ဖာနန်ဒက်စ်လည်း ပင်နယ်တီလွဲနိုင်ပါသေးတယ်လို့ လူတွေ ပြောနိုင်ပါပြီ

မန်ယူအသင်းကို စရောက်လာတဲ့အချိန်ကစပြီး ခြေစွမ်းပြနိုင်ခဲ့သလို အသင်းအတွက် ပင်နယ်တီကန်သွင်းခွင့်တာဝန်ကိုယူထားတဲ့ ဖာနန်ဒက်စ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ ပင်နယ်တီမဝင်ခဲ့ပါဘူး။

မန်ယူကိုမရောက်ခင်ကတည်းက သူ့ရဲ့ပင်နယ်တီကန်သွင်းတဲ့ စတိုင်ကြောင့် လူပြောများနေခဲ့ပြီး အသင်းကိုရောက်ရှိလာတဲ့အချိန်မှာလည်း ပင်နယ်တီ ကနေ တစ်လုံးမှမလွဲဘဲ ၁၀ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့သူပါ။

ဒါပေမဲ့ နယူးကာဆယ်နဲ့ ပွဲမှာတော့ သူဟာ ကန်နေကျ သူ့ရဲ့ဟန်ဖြစ်တဲ့ ဘောလုံးကိုနောက်ဆုံးထိချက်မတိုင်ခင် တစ်ချက်ခုန်လိုက်တဲ့ပုံစံအစား တိုက်ရိုက်ပြေးကန်ခဲ့ပါတယ်။ သူ့ရဲ့ကန်ချက်ကို နယူးကာဆယ်ဂိုးသမားက ပုတ်ထုတ်ကာကွယ်သွားခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “တစ်ခါတလေကျရင် ကျွန်တော် ကန်တဲ့ပုံစံကိုပြောင်းလေ့ရှိပါတယ်။ ပြောင်းလိုက်ပေမယ့်လည်း ဝင်ခဲ့တာချည်းပါပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ ထင်သလိုမဖြစ်ခဲ့ ပါဘူး။ ဘောလုံးကို ထောင့်ဘက်ပိုရောက်ဖို့ကန်လိုက်ပေမယ့် ဂိုးသမားကာကွယ်သွား နိုင်ခဲ့ပါတယ်။ အခုတော့ လူတွေပြောနိုင်ပါပြီ။ ဖာနန်ဒက်စ်လည်း ပင်နယ်တီလွဲနိုင်တဲ့သူ ပဲဆိုတာကို နောက်ပွဲတွေမှာ ကျွန်တော် ဒီထက်ပိုပြီးကြိုးစားသွားမှာပါ” လို့ ပြောကြား သွားခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ပင်နယ်တီမဝင်ခဲ့ပေမယ့်လည်း မန်ယူအတွက် အနိုင် တစ်ဂိုးကိုသွင်းပေးနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့သူပါ။

အဲဒီပွဲမှာ နောက်ခံလူ ဘစ်ဆာခါရဲ့ သွင်းဂိုးကိုလည်း မထင်ထားခဲ့ဘူးလို့ ဟာသနှောပြောကြားသွားခဲ့ပြီး ဘစ်ဆာခါဟာ ပွဲ ချိန်တစ်လျှောက် ထိရောက်တဲ့ပေးပို့မှုတွေမလုပ်နိုင်ခဲ့ပေမယ့် တစ်လုံးကန် တစ်လုံးဝင် အနေအထားဖြစ်ခဲ့တာပါ။

မန်ယူပရိသတ်တွေကတော့ နယူးကာဆယ်နဲ့ပွဲမှာ ဖာနန် ဒက်စ် ပင်နယ်တီမဝင်တဲ့ကိစ္စအပြင် ပွဲချိန်အတွင်း နည်းပြထိုင်ခုံနေရာမှာပဲ သွေးအေး အေးနဲ့ ထိုင်နေတတ်တဲ့ ဆိုးလ်ရှားတစ်ယောက် မန်ယူ အနိုင်ဂိုးရပြီးချိန်ကစပြီး မထိုင် တော့ဘဲ ကွင်းဘေးစည်းကနေ တောက်လျှောက်ညွှန်ကြားမှုတွေ ပြုလုပ်နေခဲ့တာကို သဘောကျနေခဲ့ကြပါတယ်။

