အမျိုးသမီးစည်းကြပ်ဒိုင်ဖြစ်နေလို့ မခန့်တာလား အဂူရို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အမျိုးသမီးစည်းကြပ်ဒိုင်လူကြီး ဆီယန် မာဆီအဲလစ်ရဲ့ပခုံးကိုဖက်ပြီး စောဒကတက်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရိုရဲ့လုပ် ရပ်ကို ဘယ်လိုအရေးယူမှုမျိုးမှမရှိတဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရုပ် သံအစီအစဉ်တင်ဆက်သူ ပီရက်စ်မော်ဂန်က သူ့ရဲ့တွစ်တာအကောင့်မှာ “အမ်…အဂူ ရို ဘာလုပ်လိုက်တာလဲ။ သူ အထုတ်မခံရဘူးလား” လို့ ဝေဖန်ခဲ့သလို ဗြိတိန်နိုင်ငံရေး သမားတစ်ဦးဖြစ်သလို ဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ ရိုဆီနာအလီခန်းကလည်း “မင်းကိုယ်မင်း ဘာထင်နေလဲ အဂူရို။ ဒါက လုံးဝလက်မခံနိုင်စရာပါပဲ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဘောလုံးအယ်ဒီတာတစ်ဦးဖြစ်တဲ့ လာနီပရီစကော့ကလည်း “မာဆီ ရဲ့ ဂုတ်ပိုးကို ထိကိုင်လိုက်တဲ့ အဂူရိုရဲ့ကိစ္စက အရမ်းကိုဆိုးပါတယ်။ ဒါဟာ သူက ယောက်ျားတစ်ယောက်ဖြစ်နေလို့မဟုတ်ဘဲ ဘောလုံးသမားတစ်ယောက်အနေနဲ့ ပြောတာပါ။ ဒီကိစ္စအတွက် ပွဲပယ်ခံရသင့်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အဖွဲ့အစည်းတာဝန်ရှိသူတွေဟာ စည်းမျဉ်းသစ်တွေကို ၂၀၁၆ ခုနှစ်ကတည်းက ပြောင်းလဲခဲ့တယ်ဆိုတာ ကြေညာထားခဲ့ပြီးသားပါ။ သူတို့ရဲ့ကြေညာချက်ထဲမှာ ကစား သမားတွေရဲ့အမူအကျင့်တွေနဲ့ မန်နေဂျာတွေရဲ့အမူအကျင့်တွေကို ပြိုင်ဆိုင်မှုပြင်းထန် တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ဖို့ ခက်ခဲသွားတတ်ပါတယ်။

ဒိုင်လူကြီးတွေနဲ့ ပွဲ တာဝန်ရှိတဲ့သူတွေအပေါ် ရိုးသားမှုမရှိတဲ့ပြုမူဆက်ဆံပုံမျိုးတွေရှိလာခဲ့ရင် အရေးယူရမယ့်အကြောင်းလည်း ပါပြီးသားပါ။

ဒါကြောင့် အဂူရိုရဲ့ကိစ္စဟာ အခုချိန်မှာ အများဝေဖန်စရာကိစ္စတစ်ခုဖြစ်နေပြီး အမျိုးသားမဟုတ်တဲ့ အမျိုးသမီးစည်းကြပ်ဒိုင်ဖြစ်နေတာကြောင့် လုံလောက်တဲ့လေးစားမှုမပြသနိုင်ခဲ့တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါ တယ်။

ဒါပေမဲ့လည်း မန်စီးတီးမန်နေဂျာ ဂွါဒီယိုလာကတော့ “ဒီကိစ္စအပေါ် အကျယ် ထပ်ပြီးမပြောဘဲနေကြရအောင်။ အဂူရိုဟာ ကျွန်တော်ဆက်ဆံဖူးတဲ့သူတွေထဲမှာ လူ ကောင်းတစ်ယောက်ပါပဲ။ အခုလိုမျိုး ဒဏ်ရာပြဿနာကြောင့် အကြာကြီးနားနေရပြီး ပွဲ ပြန်ကစားနိုင်တဲ့အပေါ် ကျွန်တော်ကတော့ ဝမ်းသာပါတယ်။ သူ့ရဲ့သွင်းဂိုးတွေနဲ့ ကွင်း အတွင်းစွမ်းဆောင်ရည်တွေကိုလည်း လိုအပ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ပရိသတ် တွေကတော့ အွန်လိုင်းမှာ အဂူရိုကို အတော်လေးဝေဖန်နေကြပြီး မနှစ်မြို့စရာကိစ္စအ ဖြစ် မှတ်ချက်ပေးနေကြပါတယ်။ အမျိုးသမီးဒိုင်လူကြီး မာဆီအဲလက်စ်ဟာ ၃၅ နှစ်အ ရွယ်ရှိပြီဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ၂၀၁၀ ကစပြီး တာဝန်ပေးခြင်းခံခဲ့ရသလို ၂၀၁၇ တုန်းက ဘောလုံးနဲ့ပတ်သက်တဲ့ MPE ဆုတံဆိပ်ရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အမ်ဳိးသမီးစည္းၾကပ္ဒိုင္ျဖစ္ေနလို႔ မခန္႔တာလား အဂူရို

