၉၉နှစ်က စိတ်ဓာတ်မျိုးနဲ့ အက်ဖ်အေဖလားမှာ လီဗာပူးကို အနိုင်ယူသွားမယ်လို့ ဆိုးလ်ရှား ကြုံးဝါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုးလ်ရှားက လာမယ့် လီဗာပူးနဲ့ အက်ဖ်အေဖလားပွဲမှာသာ အနိုင်ရခဲ့ရင် ယူနိုက်တက်အနေနဲ့ ယုံကြည်မှု ပိုရလာပြီး အောင်မြင်မှုတွေ အများကြီး ထပ်ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဆိုးလ်ရှား ၁၉၉၉ခုနှစ်က အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုးကို သွင်းယူခဲ့ကာ ယူနိုက်တက်ရဲ့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

အဆိုပါနှစ်မှာတော့ နည်းပြကြီး ဖာဂူဆန်ရဲ့ လက်အောက် ဖလား ၃လုံး ချန်ပီယံဖြစ်ခဲ့ကာ ယခုနှစ်မှာလည်း ဆိုးလ်ရှားက ၉၉ခုနှစ်က စိတ်ဓာတ်တွေအတိုင်း ဆက်လက် အသုံးချကာ ယုံကြည်မှု တည်ဆောက်လိုနေတာ ဖြစ်ပါတယ်။

မနက်ဖြန်ည အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပွဲမှာလည်း လီဗာပူးကို အနိုင်ယူကာ နောက်ထပ် ပွဲကောင်းတွေကို ဆက်လက် အနိုင်ယူနိုင်မယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

“ဒါပေါ့ဗျာ။ ကျွန်တော်တို့ အဲ့ဒီရာသီတုန်းက အခြေအနေအနည်းငယ်အတိုင်း ပြောင်းလဲပစ်လို့ ရပါတယ်။ ကျွန်တေ်ာတို့မှာ ကပ်ပြီးနိုင်တဲ့ ပွဲတွေ ရှိခဲ့တယ်ဆိုတာ သိပါတယ်။ အဲ့ဒီနှစ်တုန်းက လီဗာပူးနဲ့ ယှဉ်နိုင်နိုင်ဖို့ နိးစပ်ခဲ့တယ်ဆိုတာလည်း သိပါတယ်။ ပီတာ ရှမိုက်ကယ်က ဆီမီးဖိုင်နယ်မှာ ဘားကမ့်ရဲ့ ပင်နယ်တီကို အချိန်အတွင်း ကာကွယ်ခဲ့ပါတယ်”

“အဲ့ဒီအခိုက်အတန့်တွေက ကျွန်တော်တို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာရသွားစေပြီး အထူးသဖြင့် ဆီမီးဖိုင်နယ်မှာဆိုတာ ပိုကောင်းပါတယ်။ ဒါပေမဲ့ လီဗာပူးနဲ့ စတုတ္ထအဆင့် ပွဲမှာ ၁-ဝနဲ့ ရှုံးနေရာကနေ ၂-၁ဖြစ် သွားတာက တကယ်ကို ကြီးမားတဲ့ နိုင်ပွဲပါပဲ”လို့ ပြောခဲ့ပါတယ်။

အဆိုပါ အချိန်က ယူနိုက်တက်ဟာ လီဗာပူး၊ အာဆင်နယ်တို့အပြင် ချဲလ်ဆီးနဲ့ မစ်ဒယ်ဘရော့တို့ကိုပါ အနိုင်ယူခဲ့သလို ယခုနှစ်မှာလည်း ဆိုးလ်ရှားက ခက်ခဲတဲ့ လမ်းကနေ ဆုဖလားယူဖို့ အသင့်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၉၉ႏွစ္က စိတ္ဓာတ္မ်ိဳးနဲ႔ အက္ဖ္ေအဖလားမွာ လီဗာပူးကို အႏိုင္ယူသြားမယ္လို႔ ဆုိးလ္ရွား ၾကံဳး၀ါး