နယူးကာဆယ်နဲ့ပွဲမှာ မန်ယူကစားသမား တစ်ဦးချင်းစီအ လိုက် လုပ်အားနှုန်း Rating အများဆုံးရတဲ့သူက တစ်ဂိုးသွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဖြစ်ခဲ့ပြီး ၈.၅ ရခဲ့ပါတယ်။ သူ့ရဲ့နောက်မှာ အစဉ်လိုက်အနေနဲ့ ဖာနန်ဒက်စ်(၇.၅)၊ မက်ဂွီရီ (၇.၅)၊ ဒီဂီယာ(၇)၊ မာတာ(၇)၊ ဘစ်ဆာခါ(၇)၊ ဖရက်ဒ်(၆.၅)၊ တွန်မီနေး(၆.၅)၊ လင်ဒီ လော့ဖ်(၆.၅)၊ ဒန်နီရယ်ဂျိမ်းစ်(၆)၊ လုခ်ရှော(၆) တို့ ဖြစ်ခဲ့ပါတယ်။ လူစားဝင်လာတဲ့ ပေါ့ဂ်ဘာနဲ့ ဗန်ဒီဘိခ်တို့ ၂ ဦးစလုံးရဲ့ Rating ကလည်း ၆ ပါပဲ။

zawgyi

ဖာနန္ဒက္စ္လည္း ပင္နယ္တီလြဲႏိုင္ပါေသးတယ္လို႔ လူေတြ ေျပာႏိုင္ပါၿပီ

မန္ယူအသင္းကို စေရာက္လာတဲ့အခ်ိန္ကစၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို အသင္းအတြက္ ပင္နယ္တီကန္သြင္းခြင့္တာ၀န္ကိုယူထားတဲ့ ဖာနန္ဒက္စ္ဟာ နယူးကာဆယ္နဲ႔ပြဲမွာ ပင္နယ္တီမ၀င္ခဲ့ပါဘူး။ မန္ယူကိုမေရာက္ခင္ကတည္းက သူ႕ရဲ႕ပင္နယ္တီကန္သြင္းတဲ့ စတိုင္ေၾကာင့္ လူေျပာမ်ားေနခဲ့ၿပီး အသင္းကိုေရာက္ရွိလာတဲ့အခ်ိန္မွာလည္း ပင္နယ္တီ ကေန တစ္လံုးမွမလြဲဘဲ ၁၀ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့သူပါ။

