
ဘာစီလိုနာဟာယူဆွတ်ဖီဒီမဲရဲ့ပွဲကစားမှုအပေါ်မူတည်ပြီးထည့်သွင်းချုပ်ဆိုထားတဲ့
စာချုပ်ပါအချက်ကြောင့်ပွဲတွင်အသုံးမပြုတော့ဘဲလူစာရင်းမှ
ချန်ထားရစ်တော့မှာဖြစ်ကြောင်းသိရပါတယ်။
ဇူလိုင်လတုန်းကရက်ပစ်ဗီယင်နာမှအငှားဖြင့်ရောက်လာခဲ့တဲ့
ဒီမဲဟာယခုရာသီမှာဘာစီလိုနာအတွက်လာလီဂါနှင့်
ချန်ပီယံလိဂ်တို့တွင်၈ပွဲကစားထားပြီးဖြစ်ပါတယ်။
သူဟာလာမယ့်ဇန်နဝါရီလမကုန်မီနောက်ထပ်တစ်ပွဲ ကစားခွင့်ရရှိလာပါက
ငွေကြေးပြဿနာများရှိနေတဲ့ဘာစီလိုနာဟာသူ့ကိုပေါင်၈.၅သန်းဖြင့်
အပြီးသတ်ခေါ်ယူရပါမယ်။ဘာစီလိုနာဟာလာမယ့်နွေရာသီ
အပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမားများခေါ်ယူအားဖြည့်ရေးအတွက်
ငွေကြေးလိုအပ်နေရာ ဒီမဲကိုမခေါ်ယူရရေးအတွက်လုပ်ဆောင်ဖို့စီစဉ်နေကြောင်း
Sky Sports Germany ကဖော်ပြသွားပါတယ်။
ဘာစီလိုနာဟာတောင်ပံကစားသမားဒီမဲဟာနိုဝင်ဘာလ၂၀ရက်နေ့တုန်းက
အက်စ်ပန်ညိုအား၁-ဝဂိုးဖြင့်အနိုင်ရရှိတုန်းကသူ့ကိုပွဲပြီးဖို့၂မိနစ်အလိုမှာ
ထည့်သွင်းအသုံးပြုခဲ့သလိုစက်တင်ဘာလတုန်းက
လီဗန်တေးအား၂-ဝဖြင့်အနိုင်ရရှိတဲ့ပွဲမှာလည်း၉မိနစ်တည်းသာသုံးခဲ့တာပါ။
ဒီမဲဟာယခုလအစောပိုင်းတုန်းကဂရန်နာဒါနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာ
ပွဲထွက်ခွင့်ရရှိခဲ့ပြီးဘာစီလိုနာပွဲချိန်အများဆုံးကစားရမှုအဖြစ်၇၅မိနစ်
ကစားခွင့်ရခဲ့ပါတယ်။လက်ရှိအနေအထားအရအသက်၁၈နှစ်ရှိ
တောင်ပံကစားသမားဟာလာမယ့်ရက်သတ္တပတ်ခြောက်ခုကို
အရန်ခုံမှာထိုင်နေရခြင်း၊လူစာရင်းတွင်ချန်လှပ်ခံရခြင်းတို့နှင့်ကြုံရတော့မှာဖြစ်ပါတယ်။
ဘာစီလိုနာဟာခရစ္စမတ်မတိုင်မီအယ်ချီ(အိမ်ကွင်း)၊ဆီဗီလာ(အဝေးကွင်း)တို့
ရင်ဆိုင်ကစားရပါမယ်။ဘာစီလိုနာဟာလာလီဂါမှာ၁၆ပွဲကစားထားရမှာ
၂၄မှတ်တည်းသာရရှိထားပြီးထိပ်ဆုံးမှရီးရဲလ်မက်ဒရစ်နှင့်
၁၈မှတ်အထိကွာဟနေပါတယ်။
zawgyi
၈.၅ သန္းျဖင့္ အၿပီးေခၚယူရမွာစိုးၿပီး ယူဆြတ္ဖ္ဒီမဲကို ေခ်ာင္ထိုးထားေတာ့မယ့္ ဘာစီလိုနာ
