
ရော်နယ်ဒိုဟာ၂.၄စက္ကန့်တွင် 0-100km/h အထိစွမ်းဆောင်နှုန်းမြင့်မားတဲ့
Bugatti Centodieci စူပါကားကိုယူရို၉.၅သန်းဖြင့်ဝယ်ယူလိုက်ကြောင်း
သိရပါတယ်။အသက် ၃၆နှစ်အရွယ်၊ ပေါ်တူဂီမက်ဂါစတားဟာ ဇိမ်ခံကား
များရဲ့ဖန်အကြီးစားဖြစ်ပြီး အလွန်ကောင်းတဲ့ကားစုဆောင်းမှုတစ်ခုကို
ပိုင်ဆိုင်ထားပါတယ်။
ရော်နယ်ဒိုဟာ Bugatti ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး Chiron ၊
Veyron ၊ La Voiture Noire တို့ကိုဝယ်ယူထားပါတယ်။ La Voiture Noire
ကတန်ဖိုးဒေါ်လာ၁၈သန်းဖြစ်ပြီးရော်နယ်ဒိုဝယ်ယူခဲ့ဖူးသမျှကားတွေထဲမှာ
တန်ဖိုးအကြီးဆုံးကားဖြစ်ပါတယ်။ဒါ့အပြင်သူဟာ Ferrari F430 ၊
Phanton Rolls-Royce၊Lamborghini Aventador နှင့်Maserati
GranCabrio တို့ကိုလည်းဝယ်ယူထားပါတယ်။Bentley Continental
GTC ကလည်းရော်နယ်ဒိုပိုင်ဆိုင်ထားတဲ့ကားတွေထဲမှာလှပတဲ့ကားတစ်စီး
ဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်တုန်းကလည်း MaLaren Senna ကို
ပေါင်ရ၅၀၀၀ဖြင့်ဝယ်ယူခဲ့ပါသေးတယ်။
အခုရော်နယ်ဒိုဝယ်ယူလိုက်တဲ့ Bugatti Centodieci ကလက်ရှိအချိန်မှာ
၁၀စီးပဲထုတ်လုပ်ရသေးတဲ့ကားဖြစ်ပါတယ်။ ယူနစ်တစ်ခုစီတိုင်းကို
ဘူဂတ်တီရဲ့ ပြင်သစ်ကမိုးလ်ဆိုင်မ်စက်ရုံမှာ လူသားလက်နဲ့ဖန်တီး
ထားတာဖြစ်တယ်လို့သိရပါတယ်။ ဘူဂတ်တီမှာ ရှစ်လီတာ W16
အင်ဂျင်ပါဝင်ပြီး အံ့မခန်းတဲ့ မြင်းကောင်ရေ ၁၆၀၀ မော်ဒယ်ဖြစ်ပါတယ်။
ရော်နယ်ဒိုက သူ့မှာ ကားဘယ်နှစီးရှိလို့ရှိမှန်း သူတကယ်ပဲမသိဘူးလို့
ယော်နသန်ရို့စ်ရှိုးမှာ ၂၀၁၉တုန်းက ဒိုလေးကိုယ်တိုင်ဝန်ခံထားခဲ့ဖူးပါတယ်။
အခုလောလောဆယ် မန်ချက်စတာယူနိုက်တက်ရဲ့ ကာရင်းတန်လေ့ကျင့်
ရေးကွင်းကိုစီးလာတာကတော့ ပေါင်တစ်သိန်းခုနစ်သောင်းတန်
လမ်ဘိုဂီနီယူးရပ်စ်နဲ့ဖြစ်ပါတယ်။
Zawgyi
၉.၅သန္းတန္ ရွားပါးဇိမ္ခံကားကို ဝယ္လိုက္တဲ့ စီေရာ္နယ္ဒို
ေရာ္နယ္ဒိုဟာ၂.၄စကၠန႔္တြင္ 0-100km/h အထိစြမ္းေဆာင္ႏႈန္းျမင့္မားတဲ့
Bugatti Centodieci စူပါကားကိုယူ႐ို၉.၅သန္းျဖင့္ဝယ္ယူလိုက္ေၾကာင္း
သိရပါတယ္။အသက္ ၃၆ႏွစ္အ႐ြယ္၊ ေပၚတူဂီမက္ဂါစတားဟာ ဇိမ္ခံကား
မ်ားရဲ႕ဖန္အႀကီးစားျဖစ္ၿပီး အလြန္ေကာင္းတဲ့ကားစုေဆာင္းမႈတစ္ခုကို
ပိုင္ဆိုင္ထားပါတယ္။
ေရာ္နယ္ဒိုဟာ Bugatti ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီး Chiron ၊
Veyron ၊ La Voiture Noire တို႔ကိုဝယ္ယူထားပါတယ္။ La Voiture Noire
ကတန္ဖိုးေဒၚလာ၁၈သန္းျဖစ္ၿပီးေရာ္နယ္ဒိုဝယ္ယူခဲ့ဖူးသမွ်ကားေတြထဲမွာ
တန္ဖိုးအႀကီးဆုံးကားျဖစ္ပါတယ္။ဒါ့အျပင္သူဟာ Ferrari F430 ၊
Phanton Rolls-Royce၊Lamborghini Aventador ႏွင့္Maserati
GranCabrio တို႔ကိုလည္းဝယ္ယူထားပါတယ္။Bentley Continental
GTC ကလည္းေရာ္နယ္ဒိုပိုင္ဆိုင္ထားတဲ့ကားေတြထဲမွာလွပတဲ့ကားတစ္စီ
းျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း MaLaren Senna ကို
ေပါင္ရ၅၀၀၀ျဖင့္ဝယ္ယူခဲ့ပါေသးတယ္။
အခုေရာ္နယ္ဒိုဝယ္ယူလိုက္တဲ့ Bugatti Centodieci ကလက္ရွိအခ်ိန္မွာ
၁၀စီးပဲထုတ္လုပ္ရေသးတဲ့ကားျဖစ္ပါတယ္။ ယူနစ္တစ္ခုစီတိုင္းကို
ဘူဂတ္တီရဲ႕ ျပင္သစ္ကမိုးလ္ဆိုင္မ္စက္႐ုံမွာ လူသားလက္နဲ႔ဖန္တီး
ထားတာျဖစ္တယ္လို႔သိရပါတယ္။ ဘူဂတ္တီမွာ ရွစ္လီတာ W16
အင္ဂ်င္ပါဝင္ၿပီး အံ့မခန္းတဲ့ ျမင္းေကာင္ေရ ၁၆၀၀ ေမာ္ဒယ္ျဖစ္ပါတယ္။
ေရာ္နယ္ဒိုက သူ႔မွာ ကားဘယ္ႏွစီးရွိလို႔ရွိမွန္း သူတကယ္ပဲမသိဘူးလို႔
ေယာ္နသန္႐ို႕စ္ရႈိးမွာ ၂၀၁၉တုန္းက ဒိုေလးကိုယ္တိုင္ဝန္ခံထားခဲ့ဖူးပါတယ္။
အခုေလာေလာဆယ္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကာရင္းတန္ေလ့က်င့္
ေရးကြင္းကိုစီးလာတာကေတာ့ ေပါင္တစ္သိန္းခုနစ္ေသာင္းတန္
လမ္ဘိုဂီနီယူးရပ္စ္နဲ႔ျဖစ္ပါတယ္။