ဒါေပမဲ့ နယူးကာဆယ္နဲ႔ ပြဲမွာေတာ့ သူဟာ ကန္ေနက် သူ႕ရဲ႕ဟန္ျဖစ္တဲ့ ေဘာလံုးကိုေနာက္ဆံုးထိခ်က္မတုိင္ခင္ တစ္ခ်က္ခုန္လိုက္တဲ့ပုံစံအစား တုိက္ရိုက္ေျပးကန္ခဲ့ပါတယ္။ သူ႕ရဲ႕ကန္ခ်က္ကို နယူးကာဆယ္ဂိုးသမားက ပုတ္ထုတ္ကာကြယ္သြားခဲ့တာပါ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဖာနန္ဒက္စ္က “တစ္ခါတေလက်ရင္ ကၽြန္ေတာ္ ကန္တဲ့ပံုစံကိုေျပာင္းေလ့ရွိပါတယ္။ ေျပာင္းလိုက္ေပမယ့္လည္း ၀င္ခဲ့တာခ်ည္းပါပဲ။ ဒါေပမဲ့ ဒီေန႔မွာေတာ့ ထင္သလိုမျဖစ္ခဲ့ ပါဘူး။ ေဘာလံုးကို ေထာင့္ဘက္ပိုေရာက္ဖို႔ကန္လိုက္ေပမယ့္ ဂိုးသမားကာကြယ္သြား ႏိုင္ခဲ့ပါတယ္။ အခုေတာ့ လူေတြေျပာႏိုင္ပါၿပီ။ ဖာနန္ဒက္စ္လည္း ပင္နယ္တီလြဲႏိုင္တဲ့သူ ပဲဆိုတာကို ေနာက္ပြဲေတြမွာ ကၽြန္ေတာ္ ဒီထက္ပိုၿပီးႀကိဳးစားသြားမွာပါ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ ပင္နယ္တီမ၀င္ခဲ့ေပမယ့္လည္း မန္ယူအတြက္ အႏိုင္ တစ္ဂိုးကိုသြင္းေပးႏိုင္ခဲ့ၿပီး ေျခစြမ္းျပခဲ့တဲ့သူပါ။ အဲဒီပြဲမွာ ေနာက္ခံလူ ဘစ္ဆာခါရဲ႕ သြင္းဂိုးကိုလည္း မထင္ထားခဲ့ဘူးလို႔ ဟာသေႏွာေျပာၾကားသြားခဲ့ၿပီး ဘစ္ဆာခါဟာ ပြဲ ခ်ိန္တစ္ေလွ်ာက္ ထိေရာက္တဲ့ေပးပို႔မႈေတြမလုပ္ႏိုင္ခဲ့ေပမယ့္ တစ္လံုးကန္ တစ္လံုး၀င္ အေနအထားျဖစ္ခဲ့တာပါ။

မန္ယူပရိသတ္ေတြကေတာ့ နယူးကာဆယ္နဲ႔ပြဲမွာ ဖာနန္ ဒက္စ္ ပင္နယ္တီမ၀င္တဲ့ကိစၥအျပင္ ပြဲခ်ိန္အတြင္း နည္းျပထိုင္ခံုေနရာမွာပဲ ေသြးေအး ေအးနဲ႔ ထိုင္ေနတတ္တဲ့ ဆိုးလ္ရွားတစ္ေယာက္ မန္ယူ အႏိုင္ဂိုးရၿပီးခ်ိန္ကစၿပီး မထိုင္ ေတာ့ဘဲ ကြင္းေဘးစည္းကေန ေတာက္ေလွ်ာက္ညႊန္ၾကားမႈေတြ ျပဳလုပ္ေနခဲ့တာကို သေဘာက်ေနခဲ့ၾကပါတယ္။

နယူးကာဆယ္နဲ႔ပြဲမွာ မန္ယူကစားသမား တစ္ဦးခ်င္းစီအ လိုက္ လုပ္အားႏႈန္း Rating အမ်ားဆံုးရတဲ့သူက တစ္ဂိုးသြင္းခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ျဖစ္ခဲ့ၿပီး ၈.၅ ရခဲ့ပါတယ္။ သူ႕ရဲ႕ေနာက္မွာ အစဥ္လိုက္အေနနဲ႔ ဖာနန္ဒက္စ္(၇.၅)၊ မက္ဂြီရီ (၇.၅)၊ ဒီဂီယာ(၇)၊ မာတာ(၇)၊ ဘစ္ဆာခါ(၇)၊ ဖရက္ဒ္(၆.၅)၊ တြန္မီေနး(၆.၅)၊ လင္ဒီ ေလာ့ဖ္(၆.၅)၊ ဒန္နီရယ္ဂ်ိမ္းစ္(၆)၊ လုခ္ေရွာ(၆) တုိ႔ ျဖစ္ခဲ့ပါတယ္။ လူစား၀င္လာတဲ့ ေပါ့ဂ္ဘာနဲ႔ ဗန္ဒီဘိခ္တို႔ ၂ ဦးစလံုးရဲ႕ Rating ကလည္း ၆ ပါပဲ။