
မိုဟာမက်ဆာလက်ဟာလီဗာပူးသမိုင်းမှာကိုးပွဲဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံး
ကစားသမားဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင်သူဟာစတီဗင်ဂျရတ်ကိုကျော်ဖြတ်ကာ၃၁ဂိုးဖြင့်လီဗာပူးသမိုင်းမှာ
ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းယူထားသူလည်း ဖြစ်လာခဲ့ပါတယ်။
အီဂျစ်စူပါစတားဟာမနေ့ညတုန်းကအက်သလက်တီကိုအား၃-၂ဂိုးဖြင့်
အနိုင်ရရှိတဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာအက်သလက်တီကိုနှင့်ပွဲမှာဂိုးသွင်းယူနိုင်ခဲ့မှုနဲ့အတူ ၉ပွဲဆက်
ဂိုးသွင်းနိုင်တဲ့ ပထမဆုံးလီဗာပူးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင်သူဟာလီဗာပူးသမိုင်းတွင်ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းယူသူအဖြစ်
ဂိုး၃၀ဖြင့်ရပ်တည်နေတဲ့ရပ်တည်နေတဲ့ဂျရတ်ရဲ့စံချိန်အား ၃၁ဂိုးဖြင့်ရိုက်ချိုးကာ
စံချိန်သစ်ရေးထိုးလာပါတယ်။
Zawgyi
ဖြစ်လာခဲ့ပါတယ်။