
နိုင်ငံတကာဘောလုံးမှာ သူပြန်ကစားတဲ့ပထမဆုံးပွဲမှာပဲ
အဲရစ်ဆင် ပထမဆုံးထိချက်ကနေ ဂိုးသွင်းယူနိုင်ခဲ့လို့
အဲဒါဟာ ဒီရာသီရဲ့အကောင်းဆုံးအခိုက်အတန့်တွေထဲက တစ်ခုဖြစ်လာမှာပါ။
လွန်ခဲ့တဲ့ ၉ လက အဲရစ်ဆင်ဟာ ယူရိုပြိုင်ပွဲမှာ နှလုံးရောဂါနဲ့
ကွင်းထဲ သတိလစ်လဲကျခဲ့တာဖြစ်ပြီး ဒိန်းမတ်အတွက်
ပြန်ကစားပေးနိုင်တဲ့ပထမဆုံးပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါတောင် သူဟာ ပထမပိုင်းပြီးချိန်ရောက်မှ
လူစားဝင်လာတာဖြစ်ပြီး ၂ မိနစ်တည်းနဲ့ ဂိုးသွင်းနိုင်ခဲ့တာပါ။
သူလူစားဝင်လာတဲ့အချိန်မှာ နယ်သာလန်က ဂျိုဟန်ခရိုက်ဖ်ကွင်းတစ်ခုလုံး
လက်ခုပ်သြဘာညံခဲ့ပြီး ပြိုင်ဘက်နည်းပြဗန်ဂေါလ်တောင်
အဲရစ်ဆင်အတွက် လက်ခုပ်တီးပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကို ပြန်ရောက်လာပြီးနောက် ပြီးခဲ့တဲ့လကလည်း
အဲရစ်ဆင်ဟာ နှလုံးရောဂါခံစားခဲ့ရတဲ့ ယူရိုပြိုင်ပွဲနောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် ပြန်ကစားခဲ့တာပါ။
အဲဒီတုန်းက ၅၂ မိနစ်မှာ ဘရန့်ဖို့ဒ်အတွက် သူလူစားဝင်လာချိန်
နှစ်ဖက်ပရိသတ်တွေဟာ သောင်းသောင်ဖျဖျကြိုဆိုခဲ့ကြပါတယ်။
ပြိုင်ဘက်ဖြစ်တဲ့ နယူးကာဆယ်ကစားသမားတွေကတောင်
ကွင်းထဲဝင်လာတဲ့ အဲရစ်ဆင်ကို လေးစားသမှုနဲ့ လက်ခုပ်တီးပေးခဲ့ကြတာပါ။
အသက် ၃၀ အရွယ် အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်နဲ့
၆ လစာချုပ်သာ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
တကယ်လို့ အားလုံးအဆင်ပြေမယ်ဆိုရင် အဲရစ်ဆင်ဟာ
ဒီနှစ်ကမ္ဘာ့ဖလားမှာ ဒိန်းမတ်အတွက် ကစားပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
zawgyi
၉ လအၾကာ ပထမဆုံးထိခ်က္နဲ႔ ဂိုးသြင္းၿပီး အေကာင္းဆုံးျပန္လာႏိုင္ခဲ့တဲ့ အဲရစ္ဆင္
ႏိုင္ငံတကာေဘာလုံးမွာ သူျပန္ကစားတဲ့ပထမဆုံးပြဲမွာပဲ
အဲရစ္ဆင္ ပထမဆုံးထိခ်က္ကေန ဂိုးသြင္းယူႏိုင္ခဲ့လို႔
အဲဒါဟာ ဒီရာသီရဲ႕အေကာင္းဆုံးအခိုက္အတန႔္ေတြထဲက တစ္ခုျဖစ္လာမွာပါ။
လြန္ခဲ့တဲ့ ၉ လက အဲရစ္ဆင္ဟာ ယူ႐ိုၿပိဳင္ပြဲမွာ ႏွလုံးေရာဂါနဲ႔
ကြင္းထဲ သတိလစ္လဲက်ခဲ့တာျဖစ္ၿပီး ဒိန္းမတ္အတြက္
ျပန္ကစားေပးႏိုင္တဲ့ပထမဆုံးပြဲမွာပဲ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒါေတာင္ သူဟာ ပထမပိုင္းၿပီးခ်ိန္ေရာက္မွ
လူစားဝင္လာတာျဖစ္ၿပီး ၂ မိနစ္တည္းနဲ႔ ဂိုးသြင္းႏိုင္ခဲ့တာပါ။
သူလူစားဝင္လာတဲ့အခ်ိန္မွာ နယ္သာလန္က ဂ်ိဳဟန္ခ႐ိုက္ဖ္ကြင္းတစ္ခုလုံး
လက္ခုပ္ၾသဘာညံခဲ့ၿပီး ၿပိဳင္ဘက္နည္းျပဗန္ေဂါလ္ေတာင္
အဲရစ္ဆင္အတြက္ လက္ခုပ္တီးေပးခဲ့ပါတယ္။
ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာၿပီးေနာက္ ၿပီးခဲ့တဲ့လကလည္း
အဲရစ္ဆင္ဟာ ႏွလုံးေရာဂါခံစားခဲ့ရတဲ့ ယူ႐ိုၿပိဳင္ပြဲေနာက္ပိုင္း
ပထမဆုံးအႀကိမ္အျဖစ္ ျပန္ကစားခဲ့တာပါ။
အဲဒီတုန္းက ၅၂ မိနစ္မွာ ဘရန႔္ဖို႔ဒ္အတြက္ သူလူစားဝင္လာခ်ိန္
ႏွစ္ဖက္ပရိသတ္ေတြဟာ ေသာင္းေသာင္ဖ်ဖ်ႀကိဳဆိုခဲ့ၾကပါတယ္။
ၿပိဳင္ဘက္ျဖစ္တဲ့ နယူးကာဆယ္ကစားသမားေတြကေတာင္
ကြင္းထဲဝင္လာတဲ့ အဲရစ္ဆင္ကို ေလးစားသမႈနဲ႔ လက္ခုပ္တီးေပးခဲ့ၾကတာပါ။
အသက္ ၃၀ အ႐ြယ္ အဲရစ္ဆင္ဟာ ဘရန႔္ဖို႔ဒ္နဲ႔
၆ လစာခ်ဳပ္သာ ခ်ဳပ္ဆိုထားတာ ျဖစ္ပါတယ္။
တကယ္လို႔ အားလုံးအဆင္ေျပမယ္ဆိုရင္ အဲရစ္ဆင္ဟာ
ဒီႏွစ္ကမာၻ႔ဖလားမွာ ဒိန္းမတ္အတြက္ ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာပါ။