ဥရောပအကောင်းဆုံးကလပ်အသင်းတွေပါဝင်မယ့် ပေါင် ၄.၆ ဘီလီယံတန်ကြေးရှိ ဥရောပပရီးမီးယားလိဂ်ပြိုင်ပွဲ အကောင်အထည်ဖော်ဖို့ မန်ယူနဲ့ လီဗာပူး ပြင်ဆင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်မှာ အသင်း ၁၈ သင်းအဖြစ်လျှော့ချပြီး အသင်းကြီး ၆ သင်း မျက်နှာသာ ရမယ့် အစီအစဉ်မဖြစ်မြောက်ခဲ့တဲ့နောက်ပိုင်းမှာ မန်ယူနဲ့ လီဗာပူးတို့ဟာ ပေါင် ၄.၆ ဘီလီယံတန်ကြေးရှိတဲ့ ဥရောပပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုကို အသက်သွင်းနိုင်ဖို့ ဖန် တီးနေပါတယ်။ အင်္ဂလန်ကလပ်အသင်း ၅ သင်းပါဝင်တဲ့ ဒီပြိုင်ပွဲမှာ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ လီဂူးတို့က အသင်းကြီးတွေလည်း ပါဝင်ဖို့ရှိပြီး ၂၀၂၂ မှာ အကောင် အထည်ဖော်နိုင်ဖို့ စီစဉ်နေတာပါ။

ငွေရှာတာတော်တဲ့ အမေရိကန်ပိုင်ရှင်တွေဖြစ်တဲ့ မန်ယူရဲ့ ဂလေဇာမိသားစုနဲ့ လီဗာပူးရဲ့ ဂျွန်ဟင်နရီတို့ဟာ ဒီအစီအစဉ်ကို အဓိကဦးဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ပုံစံမတူတဲ့ စူပါလိဂ်ပြိုင်ပွဲဖြစ်လာနိုင်ပြီး ဖီဖာရဲ့ထောက်ခံချက်ကိုရရှိထားတယ်လို့လည်း သိရပါတယ်။

ပြိုင်ပွဲပုံစံ အသစ်ထွင်လိုက်တဲ့ ဒီပြိုင်ပွဲကို ဥရောပထိပ်သီးလိဂ် ၅ ခုက ထိပ်တန်းအသင်းကြီးတွေပဲ ယှဉ်ပြိုင်ဖို့ရှိနေပြီး တရားဝင်ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေကြပြီပဲ ဖြစ်ပါတယ်။ ဒီလိဂ် ပြိုင်ပွဲဟာ လက်ရှိလိဂ်ပွဲစဉ်တွေရဲ့ဟန်ပန်အတိုင်း ကျင်းပဖို့များနေပြီး ရှုံးထွက်ပြိုင်ပွဲပုံစံ နဲ့ ဗိုလ်လုပွဲပုံစံတွေလည်းပါဝင်လာဖို့ ရှိနေပါတယ်။ ဒါမှလည်း ပြိုင်ပွဲကို ပရိသတ်စိတ်ဝင် စားမှုပိုများလာမှာဖြစ်ပြီး ဗိုလ်စွဲတဲ့အသင်းအနေနဲ့ ဆုကြေးအဖြစ် အနည်းဆုံးပေါင်သန်း ၁၀၀ အထိ အကျိုးခံစားခွင့်ရရှိနိုင်ဖို့ ရှိနေပါတယ်။ ဒီပမာဏဟာ အတော်လေးကို မက် လောက်တဲ့ပမာဏဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင်တောင် ဒီလောက်ထိ ဆု ကြေးရရှိဖို့မသေချာပါဘူး။

ဒီပြိုင်ပွဲအတွက် လိုအပ်တဲ့ ငွေကြေးဆိုင်ရာအထောက်အပံ့ ကို အမေရိကဝေါလ်စထရိက JP Morgan ဘဏ်က ထုတ်ချေးပေးသွားမယ်လို့လည်း သိရပါတယ်။ ဥရောပပရီးမီးယားလိဂ်ပြိုင်ပွဲဟာ လက်ရှိယူအီးအက်ဖ်အေရဲ့ အအောင် မြင်ဆုံးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ရဲ့နေရာကိုယူသွားနိုင်တဲ့ အနေအထားမျိုးအထိ ဖြစ်လာဖို့များနေပါတယ်။

