သမိုင်းဝင်ဆုံးဖြတ်ချက်အမှားကို အက်ဖ်အေချခဲ့တယ်လို့ ဝေဖန်နေကြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မာဆေးဆိုက်ဒါဘီပွဲတုန်းက လီဗာပူးနောက်ခံလူ ဗန်ဒိုက်ချ်ကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို ဗီဒီယိုမှတ်တမ်းပြန်ကြည့်ပြီး ပြစ်ဒဏ်ချဖို့ အစီအစဉ်မရှိကြောင်း အက်ဖ်အေက အတည်ပြုထုတ်ပြန်လိုက်ရာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေး ကော်မတီဟာ ဆုံးဖြတ်ချက်အမှားကြီး တစ်ရပ်ကို ချလိုက်တယ်လို့ ဝေဖန်လာကြပါတယ်။

ဗန်ဒိုက်ချ်ကို ခြေစုံပစ်ဝင်ပြီး ပစ်ဖို့ဒ် ဖျက်ထုတ်ချိန်မှာ ဘောလုံးကို ရည်ရွယ်ဖျက်ထုတ်တာလို့ ပြောရလောက်အောင်အထိ ဗန်ဒိုက်ချ်ဟာ ဘောလုံးနဲ့အတူ ရှိမနေခဲ့ပါဘူး။ စကိုင်းစပေါ့ပ်မှာ ဘောလုံးပွဲသုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ လီဗာပူးကစားသမားနဲ့နည်းပြဟောင်း ဂရေမီဆောင်းနက်စ်က ကစားသမားဘဝပျက်သွားနိုင်လောက်တဲ့ ဒီဖျက်ထုတ်မှုကို အရေးမယူခဲ့တာဟာ ဆော်ကားမှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ စပါးကွင်းလယ်လူဟောင်း ရွိုင်ယန်မေဆင်ကလည်း ရည်ရွယ်ချက်ရှိရှိ ခြေထောက်ချိုးတဲ့လုပ်ရပ်တစ်ခုလို့တောင် ဝေဖန်ပါတယ်။

ဒါပေမယ့် တနင်္လာနေ့ နံနက်ပိုင်းက အဖ်အေရဲ့ထုတ်ပြန်ချက်မှာ ပစ်ဖို့ဒ်ရဲ့လုပ်ရပ်ကို ပြန်လည်သုံးသပ်ပြီး ပြစ်ဒဏ်ပေးမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ အက်ဖ်အေရဲ့ ပြန်လည်သုံးသပ်တဲ့ပြီး ပြစ်ဒဏ်ချတဲ့ပေါ်လစီဟာ ပွဲတစ်ပွဲအတွင်း ဒိုင်လူကြီး၊ စည်းကြပ်ဒိုင် နဲ့ VAR တို့က မမြင်ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေကိုပဲ ထည့်သွင်းစဉ်းစားတာဖြစ်တယ်လို့ ဆိုပါတယ်။

အခု ပစ်ဖို့ဒ်ရဲ့ဖျက်ထုတ်မှုကိုတော့ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာရော VARဒိုင်ကပါ ပွဲအတွင်း အကြိမ်ကြိမ် ပြန်ကြည့်ပြီးမှ အနီကတ်မပြခဲ့တာဖြစ်လို့ အက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေနဲ့ ပြန်လည်သုံးသပ်ပြီးပြစ်ဒဏ်ပေးတဲ့ မူဝါဒကို သုံးဖို့ မလိုကြောင်း ဆိုပါတယ်။

ဒါကြောင့် ဘောလုံးပရိသတ်တစ်ဦးက “ကျွန်တော့်ဘဝတစ်လျှောက် မြင်ဖူးခဲ့သမျှထဲမှာ အဆိုးဆုံးဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ပါတယ်။ ဒါကို ပြစ်ဒဏ်ဘော မဟုတ်ဘူးလို့ ထင်နေသူတွေဟာ ဘယ်လိုပွဲကြည့်ပရိသတ်တွေဖြစ်မလဲမသိပါဘူး”လို့ တွစ်တာမှာ ပို့စ်တင်ဝေဖန်ခဲ့ပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ ဒီဖြစ်ရပ်ကို ဒိုင်တွေ ဘယ်လိုကြောင့်များ အရေးယူဖို့ ပျက်ကွက်သွားတာလဲမသိဘူး။ ရယ်စရာပါပဲ”လို့ တွစ်တာမှာ ပို့စ်တင်ခဲ့ပါတယ်။

ဗန်ဒိုက်ချ်ဟာပွဲပြီးတာနဲ့တစ်ပြိုင်တည်း လီဗာပူးမြို့က ဆေးရုံတစ်ရုံကို ချက်ချင်းသွားပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ခံယူရာမှာ ဒူးအရွတ်ထိခိုက်သွားကြောင်း သိခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သမိုင္း၀င္ဆံုးျဖတ္ခ်က္အမွားကို အက္ဖ္ေအခ်ခဲ့တယ္လို႔ ေ၀ဖန္ေနၾက

