ပီအက်စ်ဂျီနဲ့ကစားရမယ့်ပွဲမှာ ဘရူနိုဖာနန်ဒက်ကို ယာယီအသင်းခေါင်းဆောင် အဖြစ် ဆိုးလ်းရှားခန်ံအပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီနဲ့ကစားရမယ့်ပွဲမှာ ဒဏ်ရာကြောင့် ကျန်ရစ်နေခဲ့တဲ့ မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင်တာဝန်ကို ဆိုးလ်းရှားက ဖာနန်ဒက်စ်ကို တာဝန်ပေးသွားမယ်လို့ သိရပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို Parc des Princes ဟော်တယ်မှာပဲ Zoom နဲ့ ပြုလုပ်ခဲ့ရာက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ဆိုးလ်ရှားက ဖြေဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ နယူးကာဆယ်ကို အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ကြွက်သားဒဏ်ရာကြောင့် ပြင်သစ်ကိုထွက်ခွာသွားတဲ့ အသင်းလူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ ကာဗာနီလည်း ပဲရစ်နဲ့ပွဲမှာပါဝင်လာမယ်လို့မျှော်လင်ခဲ့ပေမယ့် ပြင်သစ်ကိုခေါ်ဆောင်သွားတဲ့လူစာရင်းမှာတော့ ကျန်နေရစ်ခဲ့ပါတယ်။ ဆိုးလ်ရှားက ဗန်ဒီဘိနဲ့တဲလက်စ်၊ မာတာ တို့အပါအဝင် ကျန်အဓိကကစားသမားတွေကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီပွဲမှာ ဗန်ဒီဘိ၊ တဲလက်စ် နဲ့ မာတာတို့ ပွဲထွက်ခွင့်ရမယ်လို့လည်းခန့်မှန်းနေကြပါတယ်။

အသင်းခေါင်းဆောင်မက်ဂွိုင်းယား ဒဏ်ရာကြောင့် ကျန်ရစ်နေခဲ့ပြီးနောက် ပရိသတ်အများစုက အသင်းခေါင်းဆောင်တာဝန်ကို ဒီဂေးယား နဲ့ ပေါ့ဘာတစ်ဦးဦးကိုတာဝန်ပေး လိမ့်မယ်လို့ထင်မှတ်ထားကြပေမယ့် စပိုးတင်းလစ်စဘွန်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဖာနန်ဒက်စ်ကို ဆိုးလ်ရှားက မနက်ဖန်ပွဲရဲ့ အသင်းခေါင်းဆောင်အဖြစ်တာဝန်ပေးအပ်ခဲ့ပါတယ်။

“ပဲရစ်နဲ့ ကစားရမယ့်ပွဲမှာ မက်ဂွိုင်းယားမပါဘူးဆိုတော့ အသင်းခေါင်းဆောင်က ဘယ်သူဖြစ်လာမှာလဲ” လို့ မီဒီယာတွေက မေးမြန်းခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ဖာနန်ဒက်စ်နဲ့ ဘေးချင်းယှဉ်ထိုင်နေခဲ့ပြီး ဒီမေးခွန်းကို ဖြေဆိုစဉ်မှာဆိုးလ်းရှားက “အသင်းခေါင်းဆောင်က ကျွန်တော်႔ဘေးမှာထိုင်နေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်ကိုယ်တိုင်လည်း ဆိုးလ်ရှားရဲ့ အဖြေအတွက် အံ့အားသင့်ခဲ့ရပြီး သူဘယ်လိုမှ မျှော်လင့်မထားခဲ့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ Zoomနဲ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကနေ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတဲ့ ပထမဆုံးဘောလုံးသမားဖြစ်လာပါတယ်။

“ဒီကိစ္စကို ကျွန်တော်မထင်ထားဘူး။ နည်းပြကအားလုံးအရှေ့မှာပြောသွားတာဆိုတော့ ဒီသတင်းကို ကျွန်တော် လည်းခင်ဗျားတို့နဲ့မှအတူတူသိရတာပါ။ ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်ဖြစ်ရတာဟာကျွန်တော့်အတွက်အရေးပါတဲ့အောင်မြင်မှုပါ”


“ဒါပေမယ့် ကျွန်တော်သေချာပြောချင်တာက မနက်ဖန်ပွဲမှာ လူတိုင်းက အသင်းရဲ့ ခေါင်းဆောင်တွေပါပဲ။ လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အသင်းအောင်နိုင်ဖို့ ကူညီပေးနိုင်တဲ့သူတွေဖြစ်ဖို့ လိုအပ်တယ်။ ကစားသမားတစ်ယောက်နဲ့တစ်ယောက် ဦးဆောင်နိုင်တဲ့အရည်အသွေးချင်းမတူပါဘူး။ မနက်ဖန်ပွဲက ကျနော့်အကြောင်းမဟုတ်ပါဘူး၊ အသင်းအတွက်ပါပဲ” လို့ ဖာနန်ဒက်စ်က ပြောဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီနဲ႔ကစားရမယ့္ပြဲမွာ ဘရူႏိုဖာနန္ဒက္ကို ယာယီအသင္းေခါင္းေဆာင္ အျဖစ္ ဆိုးလ္းရွားခန္ံအပ္