ဆိုးလ္ရွားက လာမယ့္ လီဗာပူးနဲ႔ အက္ဖ္ေအဖလားပဲြမွာသာ အႏိုင္ရခဲ့ရင္ ယူႏိုက္တက္အေနနဲ႔ ယံုၾကည္မႈ ပုိရလာျပီး ေအာင္ျမင္မႈေတြ အမ်ားၾကီး ထပ္ရႏိုင္တယ္လို႔ ယံုၾကည္ေနပါတယ္။ ဆိုးလ္ရွား ၁၉၉၉ခုႏွစ္က အုိးထရက္ဖို႔ဒ္မွာ ကစားခဲ့တ့ဲ အက္ဖ္ေအဖလား စတုတၳအဆင့္ပဲြစဥ္မွာ ေနာက္က်အႏိုင္ဂိုးကို သြင္းယူခဲ့ကာ ယူႏိုက္တက္ရဲ႕ သူရဲေကာင္း ျဖစ္ခဲ့ပါတယ္။ အဆိုပါႏွစ္မွာေတာ့ နည္းျပၾကီး ဖာဂူဆန္ရဲ႕ လက္ေအာက္ ဖလား ၃လံုး ခ်န္ပီယံျဖစ္ခဲ့ကာ ယခုႏွစ္မွာလည္း ဆုိးလ္ရွားက ၉၉ခုႏွစ္က စိတ္ဓာတ္ေတြအတိုင္း ဆက္လက္ အသံုးခ်ကာ ယုံၾကည္မႈ တည္ေဆာက္လုိေနတာ ျဖစ္ပါတယ္။

မနက္ျဖန္ည အုိးထရက္ဖို႔ဒ္မွာ ကစားမယ့္ ပြဲမွာလည္း လီဗာပူးကို အႏိုင္ယူကာ ေနာက္ထပ္ ပြဲေကာင္းေတြကို ဆက္လက္ အႏိုင္ယူႏိုင္မယ္လို႔ ဆုိးလ္ရွားက ယံုၾကည္ေနပါတယ္။ “ဒါေပါ့ဗ်ာ။ ကြ်န္ေတာ္တုိ႔ အဲ့ဒီရာသီတုန္းက အေျခအေနအနည္းငယ္အတိုင္း ေျပာင္းလဲပစ္လို႔ ရပါတယ္။ ကြ်န္ေတ္ာတို႔မွာ ကပ္ျပီးႏုိင္တဲ့ ပြဲေတြ ရွိခဲ့တယ္ဆုိတာ သိပါတယ္။ အဲ့ဒီႏွစ္တုန္းက လီဗာပူးနဲ႔ ယွဥ္ႏိုင္ႏိုင္ဖို႔ နိးစပ္ခဲ့တယ္ဆုိတာလည္း သိပါတယ္။ ပီတာ ရွမိုက္ကယ္က ဆီမီးဖိုင္နယ္မွာ ဘားကမ့္ရဲ႕ ပင္နယ္တီကို အခ်ိန္အတြင္း ကာကြယ္ခဲ့ပါတယ္”

“အဲ့ဒီအခိုက္အတန္႔ေတြက ကြ်န္ေတာ္တုိ႔ကို စိတ္ဓာတ္ပုိင္းဆိုင္ရာ အသာရသြားေစျပီး အထူးသျဖင့္ ဆီမီးဖိုင္နယ္မွာဆုိတာ ပုိေကာင္းပါတယ္။ ဒါေပမဲ့ လီဗာပူးနဲ႔ စတုတၳအဆင့္ ပဲြမွာ ၁-၀နဲ႔ ရႈံးေနရာကေန ၂-၁ျဖစ္ သြားတာက တကယ္ကို ၾကီးမားတဲ့ ႏိုင္ပြဲပါပဲ”လို႔ ေျပာခဲ့ပါတယ္။ အဆုိပါ အခ်ိန္က ယူႏိုက္တက္ဟာ လီဗာပူး၊ အာဆင္နယ္တို႔အျပင္ ခ်ဲလ္ဆီးန႔ဲ မစ္ဒယ္ဘေရာ့တုိ႔ကိုပါ အႏုိင္ယူခဲ့သလို ယခုႏွစ္မွာလည္း ဆုိးလ္ရွားက ခက္ခဲတဲ့ လမ္းကေန ဆုဖလားယူဖို႔ အသင့္ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။