အာဆင္နယ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ အမ်ဳိးသမီးစည္းၾကပ္ဒိုင္လူႀကီး ဆီယန္ မာဆီအဲလစ္ရဲ႕ပခံုးကိုဖက္ၿပီး ေစာဒကတက္ခဲ့တဲ့ မန္စီးတီးတိုက္စစ္မွဴး အဂူရုိရဲ႕လုပ္ ရပ္ကို ဘယ္လုိအေရးယူမႈမ်ဳိးမွမရွိတဲ့အေပၚ ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ရုပ္ သံအစီအစဥ္တင္ဆက္သူ ပီရက္စ္ေမာ္ဂန္က သူ႕ရဲ႕တြစ္တာအေကာင့္မွာ “အမ္…အဂူ ရို ဘာလုပ္လိုက္တာလဲ။ သူ အထုတ္မခံရဘူးလား” လို႔ ေ၀ဖန္ခဲ့သလို ၿဗိတိန္ႏိုင္ငံေရး သမားတစ္ဦးျဖစ္သလို ဆရာ၀န္တစ္ဦးလည္းျဖစ္တဲ့ ရိုဆီနာအလီခန္းကလည္း “မင္းကိုယ္မင္း ဘာထင္ေနလဲ အဂူရို။ ဒါက လံုး၀လက္မခံႏိုင္စရာပါပဲ” လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ေဘာလံုးအယ္ဒီတာတစ္ဦးျဖစ္တဲ့ လာနီပရီစေကာ့ကလည္း “မာဆီ ရဲ႕ ဂုတ္ပိုးကို ထိကိုင္လိုက္တဲ့ အဂူရိုရဲ႕ကိစၥက အရမ္းကိုဆိုးပါတယ္။ ဒါဟာ သူက ေယာက္်ားတစ္ေယာက္ျဖစ္ေနလို႔မဟုတ္ဘဲ ေဘာလံုးသမားတစ္ေယာက္အေနနဲ႔ ေျပာတာပါ။ ဒီကိစၥအတြက္ ပြဲပယ္ခံရသင့္ပါတယ္” လို႔ ေရးသားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ အဖြဲ႕အစည္းတာ၀န္ရွိသူေတြဟာ စည္းမ်ဥ္းသစ္ေတြကို ၂၀၁၆ ခုႏွစ္ကတည္းက ေျပာင္းလဲခဲ့တယ္ဆုိတာ ေၾကညာထားခဲ့ၿပီးသားပါ။ သူတို႔ရဲ႕ေၾကညာခ်က္ထဲမွာ ကစား သမားေတြရဲ႕အမူအက်င့္ေတြနဲ႔ မန္ေနဂ်ာေတြရဲ႕အမူအက်င့္ေတြကို ၿပိဳင္ဆိုင္မႈျပင္းထန္ တဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ဖို႔ ခက္ခဲသြားတတ္ပါတယ္။ ဒိုင္လူႀကီးေတြနဲ႔ ပြဲ တာ၀န္ရွိတဲ့သူေတြအေပၚ ရိုးသားမႈမရွိတဲ့ျပဳမူဆက္ဆံပံုမ်ဳိးေတြရွိလာခဲ့ရင္ အေရးယူရမယ့္အေၾကာင္းလည္း ပါၿပီးသားပါ။

ဒါေၾကာင့္ အဂူရိုရဲ႕ကိစၥဟာ အခုခ်ိန္မွာ အမ်ားေ၀ဖန္စရာကိစၥတစ္ခုျဖစ္ေနၿပီး အမ်ဳိးသားမဟုတ္တဲ့ အမ်ဳိးသမီးစည္းၾကပ္ဒိုင္ျဖစ္ေနတာေၾကာင့္ လံုေလာက္တဲ့ေလးစားမႈမျပသႏိုင္ခဲ့တာလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနပါ တယ္။

ဒါေပမဲ့လည္း မန္စီးတီးမန္ေနဂ်ာ ဂြါဒီယိုလာကေတာ့ “ဒီကိစၥအေပၚ အက်ယ္ ထပ္ၿပီးမေျပာဘဲေနၾကရေအာင္။ အဂူရိုဟာ ကၽြန္ေတာ္ဆက္ဆံဖူးတဲ့သူေတြထဲမွာ လူ ေကာင္းတစ္ေယာက္ပါပဲ။ အခုလိုမ်ဳိး ဒဏ္ရာျပႆနာေၾကာင့္ အၾကာႀကီးနားေနရၿပီး ပြဲ ျပန္ကစားႏိုင္တဲ့အေပၚ ကၽြန္ေတာ္ကေတာ့ ၀မ္းသာပါတယ္။ သူ႕ရဲ႕သြင္းဂိုးေတြနဲ႔ ကြင္း အတြင္းစြမ္းေဆာင္ရည္ေတြကိုလည္း လိုအပ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။

ပရိသတ္ ေတြကေတာ့ အြန္လိုင္းမွာ အဂူရိုကို အေတာ္ေလးေ၀ဖန္ေနၾကၿပီး မႏွစ္ၿမိဳ႕စရာကိစၥအ ျဖစ္ မွတ္ခ်က္ေပးေနၾကပါတယ္။ အမ်ဳိးသမီးဒိုင္လူႀကီး မာဆီအဲလက္စ္ဟာ ၃၅ ႏွစ္အ ရြယ္ရွိၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ၂၀၁၀ ကစၿပီး တာ၀န္ေပးျခင္းခံခဲ့ရသလို ၂၀၁၇ တုန္းက ေဘာလံုးနဲ႔ပတ္သက္တဲ့ MPE ဆုတံဆိပ္ရရွိခဲ့တဲ့သူလည္း ျဖစ္ပါတယ္။