ဒီလိဂ်ပြိုင်ပွဲရဲ့ အဓိကအချက်အလက်တွေကတော့ …

အက်ဖ်အေက ထောက်ခံချက်ပေးထားပြီး ချဲလ်ဆီး၊ စပါး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ ပါဝင်လာဖို့အတွက် လီဗာပူးနဲ့ မန်ယူတို့က တရားဝင်တိုင်ပင်ဆွေးနွေးနေပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ကနေ အများဆုံး ၅ သင်းပဲပါဝင်ရဖို့ရှိနေပြီး ပြင်သစ်၊ စပိန်၊ အီ တလီ၊ ဂျာမနီတို့က ကလပ်အသင်းတွေအပါအဝင် စုစုပေါင်း ၁၈ သင်းကို အိမ်ကွင်း၊ အဝေးကွင်းပုံစံမျိုးနဲ့ တစ်ရာသီလုံး ယှဉ်ပြိုင်ကစားဖို့ရည်ရွယ်ထားပါတယ်။ ထိပ်ပိုင်းမှာရပ်တည်နိုင်တဲ့အသင်းတွေအနေနဲ့ ရှုံးထွက်ပြိုင်ပွဲရဲ့ ချန်ပီယံဆုအတွက် ဆက်လက်ယှဉ်ပြိုင်ပြီး များပြားလှတဲ့ဆုငွေပမာဏကိုရရှိဖို့ အခွင့်အရေးရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဥေရာပအေကာင္းဆံုးကလပ္အသင္းေတြပါ၀င္မယ့္ ေပါင္ ၄.၆ ဘီလီယံတန္ေၾကးရွိ ဥေရာပပရီးမီးယားလိဂ္ၿပိဳင္ပြဲ အေကာင္အထည္ေဖာ္ဖို႔ မန္ယူနဲ႔ လီဗာပူး ျပင္ဆင္

ပရီးမီးယားလိဂ္မွာ အသင္း ၁၈ သင္းအျဖစ္ေလွ်ာ့ခ်ၿပီး အသင္းႀကီး ၆ သင္း မ်က္ႏွာသာ ရမယ့္ အစီအစဥ္မျဖစ္ေျမာက္ခဲ့တဲ့ေနာက္ပိုင္းမွာ မန္ယူနဲ႔ လီဗာပူးတို႔ဟာ ေပါင္ ၄.၆ ဘီလီယံတန္ေၾကးရွိတဲ့ ဥေရာပပရီးမီးယားလိဂ္ၿပိဳင္ပြဲတစ္ခုကို အသက္သြင္းႏိုင္ဖို႔ ဖန္ တီးေနပါတယ္။ အဂၤလန္ကလပ္အသင္း ၅ သင္းပါ၀င္တဲ့ ဒီၿပိဳင္ပြဲမွာ လာလီဂါ၊ စီးရီးေအ၊ ဘြန္ဒက္စ္လီဂါနဲ႔ လီဂူးတို႔က အသင္းႀကီးေတြလည္း ပါ၀င္ဖို႔ရွိၿပီး ၂၀၂၂ မွာ အေကာင္ အထည္ေဖာ္ႏိုင္ဖို႔ စီစဥ္ေနတာပါ။

ေငြရွာတာေတာ္တဲ့ အေမရိကန္ပိုင္ရွင္ေတြျဖစ္တဲ့ မန္ယူရဲ႕ ဂေလဇာမိသားစုနဲ႔ လီဗာပူးရဲ႕ ဂၽြန္ဟင္နရီတို႔ဟာ ဒီအစီအစဥ္ကို အဓိကဦးေဆာင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒါဟာ ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ပံုစံမတူတဲ့ စူပါလိဂ္ၿပိဳင္ပြဲျဖစ္လာႏိုင္ၿပီး ဖီဖာရဲ႕ေထာက္ခံခ်က္ကိုရရွိထားတယ္လုိ႔လည္း သိရပါတယ္။

