

အသင္းရဲ႕ ဖ႐ိုဖရဲျဖစ္ေနတဲ့လက္ရွိအေနအထားကို သူ အေကာင္ဆုံး ျပန္လည္

ထိန္းေက်ာင္းေပးႏိုင္လိမ့္ဆိုတာကိုေတာ့ ကြၽန္ေတာ္ ယုံၾကည္တယ္။

အသင္းကို ျပန္လည္ တည္ၿငိမ္ေအာင္ လုပ္ေဆာင္ေပးမယ့္ အျပင္ ဒီရာသီမွာ

ဆုဖလား စိန္ေခၚစြမ္းေတြ ျပန္လည္ရရွိလာေအာင္လည္း သူလုပ္ေဆာင္ေပး

ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္” ” ဒါေပမယ့္ ယူႏိုက္တက္ရဲ႕ ယာယီနည္းျပ ဆိုတဲ့

အလုပ္က သူ႔အတြက္ေတာ့ က်ိန္းေသေပါက္ ခက္ခဲမႈေတြရွိလာပါလိမ့္မယ္။

ေျပာခ်င္တဲ့သေဘာက ကြၽန္ေတာ့္အေနနဲ႔ သူ႔ရဲ႕ အရည္အခ်င္းေတြအေပၚမွာ

သံသယရွိေနတာမ်ိဴး မဟုတ္ပါဘူး။ ဒါေပမယ့္ (၆) လဆိုတဲ့ အခ်ိန္အတြင္းမွာ

အသင္းရဲ႕ ကစားပုံတိုးတက္ေအာင္ ၊ ကစားသမားေတြေပၚမွာ ဩဇာေညာင္းေအာင္

အခ်ိန္တိုအတြင္း လုပ္ျပဖို႔က ခက္ခဲမႈေတာ့ ရွိပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ သူက

ဒီနယ္ပယ္မွာ ေလးစားမႈေတြ အမ်ားႀကီး ရထားတဲ့သူတစ္ဦးဆိုတာကေတာ့

သိသာထင္ရွားပါတယ္” လို႔ ႐ြန္းနီက ေျပာဆိုခဲ့ပါတယ္။

ရန္းနစ္ဟာ အလုပ္ပါမစ္ကိစၥေၾကာင့္ ဒီည ကစားမယ့္ ခ်ယ္ဆီးအသင္းနဲ႔

ပြဲစဥ္ကို ကိုင္တြယ္ႏိုင္ဦးမွာ မဟုတ္သလို ၊ ဗီဇာ အခက္အခဲရွိေနတာေၾကာင့္လည္း

ေနာက္အပတ္မွာ ကစားမယ့္ အာစင္နယ္အသင္းနဲ႔ပြဲကိုပါ ထပ္မံလြဲေခ်ာ္ႏိုင္ဖြယ္

ရွိေနပါတယ္။