ပီအက္စ္ဂ်ီနဲ႔ကစားရမယ့္ပြဲမွာ ဒဏ္ရာေၾကာင့္ က်န္ရစ္ေနခဲ့တဲ့ မက္ဂြိဳင္းယားရဲ႕ အသင္းေခါင္းေဆာင္တာဝန္ကို ဆိုးလ္းရွားက ဖာနန္ဒက္စ္ကို တာဝန္ေပးသြားမယ္လို႔ သိရပါတယ္။ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲကို Parc des Princes ေဟာ္တယ္မွာပဲ Zoom နဲ႔ ျပဳလုပ္ခဲ့ရာက မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ေတြကို ဆိုးလ္ရွားက ေျဖဆိုသြားခဲ့တာလည္းျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ နယူးကာဆယ္ကို အႏိုင္ရတဲ့ပြဲမွာ အသင္းအတြက္ ေခ်ပဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ႂကြက္သားဒဏ္ရာေၾကာင့္ ျပင္သစ္ကိုထြက္ခြာသြားတဲ့ အသင္းလူစာရင္းမွာ မပါဝင္ခဲ့ပါဘူး။ ကာဗာနီလည္း ပဲရစ္နဲ႔ပြဲမွာပါဝင္လာမယ္လို႔ေမွ်ာ္လင္ခဲ့ေပမယ့္ ျပင္သစ္ကိုေခၚေဆာင္သြားတဲ့လူစာရင္းမွာေတာ့ က်န္ေနရစ္ခဲ့ပါတယ္။ ဆိုးလ္ရွားက ဗန္ဒီဘိနဲ႔တဲလက္စ္၊ မာတာ တို႔အပါအဝင္ က်န္အဓိကကစားသမားေတြကို ေခၚေဆာင္သြားခဲ့ပါတယ္။ ဒီပြဲမွာ ဗန္ဒီဘိ၊ တဲလက္စ္ နဲ႔ မာတာတို႔ ပြဲထြက္ခြင့္ရမယ္လို႔လည္းခန႔္မွန္းေနၾကပါတယ္။ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယား ဒဏ္ရာေၾကာင့္ က်န္ရစ္ေနခဲ့ၿပီးေနာက္ ပရိသတ္အမ်ားစုက အသင္းေခါင္းေဆာင္ေနရာကို ဒီေဂးယား နဲ႔ ေပါ့ဘာတစ္ဦးဦးကိုတာဝန္ေပး လိမ့္မယ္လို႔ထင္မွတ္ထားၾကေပမယ့္ စပိုးတင္းလစ္စဘြန္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း ဖာနန္ဒက္စ္ကို ဆိုးလ္ရွားက မနက္ဖန္ပြဲရဲ႕ အသင္းေခါင္းေဆာင္အျဖစ္တာဝန္ေပးအပ္ခဲ့ပါတယ္။

“ပဲရစ္နဲ႔ ကစားရမယ့္ပြဲမွာ မက္ဂြိဳင္းယားမပါဘူးဆိုေတာ့ အသင္းေခါင္းေဆာင္က ဘယ္သူျဖစ္လာမွာလဲ” လို႔ မီဒီယာေတြက ေမးျမန္းခဲ့ပါတယ္။ ဆိုးလ္ရွားဟာ ဖာနန္ဒက္စ္နဲ႕ ေဘးခ်င္းယွဥ္ထိုင္ေနခဲ့ၿပီး ဒီေမးခြန္းကို ေျဖဆိုစဥ္မွာဆိုးလ္းရွားက “အသင္းေခါင္းေဆာင္က ကြၽန္ေတာ့္ ေဘးမွာထိုင္ေနပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။ ဖာနန္ဒက္စ္ကိုယ္တိုင္လည္း ဆိုးလ္ရွားရဲ႕ အေျဖအတြက္ အံ့အားသင့္ခဲ့ရၿပီး သူဘယ္လိုမွ ေမွ်ာ္လင့္မထားခဲ့ဘူးလို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ Zoomနဲ႕ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲကေန အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခံရတဲ့ ပထမဆုံးေဘာလုံးသမားျဖစ္လာပါတယ္။

“ဒီကိစၥကို ကြၽန္ေတာ္မထင္ထားဘူး။ နည္းျပကအားလုံးအေရွ႕မွာေျပာသြားတာဆိုေတာ့ ဒီသတင္းကို ကြၽန္ေတာ္ လည္းခင္ဗ်ားတို႔နဲ႔မွအတူတူသိရတာပါ။ ဂုဏ္ယူစရာတစ္ခုျဖစ္ခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ရဲ႕အသင္းေခါင္းေဆာင္ျဖစ္ရတာဟာကြၽန္ေတာ့္အတြက္အေရးပါတဲ့ေအာင္ျမင္မႈပါ”
“ဒါေပမယ့္ ကြၽန္ေတာ္ေသခ်ာေျပာခ်င္တာက မနက္ဖန္ပြဲမွာ လူတိုင္းက အသင္းရဲ႕ ေခါင္းေဆာင္ေတြပါပဲ။ လူတိုင္းက ကိုယ့္နည္းကိုယ့္ဟန္နဲ႔ အသင္းေအာင္ႏိုင္ဖို႔ ကူညီေပးႏိုင္တဲ့သူေတြျဖစ္ဖို႔ လိုအပ္တယ္။ ကစားသမားတစ္ေယာက္နဲ႔တစ္ေယာက္ ဦးေဆာင္ႏိုင္တဲ့အရည္အေသြးခ်င္းမတူပါဘူး။ မနက္ဖန္ပြဲက က်ေနာ့္အေၾကာင္းမဟုတ္ပါဘူး၊ အသင္းအတြက္ပါပဲ” လို႔ ဖာနန္ဒက္စ္က ေျပာဆိုသြားခဲ့ပါတယ္။