ၿပိဳင္ပြဲပံုစံ အသစ္ထြင္လိုက္တဲ့ ဒီၿပိဳင္ပြဲကို ဥေရာပထိပ္သီးလိဂ္ ၅ ခုက ထိပ္တန္းအသင္းႀကီးေတြပဲ ယွဥ္ၿပိဳင္ဖို႔ရွိေနၿပီး တရား၀င္ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေနၾကၿပီပဲ ျဖစ္ပါတယ္။ ဒီလိဂ္ ၿပိဳင္ပြဲဟာ လက္ရွိလိဂ္ပြဲစဥ္ေတြရဲ႕ဟန္ပန္အတုိင္း က်င္းပဖို႔မ်ားေနၿပီး ရႈံးထြက္ၿပိဳင္ပြဲပံုစံ နဲ႔ ဗိုလ္လုပြဲပံုစံေတြလည္းပါ၀င္လာဖို႔ ရွိေနပါတယ္။ ဒါမွလည္း ၿပိဳင္ပြဲကို ပရိသတ္စိတ္၀င္ စားမႈပိုမ်ားလာမွာျဖစ္ၿပီး ဗိုလ္စြဲတဲ့အသင္းအေနနဲ႔ ဆုေၾကးအျဖစ္ အနည္းဆံုးေပါင္သန္း ၁၀၀ အထိ အက်ဳိးခံစားခြင့္ရရွိႏိုင္ဖုိ႔ ရွိေနပါတယ္။ ဒီပမာဏဟာ အေတာ္ေလးကို မက္ ေလာက္တဲ့ပမာဏျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ရင္ေတာင္ ဒီေလာက္ထိ ဆု ေၾကးရရွိဖို႔မေသခ်ာပါဘူး။

ဒီၿပိဳင္ပြဲအတြက္ လိုအပ္တဲ့ ေငြေၾကးဆိုင္ရာအေထာက္အပံ့ ကို အေမရိကေ၀ါလ္စထရိက JP Morgan ဘဏ္က ထုတ္ေခ်းေပးသြားမယ္လုိ႔လည္း သိရပါတယ္။ ဥေရာပပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ လက္ရွိယူအီးအက္ဖ္ေအရဲ႕ အေအာင္ ျမင္ဆံုးလိဂ္ၿပိဳင္ပြဲျဖစ္တဲ့ ခ်န္ပီယံလိဂ္ရဲ႕ေနရာကိုယူသြားႏိုင္တ့ဲ အေနအထားမ်ဳိးအထိ ျဖစ္လာဖို႔မ်ားေနပါတယ္။

ဒီလိဂ္ၿပိဳင္ပြဲရဲ႕ အဓိကအခ်က္အလက္ေတြကေတာ့ …

အက္ဖ္ေအက ေထာက္ခံခ်က္ေပးထားၿပီး ခ်ဲလ္ဆီး၊ စပါး၊ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ ပါ၀င္လာဖို႔အတြက္ လီဗာပူးနဲ႔ မန္ယူတို႔က တရား၀င္တိုင္ပင္ေဆြးေႏြးေနပါတယ္။ အဂၤလန္ပရီးမီးယားလိဂ္ကေန အမ်ားဆံုး ၅ သင္းပဲပါ၀င္ရဖို႔ရွိေနၿပီး ျပင္သစ္၊ စပိန္၊ အီ တလီ၊ ဂ်ာမနီတုိ႔က ကလပ္အသင္းေတြအပါအ၀င္ စုစုေပါင္း ၁၈ သင္းကို အိမ္ကြင္း၊ အေ၀းကြင္းပံုစံမ်ဳိးနဲ႔ တစ္ရာသီလံုး ယွဥ္ၿပိဳင္ကစားဖို႔ရည္ရြယ္ထားပါတယ္။ ထိပ္ပိုင္းမွာရပ္တည္ႏိုင္တဲ့အသင္းေတြအေနနဲ႔ ရႈံးထြက္ၿပိဳင္ပြဲရဲ႕ ခ်န္ပီယံဆုအတြက္ ဆက္လက္ယွဥ္ၿပိဳင္ၿပီး မ်ားျပားလွတဲ့ဆုေငြပမာဏကိုရရွိဖို႔ အခြင့္အေရးရွိေနပါတယ္။