ဘာပေကို အိတ်ကပ်ထဲ ထည့်ပြီး ခံစစ်ပိုင်းဆိုင်ရာ အဆင့်မြင့်သင်ခန်းစာတွေ ပို့ချသွားတဲ့ တွမ်ဇီဘီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူ အဆယ်တွမ်ဇီဘီဟာ ပီအက်စ်ဂျီကို ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက်ခံစစ်မှာ အထင်ပေါ်ဆုံးဖြစ်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ တွမ်ဇီဘီဟာ ဒီဇင်ဘာလနောက်ပိုင်း သူ့ရဲ့ပထမဆုံးပွဲအဖြစ် ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး ပွဲမကစားရတာ ဒီလောက်ကြာနေတာတောင်မှ ခံစစ်ပိုင်းသင်ခန်းစာတွေကို အဆင့်မြင့်မြင့်ပို့ချသွားခဲ့ပါတယ်။


ဒီပွဲမတိုင်ခင် သူ့ရဲ့နောက်ဆုံးပွဲက ကိုချက်စတာနဲ့ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲဖြစ်ပြီး ပီအက်စ်ဂျီနဲ့ပွဲမှာတော့ ကမ္ဘာ့အဆင့်တိုက်စစ်မှူး ဘာပေကို ထိန်းကစားခဲ့ရပါတယ်။ ဒါပေမဲ့ တွမ်ဇီဘီဟာ ရေပက်ဝင်မရအောင် သိပ်သည်းလွန်းတဲ့ခံစစ်ကို တည်ဆောက်ရင်း ဘာပေကို တစ်ပွဲလုံး လှုပ်မရအောင် ထိန်းချုပ်ကစားသွားပါတယ်။

တစ်ကြိမ်မှာ အန္တရာယ်ရှိလာနိုင်တဲ့အနေအထားကနေ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေဆွဲပြေးတာကို အပြေးအမြန်ဆုံးယူနိုက်တက်အသင်းသားတစ်ဦးဖြစ်တဲ့ တွမ်ဇီဘီက အမိအရတားဆီးနိုင်ခဲ့ပါတယ်။ ဒီနှစ်အတွင်း သူ့ရဲ့ပထမဆုံးပွဲမှာ တွမ်ဇီဘီ ဘယ်လောက်ကောင်းကောင်းကစားနိုင်ခဲ့လဲဆိုတာ အချက်အလက်တွေကို ကြည့်ရင် ပိုသိသာပါတယ်။

တွမ်ဇီဘီဟာ ပြိုင်ဘက်နဲ့အမြင့်ဘောယှဉ်လုရာမှာ ရာနှုန်းပြည့်အသာရခဲ့သလို ဘောလုံးပေးပို့ပုံတိကျမှု ၉၂ ရာခိုင်နှုန်းရှိပြီး စုစုပေါင်းရှင်းထုတ်မှု ၇ကြိမ်ရှိကာ နောက်ခံလူဖြစ်ပေမယ့် ပြစ်ဒဏ်ကျူးလွန်မှုက ၂ ကြိမ်ပဲရှိပါတယ်။ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က နောက်ကျအနိုင်ဂိုးသွင်းယူခဲ့ပေမယ့် တွမ်ဇီဘီကို ပရိသတ်တွေက ပိုသတိထားမိခဲ့ပြီး လူမှုမီဒီယာမှာ အသီးသီးချီးကျူးခဲ့ပါတယ်။

”ခံစစ်ပိုင်းအတွက် အိုလီရဲ့ပွဲထွက်စာရင်းမှာ တွမ်ဇီဘီက ပထမဆုံးနာမည်စာရင်းမှာပါသင့်ပါတယ်”။ ”တစ်နှစ်လောက်ပွဲမကစားရဘဲ ပြန်ကစားရတဲ့ပွဲမှာ ပီအက်စ်ဂျီတိုက်စစ်ကို ထိန်းရတဲ့နောက်ခံလူဆိုလို့ တွမ်ဇီဘီကလွဲလို့ တခြားနောက်ခံလူတွေ မရှိနိုင်ပါဘူး”။ ”ကျွန်တော်ကတော့ တွမ်ဇီဘီကို ရီယိုဖာဒီနန်လက်သစ်အဖြစ် သတ်မှတ်လိုက်ပြီ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာေပကို အိတ္ကပ္ထဲ ထည့္ၿပီး ခံစစ္ပိုင္းဆိုင္ရာ အဆင့္ျမင့္သင္ခန္းစာေတြ ပို႔ခ်သြားတဲ့ တြမ္ဇီဘီ

