ပီအက်စ်ဂျီနဲ့ရင်ဆိုင်မယ့် မန်ယူလူစာရင်းတွင် ကာဗာနီနဲ့ မက်ဂွိုင်းယားတို့ ချန်လှပ်ခံခဲ့ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်မှာ အုပ်စုကျပ်ထဲကျရောက်နေတဲ့ မန်ယူအသင်းဟာ ပွဲဦးထွက်ပွဲစဉ်အဖြစ် မနှစ်က ဗိုလ်လုပွဲတက်ခဲ့တဲ့ ပီအက်စ်ဂျီနဲ့ကစားရမှာပါ။ ဒီပွဲကို ကမ္ဘာတစ်ဝန်းက ပရိ သတ်တွေ စိတ်ဝင်စားနေတဲ့အကြောင်းအရာတွေထဲမှာ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီလည်း မန်ယူက ခေါ်ယူထားတဲ့အတွက် အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲ မှာ ဘယ်လိုကစားမလဲဆိုတာ စောင့်ကြည့်ချင်တာလည်း ပါပါတယ်။

ဒါပေမဲ့ ဒီကိစ္စဟာ အခုပထမအကျော့မှာတော့ ဖြစ်မလာနိုင်တော့ပါဘူး။ ပဲရစ်ကိုထွက်ခွာသွားတဲ့ မန်ယူ အသင်း ကစားသမားစာရင်းမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တိုက်စစ်မှူးကာဗာနီတို့ ကို ချန်လှပ်ထားခဲ့တာကြောင့်ပါပဲ။ ကာဗာနီဟာ မန်ယူအသင်းနဲ့ပူးပေါင်းပြီး လေ့ကျင့် ရေးဆင်းနေပြီဖြစ်ပေမယ့် ဒီပွဲမှာ နည်းပြဆိုးလ်ရှားက အသုံးမပြုသေးပါဘူး။

မက်ဂွိုင်းယားက ဂရိမှာဖြစ်ပွားခဲ့တဲ့ပြဿနာတွေနဲ့ မန်ယူအသင်းအပြင် အင်္ဂလန်အသင်းတို့မှာ ခြေစွမ်း ကျဆင်းနေတဲ့ပြဿနာတွေကြောင့် ဝေဖန်မှုတွေခံခဲ့ရတာပါ။ ပြီးခဲ့တဲ့နယူးကာဆယ်နဲ့ပွဲ မှာ တစ်ဂိုးသွင်းပြီး ပရိသတ်တွေရဲ့ဒေါသကို လျှော့ချနိုင်ခဲ့ပေမယ့် အခုလို ပီအက်စ်ဂျီနဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ သူ့ကို ဘာကြောင့်ချန်လှပ် ထားတာလဲဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။

လေ့လာသူတွေကတော့ မက်ဂွိုင်းယားရဲ့ ပွဲကစားဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုမရှိသေးတာကြောင့် ထားခဲ့ရတယ်လို့ ထင်ကြေးပေးနေ ပြီး ကာဗာနီကလည်း အသင်းနဲ့ပူးပေါင်းလေ့ကျင့်ချိန်နည်းသေးလို့ မခေါ်သွားတာလို့ ယူဆနေကြပါတယ်။

မန်ယူဟာ ပီအက်စ်ဂျီနဲ့ပြီးရင် ချဲလ်ဆီးနဲ့ လာမယ့်စနေညမှာ ပရီးမီးယားလိဂ်ပွဲကျပ်ကစားရဖို့ရှိနေပြီး ဒီပွဲမှာတော့ ကာဗာနီနဲ့ မက်ဂွိုင်းယား တို့ ၂ ယောက် စလုံးကို ထုတ်သုံးသွားဖွယ်ရှိနေပါတယ်။

ပီအက်စ်ဂျီနည်းပြ တူချယ်က ကာဗာနီနဲ့ပတ် သက်ပြီး “သူဟာ ဂိုးတွေသွင်းဖို့ မွေးဖွားလာတဲ့သူပါ။ ကမ္ဘာ့အကောင်းဆုံးကျောနံပါတ် ၉ တွေထဲက တစ်ယောက်ပါပဲ။ မန်ယူမှာလည်း လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်ကတည်းက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုး ဖို့ ငြင်းဆန်ခဲ့တဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ပါဝင်မကစားခဲ့ရပါဘူး။

ဒါ့အပြင် သူနဲ့ ပတ်သက်ပြီး အမ်ဘတ်ပီ ပြောခဲ့သလို ကာဗာနီဟာ သူတို့ထဲကတစ်ယောက်မဟုတ် တော့ဘူးဆိုတဲ့စကားအရ ပီအက်စ်ဂျီနဲ့ ကာဗာနီအကြားမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကာယကံရှင်ကိုယ်တိုင်ပဲ သိတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီနဲ႔ရင္ဆိုင္မယ့္ မန္ယူလူစာရင္းတြင္ ကာဗာနီနဲ႔ မက္ဂြိဳင္းယားတို႔ ခ်န္လွပ္ခံခဲ့ရ