မာေဆးဆိုက္ဒါဘီပြဲတုန္းက လီဗာပူးေနာက္ခံလူ ဗန္ဒိုက္ခ်္ကို ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္ခဲ့တဲ့ အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္ကို ဗီဒီယိုမွတ္တမ္းျပန္ၾကည့္ၿပီး ျပစ္ဒဏ္ခ်ဖို႔ အစီအစဥ္မရွိေၾကာင္း အက္ဖ္ေအက အတည္ျပဳထုတ္ျပန္လုိက္ရာ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ အက္ဖ္ေအစည္းကမ္းထိန္းသိမ္းေရး ေကာ္မတီဟာ ဆံုးျဖတ္ခ်က္အမွားႀကီး တစ္ရပ္ကို ခ်လိုက္တယ္လို႔ ေ၀ဖန္လာၾကပါတယ္။

ဗန္ဒိုက္ခ်္ကို ေျခစံုပစ္၀င္ၿပီး ပစ္ဖို႔ဒ္ ဖ်က္ထုတ္ခ်ိန္မွာ ေဘာလံုးကို ရည္ရြယ္ဖ်က္ထုတ္တာလို႔ ေျပာရေလာက္ေအာင္အထိ ဗန္ဒိုက္ခ်္ဟာ ေဘာလံုးနဲ႔အတူ ရွိမေနခဲ့ပါဘူး။ စကိုင္းစေပါ့ပ္မွာ ေဘာလံုးပြဲသံုးသပ္သူအျဖစ္ေဆာင္ရြက္ေနတဲ့ လီဗာပူးကစားသမားနဲ႔နည္းျပေဟာင္း ဂေရမီေဆာင္းနက္စ္က ကစားသမားဘ၀ပ်က္သြားႏိုင္ေလာက္တဲ့ ဒီဖ်က္ထုတ္မႈကို အေရးမယူခ့ဲတာဟာ ေဆာ္ကားမႈတစ္ရပ္ျဖစ္တယ္လို႔ ဆိုပါတယ္။ စပါးကြင္းလယ္လူေဟာင္း ရြိဳင္ယန္ေမဆင္ကလည္း ရည္ရြယ္ခ်က္ရွိရွိ ေျခေထာက္ခ်ိဳးတဲ့လုပ္ရပ္တစ္ခုလို႔ေတာင္ ေ၀ဖန္ပါတယ္။

ဒါေပမယ့္ တနလၤာေန႔ နံနက္ပိုင္းက အဖ္ေအရဲ႕ထုတ္ျပန္ခ်က္မွာ ပစ္ဖို႔ဒ္ရဲ႕လုပ္ရပ္ကို ျပန္လည္သံုးသပ္ၿပီး ျပစ္ဒဏ္ေပးမွာမဟုတ္ဘူးလို႔ အတည္ျပဳထားပါတယ္။ အက္ဖ္ေအရဲ႕ ျပန္လည္သံုးသပ္တဲ့ၿပီး ျပစ္ဒဏ္ခ်တဲ့ေပၚလစီဟာ ပြဲတစ္ပြဲအတြင္း ဒိုင္လူႀကီး၊ စည္းၾကပ္ဒိုင္ နဲ႔ VAR တို႔က မျမင္ခဲ့တဲ့ ျဖစ္ရပ္မ်ိဳးေတြကိုပဲ ထည့္သြင္းစဥ္းစားတာျဖစ္တယ္လို႔ ဆိုပါတယ္။ အခု ပစ္ဖို႔ဒ္ရဲ႕ဖ်က္ထုတ္မႈကိုေတာ့ ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာေရာ VARဒိုင္ကပါ ပဲြအတြင္း အႀကိမ္ႀကိမ္ ျပန္ၾကည့္ၿပီးမွ အနီကတ္မျပခဲ့တာျဖစ္လို႔ အက္ဖ္ေအ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီအေနနဲ႔ ျပန္လည္သံုးသပ္ၿပီးျပစ္ဒဏ္ေပးတဲ့ မူ၀ါဒကို သံုးဖို႔ မလိုေၾကာင္း ဆိုပါတယ္။

ဒါေၾကာင့္ ေဘာလံုးပရိသတ္တစ္ဦးက “ကၽြန္ေတာ့္ဘ၀တစ္ေလွ်ာက္ ျမင္ဖူးခဲ့သမွ်ထဲမွာ အဆိုးဆံုးဆံုးျဖတ္ခ်က္တစ္ရပ္ျဖစ္ပါတယ္။ ဒါကို ျပစ္ဒဏ္ေဘာ မဟုတ္ဘူးလို႔ ထင္ေနသူေတြဟာ ဘယ္လိုပြဲၾကည့္ပရိသတ္ေတြျဖစ္မလဲမသိပါဘူး”လို႔ တြစ္တာမွာ ပို႔စ္တင္ေ၀ဖန္ခဲ့ပါတယ္။ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “ ဒီျဖစ္ရပ္ကို ဒိုင္ေတြ ဘယ္လိုေၾကာင့္မ်ား အေရးယူဖို႔ ပ်က္ကြက္သြားတာလဲမသိဘူး။ ရယ္စရာပါပဲ”လို႔ တြစ္တာမွာ ပို႔စ္တင္ခဲ့ပါတယ္။

ဗန္ဒိုက္ခ်္ဟာပြဲၿပီးတာနဲ႔တစ္ၿပိဳင္တည္း လီဗာပူးၿမိဳ႕က ေဆးရံုတစ္ရံုကို ခ်က္ခ်င္းသြားၿပီး လိုအပ္တဲ့ ေဆးစစ္မႈေတြ ခံယူရာမွာ ဒူးအရြတ္ထိခုိက္သြားေၾကာင္း သိခဲ့ရပါတယ္။