ဘာစီလိုနာဟာယူဆြတ္ဖီဒီမဲရဲ႕ပြဲကစားမႈအေပၚမူတည္ၿပီးထည့္သြင္းခ်ဳပ္ဆိုထားတဲ့
စာခ်ဳပ္ပါအခ်က္ေၾကာင့္ပြဲတြင္အသုံးမျပဳေတာ့ဘဲလူစာရင္းမွ
ခ်န္ထားရစ္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
ဇူလိုင္လတုန္းကရက္ပစ္ဗီယင္နာမွအငွားျဖင့္ေရာက္လာခဲ့တဲ့
ဒီမဲဟာယခုရာသီမွာဘာစီလိုနာအတြက္လာလီဂါႏွင့္
ခ်န္ပီယံလိဂ္တို႔တြင္၈ပြဲကစားထားၿပီးျဖစ္ပါတယ္။
သူဟာလာမယ့္ဇန္နဝါရီလမကုန္မီေနာက္ထပ္တစ္ပြဲ ကစားခြင့္ရရွိလာပါက
ေငြေၾကးျပႆနာမ်ားရွိေနတဲ့ဘာစီလိုနာဟာသူ႔ကိုေပါင္၈.၅သန္းျဖင့္
အၿပီးသတ္ေခၚယူရပါမယ္။ဘာစီလိုနာဟာလာမယ့္ေႏြရာသီ
အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမားမ်ားေခၚယူအားျဖည့္ေရးအတြက္
ေငြေၾကးလိုအပ္ေနရာ ဒီမဲကိုမေခၚယူရေရးအတြက္လုပ္ေဆာင္ဖို႔စီစဥ္ေနေၾကာင္း
Sky Sports Germany ကေဖာ္ျပသြားပါတယ္။
ဘာစီလိုနာဟာေတာင္ပံကစားသမားဒီမဲဟာႏိုဝင္ဘာလ၂၀ရက္ေန႔တုန္းက
အက္စ္ပန္ညိဳအား၁-ဝဂိုးျဖင့္အႏိုင္ရရွိတုန္းကသူ႔ကိုပြဲၿပီးဖို႔၂မိနစ္အလိုမွာ
ထည့္သြင္းအသုံးျပဳခဲ့သလိုစက္တင္ဘာလတုန္းက
လီဗန္ေတးအား၂-ဝျဖင့္အႏိုင္ရရွိတဲ့ပြဲမွာလည္း၉မိနစ္တည္းသာသုံးခဲ့တာပါ။
ဒီမဲဟာယခုလအေစာပိုင္းတုန္းကဂရန္နာဒါႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာ
ပြဲထြက္ခြင့္ရရွိခဲ့ၿပီးဘာစီလိုနာပြဲခ်ိန္အမ်ားဆုံးကစားရမႈအျဖစ္၇၅မိနစ္
ကစားခြင့္ရခဲ့ပါတယ္။လက္ရွိအေနအထားအရအသက္၁၈ႏွစ္ရွိ
ေတာင္ပံကစားသမားဟာလာမယ့္ရက္သတၱပတ္ေျခာက္ခုကို
အရန္ခုံမွာထိုင္ေနရျခင္း၊လူစာရင္းတြင္ခ်န္လွပ္ခံရျခင္းတို႔ႏွင့္ႀကဳံရေတာ့မွာျဖစ္ပါတယ္။
ဘာစီလိုနာဟာခရစၥမတ္မတိုင္မီအယ္ခ်ီ(အိမ္ကြင္း)၊ဆီဗီလာ(အေဝးကြင္း)တို႔
ရင္ဆိုင္ကစားရပါမယ္။ဘာစီလိုနာဟာလာလီဂါမွာ၁၆ပြဲကစားထားရမွာ
၂၄မွတ္တည္းသာရရွိထားၿပီးထိပ္ဆုံးမွရီးရဲလ္မက္ဒရစ္ႏွင့္
၁၈မွတ္အထိကြာဟေနပါတယ္။