ခ်န္ပီယံလိဂ္မွာ အုပ္စုက်ပ္ထဲက်ေရာက္ေနတဲ့ မန္ယူအသင္းဟာ ပြဲဦးထြက္ပြဲစဥ္အျဖစ္ မႏွစ္က ဗိုလ္လုပြဲတက္ခဲ့တ့ဲ ပီအက္စ္ဂ်ီနဲ႔ကစားရမွာပါ။ ဒီပြဲကို ကမာၻတစ္၀န္းက ပရိ သတ္ေတြ စိတ္၀င္စားေနတဲ့အေၾကာင္းအရာေတြထဲမွာ ပီအက္စ္ဂ်ီတိုက္စစ္မွဴးေဟာင္း ကာဗာနီလည္း မန္ယူက ေခၚယူထားတဲ့အတြက္ အသင္းေဟာင္းနဲ႔ ျပန္ရင္ဆိုင္ရမယ့္ပြဲ မွာ ဘယ္လိုကစားမလဲဆိုတာ ေစာင့္ၾကည့္ခ်င္တာလည္း ပါပါတယ္။

ဒါေပမဲ့ ဒီကိစၥဟာ အခုပထမအေက်ာ့မွာေတာ့ ျဖစ္မလာႏိုင္ေတာ့ပါဘူး။ ပဲရစ္ကိုထြက္ခြာသြားတဲ့ မန္ယူ အသင္း ကစားသမားစာရင္းမွာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားနဲ႔ တိုက္စစ္မွဴးကာဗာနီတုိ႔ ကို ခ်န္လွပ္ထားခဲ့တာေၾကာင့္ပါပဲ။ ကာဗာနီဟာ မန္ယူအသင္းနဲ႔ပူးေပါင္းၿပီး ေလ့က်င့္ ေရးဆင္းေနၿပီျဖစ္ေပမယ့္ ဒီပြဲမွာ နည္းျပဆိုးလ္ရွားက အသံုးမျပဳေသးပါဘူး။

မက္ဂြိဳင္းယားက ဂရိမွာျဖစ္ပြားခဲ့တဲ့ျပႆနာေတြနဲ႔ မန္ယူအသင္းအျပင္ အဂၤလန္အသင္းတို႔မွာ ေျခစြမ္း က်ဆင္းေနတဲ့ျပႆနာေတြေၾကာင့္ ေ၀ဖန္မႈေတြခံခဲ့ရတာပါ။ ၿပီးခဲ့တဲ့နယူးကာဆယ္နဲ႔ပြဲ မွာ တစ္ဂိုးသြင္းၿပီး ပရိသတ္ေတြရဲ႕ေဒါသကို ေလွ်ာ့ခ်ႏိုင္ခဲ့ေပမယ့္ အခုလို ပီအက္စ္ဂ်ီနဲ႔ အေရးႀကီးတဲ့ပြဲစဥ္မွာ အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ သူ႕ကို ဘာေၾကာင့္ခ်န္လွပ္ ထားတာလဲဆိုတာ မစဥ္းစားတတ္ေအာင္ပါပဲ။ ေလ့လာသူေတြကေတာ့ မက္ဂြိဳင္းယားရဲ႕ ပြဲကစားဖို႔ လံုေလာက္တဲ့ႀကံ့ခိုင္မႈမရွိေသးတာေၾကာင့္ ထားခဲ့ရတယ္လုိ႔ ထင္ေၾကးေပးေန ၿပီး ကာဗာနီကလည္း အသင္းနဲ႔ပူးေပါင္းေလ့က်င့္ခ်ိန္နည္းေသးလို႔ မေခၚသြားတာလို႔ ယူဆေနၾကပါတယ္။ မန္ယူဟာ ပီအက္စ္ဂ်ီနဲ႔ၿပီးရင္ ခ်ဲလ္ဆီးနဲ႔ လာမယ့္စေနညမွာ ပရီးမီးယားလိဂ္ပြဲက်ပ္ကစားရဖို႔ရွိေနၿပီး ဒီပြဲမွာေတာ့ ကာဗာနီနဲ႔ မက္ဂြိဳင္းယား တုိ႔ ၂ ေယာက္ စလံုးကို ထုတ္သံုးသြားဖြယ္ရွိေနပါတယ္။

ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္က ကာဗာနီနဲ႔ပတ္ သက္ၿပီး “သူဟာ ဂိုးေတြသြင္းဖို႔ ေမြးဖြားလာတဲ့သူပါ။ ကမာၻ႕အေကာင္းဆံုးေက်ာနံပါတ္ ၉ ေတြထဲက တစ္ေယာက္ပါပဲ။ မန္ယူမွာလည္း လက္ရွိအခ်ိန္မွာ ကမာၻ႕အေကာင္းဆံုး အသင္းေတြထဲက တစ္သင္းပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ ကာဗာနီဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတုိင္ခင္ကတည္းက ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိး ဖို႔ ျငင္းဆန္ခဲ့တဲ့သူျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း ပါ၀င္မကစားခဲ့ရပါဘူး။

ဒါ့အျပင္ သူနဲ႔ ပတ္သက္ၿပီး အမ္ဘတ္ပီ ေျပာခဲ့သလို ကာဗာနီဟာ သူတို႔ထဲကတစ္ေယာက္မဟုတ္ ေတာ့ဘူးဆိုတဲ့စကားအရ ပီအက္စ္ဂ်ီနဲ႔ ကာဗာနီအၾကားမွာ ဘာေတြျဖစ္ခဲ့သလဲဆိုတာ ကာယကံရွင္ကိုယ္တိုင္ပဲ သိေတာ့မွာပါ။