ယူႏိုက္တက္ေနာက္ခံလူ အဆယ္တြမ္ဇီဘီဟာ ပီအက္စ္ဂ်ီကို ၁-၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး ယူႏိုက္တက္ခံစစ္မွာ အထင္ေပၚဆုံးျဖစ္ခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ရွိ တြမ္ဇီဘီဟာ ဒီဇင္ဘာလေနာက္ပိုင္း သူ႔ရဲ႕ပထမဆုံးပြဲအျဖစ္ ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ၿပီး ပြဲမကစားရတာ ဒီေလာက္ၾကာေနတာေတာင္မွ ခံစစ္ပိုင္းသင္ခန္းစာေတြကို အဆင့္ျမင့္ျမင့္ပို႔ခ်သြားခဲ့ပါတယ္။

ဒီပြဲမတိုင္ခင္ သူ႔ရဲ႕ေနာက္ဆုံးပြဲက ကိုခ်က္စတာနဲ႔ကစားခဲ့တဲ့ ကာရာေဘာင္ဖလားပြဲျဖစ္ၿပီး ပီအက္စ္ဂ်ီနဲ႔ပြဲမွာေတာ့ ကမာၻ႔အဆင့္တိုက္စစ္မႉး ဘာေပကို ထိန္းကစားခဲ့ရပါတယ္။ ဒါေပမဲ့ တြမ္ဇီဘီဟာ ေရပက္ဝင္မရေအာင္ သိပ္သည္းလြန္းတဲ့ခံစစ္ကို တည္ေဆာက္ရင္း ဘာေပကို တစ္ပြဲလုံး လႈပ္မရေအာင္ ထိန္းခ်ဳပ္ကစားသြားပါတယ္။

တစ္ႀကိမ္မွာ အႏၲရာယ္ရွိလာႏိုင္တဲ့အေနအထားကေန ပီအက္စ္ဂ်ီတိုက္စစ္မႉး ဘာေပဆြဲေျပးတာကို အေျပးအျမန္ဆုံးယူႏိုက္တက္အသင္းသားတစ္ဦးျဖစ္တဲ့ တြမ္ဇီဘီက အမိအရတားဆီးႏိုင္ခဲ့ပါတယ္။ ဒီႏွစ္အတြင္း သူ႔ရဲ႕ပထမဆုံးပြဲမွာ တြမ္ဇီဘီ ဘယ္ေလာက္ေကာင္းေကာင္းကစားႏိုင္ခဲ့လဲဆိုတာ အခ်က္အလက္ေတြကို ၾကည့္ရင္ ပိုသိသာပါတယ္။

တြမ္ဇီဘီဟာ ၿပိဳင္ဘက္နဲ႔အျမင့္ေဘာယွဥ္လုရာမွာ ရာႏႈန္းျပည့္အသာရခဲ့သလို ေဘာလုံးေပးပို႔ပုံတိက်မႈ ၉၂ ရာခိုင္ႏႈန္းရွိၿပီး စုစုေပါင္းရွင္းထုတ္မႈ ၇ႀကိမ္ရွိကာ ေနာက္ခံလူျဖစ္ေပမယ့္ ျပစ္ဒဏ္က်ဴးလြန္မႈက ၂ ႀကိမ္ပဲရွိပါတယ္။ တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္က ေနာက္က်အႏိုင္ဂိုးသြင္းယူခဲ့ေပမယ့္ တြမ္ဇီဘီကို ပရိသတ္ေတြက ပိုသတိထားမိခဲ့ၿပီး လူမႈမီဒီယာမွာ အသီးသီးခ်ီးက်ဴးခဲ့ပါတယ္။

”ခံစစ္ပိုင္းအတြက္ အိုလီရဲ႕ပြဲထြက္စာရင္းမွာ တြမ္ဇီဘီက ပထမဆုံးနာမည္စာရင္းမွာပါသင့္ပါတယ္”။ ”တစ္ႏွစ္ေလာက္ပြဲမကစားရဘဲ ျပန္ကစားရတဲ့ပြဲမွာ ပီအက္စ္ဂ်ီတိုက္စစ္ကို ထိန္းရတဲ့ေနာက္ခံလူဆိုလို႔ တြမ္ဇီဘီကလြဲလို႔ တျခားေနာက္ခံလူေတြ မရွိႏိုင္ပါဘူး”။ ”ကြၽန္ေတာ္ကေတာ့ တြမ္ဇီဘီကို ရီယိုဖာဒီနန္လက္သစ္အျဖစ္ သတ္မွတ္လိုက္ၿပီ”လို႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။